အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ယေ​ရ​မိ 50:2 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ထာဝရဘုရား​က “ ‘ဘေဘီလုံ​မြို့ သိမ်းပိုက်​ခံရ​ပြီ​။ ဗေလ​ဘုရား အရှက်ကွဲ​လေ​ပြီ​။ မေရောဒပ်​ဘုရား ကြောက်လန့်​လေ​ပြီ​။ ဘေဘီလုံ​ရုပ်တု​တို့ အရှက်ကွဲ​လေ​ပြီ​။ ဆင်းတု​တို့ ကြောက်လန့်​လေ​ပြီ​’​ဟု ကြွေးကြော်​ကြေညာ​လော့​။ အချက်ပြအလံ​ကို လွှင့်ထူ​ပြီး မကွယ်မဝှက်​ဘဲ လူမျိုးတကာ​တို့​အား ပြောကြား​ကြ​လော့​။

အခန်းကိုကြည့်ပါ။

Common Language Bible

``ဗာ​ဗု​လုန်​မြို့​သည်​ကျဆုံး​လေ​ပြီ။ ထို​မြို့ ၏​မေ​ရော​ဒပ် ဘု​ရား​သည်​လည်း​ကျိုး​ပဲ့​ကြေ​မွ​၍​သွား​လေ​ပြီ။ ဗာ​ဗု​လုန်​မြို့​ရှိ​စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​ကောင်း​သည့် ရုပ်​တု​များ​သည် အ​ရှက်​ကွဲ​လျက်​ချေ​မှုန်း​ခြင်း​ကို​ခံ​ရ​ကြ​ပါ​သည် တ​ကား။ ဤ​သ​တင်း​ကို​ထို​လူ​မျိုး​တ​ကာ​တို့​အား ပြော​ကြား​ကြေ​ညာ​လော့။ အ​ချက်​ပြ​အ​လံ​ဟူ​၍​ကြော်​ငြာ​လော့။ ထို​သ​တင်း​ကို​လျှို့​ဝှက်​၍​မ​ထား​နှင့်။

အခန်းကိုကြည့်ပါ။

Garrad Bible

ဗာ ဗု လုန် မြို့ သည် သိမ်း ယူ ခြင်း၊ ဗေ လ ဘု ရား သည် အ ရှက် ကွဲ ခြင်း၊ မေ ရော ဒပ် ဘု ရား လည်း လှုပ် ရှား ခြင်း ခံ ရ ပြီ။ ဆိုင် ရာ ရုပ် ပွား ဆင်း တု များ သည်၊ အ ရှက် ရ၍ လှုပ် ရှား ခံ ရ ပြီ။ မြောက် ပိုင်း မှ ချီ တက် လာ သော လူ မျိုး သည်၊ ထို ပြည် ကို ဆိတ် ညံ ရာ ဖြစ် စေ သ ဖြင့်၊ လူ သူ တိ ရ စ္ဆာန် ထွက် သွား ကြ ပြီ ဟု၊ လူ မျိုး ခြား တို့ တွင် အ လံ စိုက် ထူ လျက်၊ မ ထိမ် မ ချန် ကြော် ငြာ ဖော် ပြ ကြ လော့။

အခန်းကိုကြည့်ပါ။

Judson Bible

လူ​မျိုး​တို့​တွင် သ​တင်း​ကြား​ပြော​ကြ​လော့။ ဝှက်၍​မ​ထား​ဘဲ အ​လံ​ကို​ထူ၍ ကြော်​ငြာ​ကြ​လော့။ ကြား​ပြော​ရ​သော​စ​ကား​ဟူ​မူ​ကား၊ ဗာ​ဗု​လုန်​မြို့​ကို တိုက်​ယူ​ကြ​ပြီ။ ဗေ​လ​ဘု​ရား​သည် အ​ရှက်​ကွဲ​ပြီ။ မေ​ရော​ဒပ်​ဘု​ရား​သည် ကျိုး​ပြီ။ ဗာ​ဗု​လုန် ရုပ်​တု​ဆင်း​တု​တို့​သည် အ​ရှက်​ကွဲ၍ ကျိုး​ပဲ့​လျက်​ရှိ​ကြ၏။

အခန်းကိုကြည့်ပါ။



ယေ​ရ​မိ 50:2
34 ပူးပေါင်းရင်းမြစ်များ  

ထိုအခါ လူ​အပေါင်း​တို့​သည် ကြောက်ရွံ့​၍ ဘုရားသခင်​၏​လုပ်ဆောင်​တော်မူ​ချက်​ကို ပြောကြား​ကာ ကိုယ်တော်​ပြု​တော်မူ​သော​အမှု​ကို ဂရုပြု​ကြ​လိမ့်မည်​။


