ဟေရှာယ 46:11 - မြန်မာ့စံမီသမ္မာကျမ်း11 အရှေ့အရပ်မှ အသားစားငှက်ကို ငါခေါ်ခဲ့မည်။ ဝေးလံသောအရပ်မှ ငါ့အကြံအစည်ကို ပြည့်စုံစေသောသူအား ငါခေါ်ခဲ့မည်။ ငါမိန့်ဆိုပြီ၊ အကယ်စင်စစ် ငါဖြစ်စေမည်။ ငါကြံရွယ်ပြီ၊ အကယ်စင်စစ် ငါပြုမည်။ အခန်းကိုကြည့်ပါ။Common Language Bible11 ငါသည်အရှေ့အရပ်မှလူတစ်ဦးကိုခေါ် ယူမည်။ သူသည်စွန်ရဲကဲ့သို့ထိုးဆင်းလာပြီးလျှင် ငါကြံစည်ထားသည့်အမှုတို့ကိုဆောင်ရွက် ပေးလိမ့်မည်။ ဤကားငါမြွက်ဆိုသည့်စကားဖြစ်၍ဤ အတိုင်း ဖြစ်ပျက်ရလိမ့်မည်။ အခန်းကိုကြည့်ပါ။Garrad Bible11 အ လို တော် အ တိုင်း ပြီး မြောက် စေ ရန်၊ ဝေး ကွာ သော အ ရှေ့ မျက် နှာ မှ၊ ငှက် ရဲ သ ဖွယ် ဖြစ် သူ့ အား ခေါ် ခြင်း များ ကို ငါ ပြု၏။ မု ချ အား ဖြင့်၊ ငါ မိန့် ခဲ့ သည့် အ တိုင်း ဖြစ် စေ လိမ့် မည်။ ပြ ဌာန်း ခဲ့ သည့် အ တိုင်း စီ ရင် လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible11 ဝေးသောအရပ်၊ အရှေ့မျက်နှာမှ ငါ၏လက်ထောက်တည်းဟူသော ငှက်ရဲကို ခေါ်လျက်၊ ငါသည် ဘုရားသခင်ဖြစ်၏။ ငါနှင့်တူသောသူ မည်မျှမရှိ။ ငါသည် နှုတ်ထွက်အတိုင်းပြုမည်။ ကြံသည်အတိုင်း စီရင်မည်။ အခန်းကိုကြည့်ပါ။ |
ဖြောင့်မတ်သောသူကို အရှေ့အရပ်မှ ပေါ်ထွန်းစေသောသူကား မည်သူနည်း။ သူ့ထံ လူမျိုးတကာတို့ကို အပ်နှံသောသူ၊ သူ့အား ရှင်ဘုရင်တို့ကို အုပ်စိုးရသောအခွင့် ပေးသောသူကား မည်သူနည်း။ ထိုသူတို့ကို သူ၏ဓားဖြင့် မြေမှုန့်ကဲ့သို့ဖြစ်စေ၍ သူ၏လေးဖြင့် ဖွဲကဲ့သို့လွင့်စေသောသူကား မည်သူနည်း။
ကုရုမင်းကြီးနှင့်ပတ်သက်၍ ‘သူသည် ငါ၏သိုးထိန်းဖြစ်၍ ငါ့အလိုဆန္ဒရှိသမျှကို သူပြည့်စုံစေမည်’ဟု ငါမိန့်ဆို၏။ ဂျေရုဆလင်မြို့နှင့်ပတ်သက်၍ ‘ထိုမြို့ကို တည်ဆောက်ကြလိမ့်မည်’၊ ဗိမာန်တော်နှင့်ပတ်သက်၍ ‘ဗိမာန်တော်ကို အုတ်မြစ်ချကြလိမ့်မည်’ဟု ငါမိန့်ဆို၏”ဟူ၍ မိန့်တော်မူ၏။
ငါကိုယ်တော်တိုင် ကုရုမင်းကြီးကို ဖြောင့်မတ်ခြင်းအတွက် နိုးထစေပြီ။ သူသွားရာလမ်းရှိသမျှကို ဖြောင့်ဖြူးစေမည်။ သူသည် ငါ၏မြို့ကို ပြန်လည်တည်ဆောက်လိမ့်မည်။ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသောငါ့လူတို့ကို အဖိုးအခ၊ တံစိုးလက်ဆောင်မယူဘဲ လွှတ်လိမ့်မည်”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
ဘေဘီလုံမြို့ကိုတိုက်ခိုက်ရန် လေးပစ်ကျွမ်းသောလေးသည်တော်အပေါင်းတို့ကို ခေါ်ကြ။ မြို့ပတ်ပတ်လည်၌ တပ်ချကြ။ ထိုမြို့သည် အစ္စရေးလူမျိုး၏သန့်ရှင်းသောအရှင် ထာဝရဘုရားကို ဆန့်ကျင်သည်ဖြစ်၍ ထိုမြို့ပြုခဲ့သမျှအတိုင်း ပြန်၍ပြုကြ။ ထိုမြို့ကျင့်သည့်အတိုင်း ပြန်ပေးဆပ်စေ။ မည်သူမျှ မလွတ်မြောက်စေနှင့်။
ကြည့်ရှုလော့။ ရန်သူသည် ခြင်္သေ့ကဲ့သို့ ဂျော်ဒန်တောအုပ်မှ စိမ်းလန်းသောစားကျက်မြေသို့တက်လာသောအခါ ထိုပြည်သားတို့ကို ထိုပြည်မှ ငါရုတ်ချည်းထွက်ပြေးစေမည်။ ငါရွေးချယ်သောသူကို ထိုပြည်၌ ငါခန့်ထားမည်။ မည်သူသည် ငါနှင့်တူသနည်း။ မည်သူသည် ငါ့ကိုစိန်ခေါ်ဝံ့သနည်း။ မည်သည့်သိုးထိန်းသည် ငါ့ကိုဆန့်ကျင်ပြီး ရပ်တည်နိုင်သနည်း”ဟု မိန့်တော်မူ၏။
ထို့ကြောင့် ဘေဘီလုံမြို့ကိုဆန့်ကျင်၍ ထာဝရဘုရား ကြံစည်ထားသောအကြံအစည်၊ ခါလဒဲပြည်သားတို့ကိုဆန့်ကျင်၍ ရည်ရွယ်ထားသောရည်ရွယ်ချက်တို့ကို နားထောင်ကြလော့။ အကယ်စင်စစ် ရန်သူသည် သူတို့၏သိုးငယ်လေးများကို ဆွဲခေါ်သွားကြမည်။ အကယ်စင်စစ် သူတို့ကြောင့် စားကျက်မြေများ ဖျက်ဆီးခြင်းခံရမည်။