ကိုယ်တော်​၏​ဘုန်းအသရေ​တော်​ကို တိုင်းနိုင်ငံ​တို့​အလယ်​၌​လည်းကောင်း​၊ ကိုယ်တော်​၏​အံ့ဖွယ်​သော​အမှု​တို့​ကို လူမျိုး​အပေါင်း​တို့​အလယ်​၌​လည်းကောင်း ပြောကြား​ကြ​လော့​။


ထုလုပ်​ထား​သော​အရုပ်​ကို​ဝတ်ပြု​သော​သူ​၊ ရုပ်တု​များ​၌ ဂုဏ်ယူဝါကြွား​သော​သူ​အပေါင်း​တို့​သည် အရှက်ကွဲ​ကြ​ရ​ပါစေ​။ ဘုရား​အပေါင်း​တို့​၊ ထာဝရဘုရား​ကို ရှိခိုးကိုးကွယ်​ကြ​လော့​။


ထို​နေ့ရက်​၌ သင်​တို့​က “​ထာဝရဘုရား​ကို ချီးမွမ်း​ကြ​လော့​။ ကိုယ်တော်​၏​နာမ​တော်​ကို ခေါ်ဆို​ပတ္ထနာပြု​ကြ​လော့​။ ကိုယ်တော်​ပြု​သော​အမှု​တော်​တို့​ကို လူမျိုး​တို့​အလယ်​၌ ဖော်ပြ​ကြ​လော့​။ ကိုယ်တော်​၏​နာမ​တော်​မြင့်မြတ်​တော်မူ​ကြောင်း​ကို ထုတ်ဖော်​ပြောဆို​ကြ​လော့​။


တောင်​ကတုံး​ပေါ်၌ အချက်ပြအလံ​ကို​လွှင့်ထူ​ကြ​။ သူ​တို့​ထံ အသံ​ကို​လွှင့်​ကြ​။ လက်​ကို​ဝှေ့ယမ်း​ကြ​။ ထိုအခါ မင်းအရာရှိ​တံခါး​တို့​မှ သူ​တို့​ဝင်လာ​မည်​။


ယခု မြင်း​အတွဲလိုက်​စီးလာသူ​ကို တွေ့​ရ​ပါ​၏​”​ဟု ခြင်္သေ့​ကဲ့သို့ ဟစ်ကြော်​လေ​၏​။ ထို့နောက် “​ပြိုလဲ​ပြီ​။ ဘေဘီလုံ​မြို့ ပြိုလဲ​ပြီ​။ သူ​၏​ဘုရား​ရုပ်တုဆင်းတု​ရှိသမျှ​တို့​သည်​လည်း မြေကြီး​ပေါ်သို့ ကျိုးပဲ့ကျ​ကြ​ပြီ​”​ဟု ဆို​လေ​၏​။


သူ​တို့​၏​ဘုရား​များ​ကို​လည်း မီး​ထဲသို့​လွှင့်ပစ်​ကြ​ပြီ​။ ထို​ဘုရား​တို့​သည် ဘုရား​မ​ဟုတ်​၊ လူ့​လက်​ဖြင့်​လုပ်​သော သစ်သား​၊ ကျောက်​များ​သာ​ဖြစ်​သောကြောင့် ပျက်စီး​ကြ​လေ​ပြီ​။


ထိုအခါ ဟေဇကိ​မင်းကြီး ဖျားနာ​ရာ​မှ ပြန်လည်​ကျန်းမာ​လာ​ပြီ​ဖြစ်ကြောင်း ဗာလဒန်​၏​သား ဘေဘီလုံ​ဘုရင်​မေရောဒဗာလဒန်​မင်းကြီး ကြားသိ​သောအခါ ဟေဇကိ​မင်းကြီး​ထံသို့ စာလွှာ​နှင့်​လက်ဆောင်​တို့​ကို ပေးပို့​၏​။


ဗေလ​ဘုရား​သည် ညွတ်တွား​ရ​လေ​ပြီ​။ နေဗော​ဘုရား​သည် ခါးကိုင်း​ရ​လေ​ပြီ​။ ထို​ဘုရား​ရုပ်တု​တို့​ကို တောရိုင်းတိရစ္ဆာန်​များ​၊ သိုးနွား​တိရစ္ဆာန်​များ​အပေါ် တင်​ကြ​၏​။ သင်​တို့​ယူဆောင်​သော​ထို​အရာ​တို့​သည် တိရစ္ဆာန်​တို့​အတွက် လေးလံ​စွာ​ထမ်း​ရ​သော​ဝန်ထုပ်ဝန်ပိုး​များ​ဖြစ်​ကြ​၏​။


ဘေဘီလုံ​မြို့​မှ ထွက်လာ​ကြ​လော့​။ ခါလဒဲ​လူမျိုး​တို့​ထံမှ ထွက်ပြေး​လာ​ကြ​လော့​။ “​ထာဝရဘုရား​သည် မိမိ​အစေအပါး​ယာကုပ်​အမျိုး​ကို ရွေးနုတ်​တော်မူ​ပြီ​”​ဟု ရွှင်လန်း​သော​အသံ​ဖြင့် မြေကြီး​စွန်း​ရောက်​သည်​အထိ ကြေညာ​ကြ​လော့​။ ကြားသိ​စေ​ကြ​လော့​။


သင်​ကြား​ခဲ့​ရ မြင်​ခဲ့​ရ​သော​ဤ​အမှုအရာ​အားလုံး​ကို သင်​ပြန်​မ​ပြော​ဘဲ​နေ​မည်လော​။ အသစ်​သော​အရာ​များ​၊ သင်​မ​သိ​သေး​သော ဝှက်ထား​သော​အရာ​များ​ကို ယခု​မှစ၍ သင့်​အား​ငါ​ပြောကြား​မည်​။


သင်​တို့​က “​ကောင်းကင်​နှင့်​မြေကြီး​ကို မ​ဖန်ဆင်း​သော​ဘုရား​တို့​သည် ဤ​ကောင်းကင်​အောက်​နှင့် ဤ​မြေကြီး​ပေါ်မှ ပျောက်ပျက်​သွား​ရ​လိမ့်မည်​”​ဟု သူ​တို့​အား ပြော​ရ​မည်​။


ထို​အရာ​တို့​သည် အချည်းနှီး​သော​အရာ​ဖြစ်​၏​။ လှည့်စား​တတ်​သော​အရာ​ဖြစ်​၏​။ စစ်ကြောစီရင်​ချိန်​ရောက်​လျှင် ပျက်စီး​သွား​ရ​လိမ့်မည်​။


အို လူမျိုး​အပေါင်း​တို့​၊ ထာဝရဘုရား​၏​စကား​တော်​ကို နားထောင်​ကြ​လော့​။ ဝေး​သော​အရပ်​ရှိ ကမ်းရိုးတန်းဒေသ​တို့​တွင် ကြွေးကြော်​ကြ​လော့​။ “​အစ္စရေး​လူမျိုး​ကို ကွဲလွင့်​စေ​သော​အရှင်​သည် အစ္စရေး​လူမျိုး​ကို ပြန်စုသိမ်း​မည်​။ သိုးထိန်း​သည် မိမိ​၏​သိုးစု​ကို​စောင့်ထိန်း​သကဲ့သို့ သူ​တို့​ကို စောင့်ထိန်း​တော်မူ​မည်​”​ဟု ပြောကြား​ကြ​လော့​။


“​လူမျိုးတကာ​တို့​အား အသိပေး​လော့​။ ဂျေရုဆလင်​မြို့​ကို ကြားသိ​စေ​လော့​။ မြို့​ကို​ဝိုင်း​ထား​မည့်​သူ​တို့​သည် ဝေး​သော​ပြည်​မှ​လာ​နေ​ပြီ​။ ယုဒ​ပြည်​ရှိ​မြို့​များ​ကို စစ်ငြာသံ​ပေး​ကြ​ပြီ​။


ဇိအုန်​တောင်​ရှိ​ရာ​ဘက်​သို့ အချက်ပြအလံ​ကို လွှင့်ပြ​လော့​။ လုံခြုံ​ရာ​သို့​ပြေး​ကြ​လော့​။ ရပ်​မ​နေ​ကြ​နှင့်​။ အကြောင်းမူကား ငါ​သည် ပျက်စီး​ခြင်း​ဘေးအန္တရာယ်​ကြီး​ကို မြောက်အရပ်​မှ ရောက်လာ​စေ​မည်​”​ဟု မိန့်​တော်မူ​၏​။


“​ဓား​သည် သင့်​ပတ်လည်​ရှိ​ပြည်​တို့​ကို ဝါးမျို​လေ​ပြီ​။ သင်​လည်း အသင့်ပြင်​၊ နေရာယူ​လော့​”​ဟု အီဂျစ်​ပြည်​၌​ကြွေးကြော်​လော့​။ မိဂဒေါလ​မြို့​၌ ကြေညာ​လော့​။ မင်ဖစ်​မြို့​၊ တာပနက်​မြို့​၌ ကြေညာ​လော့​။


“ဘေဘီလုံ​မြို့ သိမ်းပိုက်​ခံရ​ပြီ”​ဟူသော​အော်ဟစ်သံ​ကြောင့် မြေကြီး​တုန်ခါ​သွား​လိမ့်မည်​။ သူ​တို့​အော်ဟစ်​သော​အသံ​ကို လူမျိုးတကာ​တို့ ကြား​ရ​လိမ့်မည်​။


ဘေဘီလုံ​မြို့ရိုး​ကို​ဖြိုဖျက်​ရန် အချက်ပြအလံ​ကို လွှင့်ထူ​ကြ​။ အစောင့်​များ​ကို ကြပ်ကြပ်ချ​ထား​ကြ​။ ကင်းစောင့်​တို့​ကို​နေရာချ​ထား​ကြ​။ ကင်းပုန်း​များ​ကို ပြင်ဆင်​ကြ​။ အကြောင်းမူကား ထာဝရဘုရား​သည် ဘေဘီလုံ​မြို့သား​များ​နှင့်​ပတ်သက်၍ မိန့်ဆို​ထားခဲ့​သည့်​အတိုင်း ကြံစည်​တော်မူ​မည်​၊ ပြု​တော်မူ​မည်​။


ထို​ပြည်​၌ အချက်ပြအလံ​ကို​လွှင့်ထူ​ကြ​။ လူမျိုးတကာ​တို့​ကို တံပိုးမှုတ်သံ​ပေး​ကြ​။ ထို​ပြည်​ကို​တိုက်ခိုက်​ရန် လူမျိုးတကာ​တို့​ကို အသင့်ပြင်ဆင်​စေ​ကြ​။ အာရရတ်​၊ မိန္နိ​နှင့် အာရှကေနတ် စသော တိုင်းနိုင်ငံ​တို့​ကို ဆင့်ခေါ်​ကြ​။ စစ်ဦးစီး​ကို​ခန့်ထား​ကြ​။ မြင်း​တို့​ကို ကျိုင်းကောင်​အုပ်​ကဲ့သို့ ချီတက်​စေ​ကြ​။


ဘေဘီလုံ​မြို့​တစ်မြို့လုံး​သိမ်းပိုက်​ခံရ​ကြောင်း​ကို ခြေမြန်​တော်​တစ်ယောက်​မှ တစ်ယောက်​၊ စေတမန်​တစ်ယောက်​မှ တစ်ယောက် တစ်ဆင့်​ပြီး​တစ်ဆင့် ဘေဘီလုံ​ဘုရင်​ထံ သတင်းပို့​ကြ​၏​။


ဘေဘီလုံ​မြို့​ရှိ ဗေလ​ဘုရား​ကို ငါ​ဒဏ်ခတ်​မည်​။ သူ​ဝါးမျို​ခဲ့​သမျှ​ကို သူ့​ပါးစပ်​မှ ပြန်​အန်ထုတ်​စေ​မည်​။ လူမျိုးတကာ​တို့​သည် သူ့​ကို ဆည်းကပ်​ကြ​တော့​မည်​မ​ဟုတ်​။ ဘေဘီလုံ​မြို့ရိုး​ကြီး ပြိုလဲ​သွား​လေ​ပြီ​။


ထို့ကြောင့် ကြည့်ရှု​လော့​။ ဘေဘီလုံ​မြို့​ရှိ ရုပ်တုဆင်းတု​များ​ကို ငါ​ဒဏ်ခတ်​သော​နေ့ ရောက်လာ​တော့​မည်​။ ထို​မြို့​တစ်မြို့လုံး အရှက်ကွဲ​လိမ့်မည်​။ အသတ်ခံရ​သော​သူ​အပေါင်း​တို့​သည် မြို့​ထဲတွင် လဲကျ​သေဆုံး​ကြ​လိမ့်မည်​။


ထို့ကြောင့် ထာဝရဘုရား​က “​ကြည့်ရှု​လော့​။ ဘေဘီလုံ​ပြည်​ရှိ ရုပ်တုဆင်းတု​များ​ကို ငါ​ဒဏ်ခတ်​သော​နေ့ရက်​ရောက်လာ​သောအခါ ထို​ပြည်​တစ်ပြည်လုံး​တွင် ဒဏ်ရာ​ရ​သော​သူ​များ ညည်းတွား​လျက်​ရှိ​ကြ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။


ဘေဘီလုံ​မြို့​ကြီး ရုတ်ခြည်း​ပြိုလဲ​ပျက်စီး​သွား​ပြီ​။ သူ့​အတွက် ညည်းတွားငိုကြွေး​ကြ​လော့​။ ဝေဒနာ​ပျောက်​ကောင်း​ပျောက်​နိုင်​မည်​ဖြစ်၍ လိမ်းဆေး​ယူလာ​ပေး​ကြ​လော့​။


ဘေဘီလုံ​ဘုရင်​ဧဝိလမေရောဒက်​မင်းကြီး နန်းစံ​သော​ပထမ​နှစ်​၊ ယုဒ​ဘုရင်​ယောယခိမ်​မင်းကြီး ဖမ်းခေါ်​သွား​ခြင်း​ခံရ​ပြီးနောက် သုံးဆယ့်​ခုနစ်​နှစ်​မြောက်​၊ ဒွါဒသမ​လ​၊ နှစ်ဆယ့်​ငါး​ရက်​နေ့​တွင် ဧဝိလမေရောဒက်​မင်းကြီး​သည် ယုဒ​ဘုရင်​ယောယခိမ်​မင်းကြီး​ကို ချီးမြှောက်​သော​အားဖြင့် အကျဉ်းထောင်​မှ လွှတ်​ပေး​လိုက်​၏​။


ထို့ကြောင့် အို လူမျိုး​အပေါင်း​တို့​၊ နားထောင်​ကြ​လော့​။ အို လူအစုအဝေး​တို့​၊ သူ​တို့​၌​ဖြစ်လာ​မည့်​အရာ​ကို စောင့်ကြည့်​ကြ​လော့​။


ဘုရားရှင်​သည် ယုဒ​ဘုရင်​ယောယကိမ်​မင်းကြီး​နှင့်တကွ ဘုရားသခင်​၏​အိမ်​တော်​တန်ဆာပလာ​အချို့​ကို နေဗုခဒ်နေဇာ​လက်​သို့ အပ်လိုက်​တော်မူ​၏​။ ရှင်ဘုရင်​သည်​လည်း ထို​အရာ​တို့​ကို ရှိနာ​ပြည်​ရှိ မိမိ​ဘုရား​များ​၏​ဗိမာန်​သို့​ယူဆောင်​သွား​၍ ထို​တန်ဆာပလာ​တို့​ကို မိမိ​ဘုရား​အများ​၏​ဘဏ္ဍာတိုက်​ထဲသို့ သွင်း​ထား​လေ​၏​။


နေဗုခဒ်နေဇာ​မင်းကြီး​က “​ရှာဒရက်​၊ မေရှက်​၊ အဗေဒနေဂေါ​တို့​၊ သင်​တို့​သည် ငါ့​ဘုရား​များ​ကို မ​ကိုးကွယ်​၊ ငါ​တည်​ထား​သော​ရွှေ​ရုပ်တု​ကို​လည်း မ​ရှိခိုး​ဘဲ နေ​ကြ​သည်​မှာ မှန်​သလော​။


ထာဝရဘုရား​သည် မြေကြီး​ပေါ်ရှိ​ဘုရား​အားလုံး​ကို ငတ်မွတ်ပိန်ချုံး​စေ​သောအခါ သူ​တို့​သည် ထာဝရဘုရား​ကို ကြောက်ရွံ့​ကြ​လိမ့်မည်​။ ထိုအခါ ကမ်းရိုးတန်းဒေသ​ရှိ​လူမျိုး​အပေါင်း​တို့​သည် ကိုယ့်​နေရာ​အသီးသီး​တွင် ကိုယ်တော်​ကို​ရှိခိုးကိုးကွယ်​ကြ​လိမ့်မည်​။


သူ​သည် ကျယ်လောင်​သော​အသံ​ဖြင့်​ကြွေးကြော်​လျက် “ဘေဘီလုံ​မြို့​ကြီး​သည် ပြိုလဲ​ပြီ၊ ပြိုလဲ​ပြီ။ ၎င်း​သည် နတ်ဆိုး​တို့​နေထိုင်​ရာ​အရပ်၊ ညစ်ညူး​သော​နတ်​အပေါင်း​တို့​၏​ခိုအောင်း​ရာ​အရပ်၊ ညစ်ညူး​သော​ငှက်​အမျိုးမျိုး​တို့​၏​ခိုအောင်း​ရာ​အရပ်​နှင့် ညစ်ညူး​၍​ရွံရှာ​ဖွယ်​ကောင်း​သော​သတ္တဝါ​အပေါင်း​တို့​၏​ခိုအောင်း​ရာ​အရပ် ဖြစ်​လေ​ပြီ။