Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ရ​မိ 51:27 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

27 ထို​ပြည်​၌ အချက်ပြအလံ​ကို​လွှင့်ထူ​ကြ​။ လူမျိုးတကာ​တို့​ကို တံပိုးမှုတ်သံ​ပေး​ကြ​။ ထို​ပြည်​ကို​တိုက်ခိုက်​ရန် လူမျိုးတကာ​တို့​ကို အသင့်ပြင်ဆင်​စေ​ကြ​။ အာရရတ်​၊ မိန္နိ​နှင့် အာရှကေနတ် စသော တိုင်းနိုင်ငံ​တို့​ကို ဆင့်ခေါ်​ကြ​။ စစ်ဦးစီး​ကို​ခန့်ထား​ကြ​။ မြင်း​တို့​ကို ကျိုင်းကောင်​အုပ်​ကဲ့သို့ ချီတက်​စေ​ကြ​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

27 ``တိုက်​ခိုက်​ရန်​အ​ချက်​ပေး​ကြ​လော့။ လူ​မျိုး တကာ​တို့​ကြား​ကြ​စေ​ရန်​တံ​ပိုး​ခ​ရာ​မှုတ် ကြ​လော့။ ဗာ​ဗု​လုန်​မြို့​ကို​စစ်​ချီ​ရန်​လူ​မျိုး တ​ကာ​တို့​အား​အ​သင့်​ပြင်​ဆင်​စေ​ကြ​လော့။ အာ​ရ​ရတ်​ပြည်၊ မိန္နိ​ပြည်​နှင့်​အာ​ရှ​ကေ​နတ် ပြည်​တို့​အား​တိုက်​ခိုက်​ရန်​ပြော​ကြား​ကြ​လော့။ ဦး​ဆောင်​တိုက်​ခိုက်​နိုင်​ရန်​စစ်​သေ​နာ​ပ​တိ​ကို ခန့်​ထား​ကြ​လော့။ ကျိုင်း​ကောင်​အုပ်​ကဲ့​သို့​မြင်း တို့​ကို​ချီ​တက်​စေ​ကြ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

27 မြေ ပေါ် တွင် အ လံ စိုက် ထူ ခြင်း၊ လူ မျိုး ခြား တို့ တွင် တံ ပိုး မှုတ် ခြင်း၊ လူ မျိုး ခြား တို့ ကို ဆန့် ကျင် ဘက် စီ မံ ခြင်း၊ အာ ရ ရတ်၊ မိန္နိ၊ အာ ရှ ကေ နတ် နိုင် ငံ များ ကို စု ရုံး ခြင်း၊ ဗိုလ် ချုပ် ခန့် ထား ခြင်း ပြု လျက်၊ ကျိုင်း ပေါက် အုပ် သ ဖွယ်၊ မြင်း တပ် ကို ချီ တက် ကြ စေ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

27 ထို​ပြည်၌ အ​လံ​ကို​ထူ​ကြ​လော့။ အ​ပြည်​ပြည်​တို့၌ တံ​ပိုး​ကို​မှုတ်၍၊ လူ​အ​မျိုး​မျိုး​တို့​ကို သူ၏​တစ်​ဖက်၌ ပြင်​ဆင်​ကြ​လော့။ အာ​ရ​ရတ်​ပြည်၊ မိ​န္နိ​ပြည်၊ အာ​ရှ​ကေ​နတ်​ပြည်​တို့​ကို သူ၏​တစ်​ဖက်၌ စည်း​ဝေး​စေ​ကြ​လော့။ ဗိုလ်​ချုပ်​မင်း​ကို ခန့်​ထား၍၊ အ​မွေး​ကြမ်း​သော ကျိုင်း​ကောင်​ကဲ့​သို့ မြင်း​စီး​သူ​ရဲ​တို့​ကို စစ်​ချီ​စေ​ကြ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ရ​မိ 51:27
24 ပူးပေါင်းရင်းမြစ်များ  

ဂေါမာ​၏​သား​များ​မှာ အာရှကေနတ်​၊ ရိဖတ်​၊ တောဂါမ တို့​ဖြစ်​ကြ​၏​။


သတ္တမ​လ​၊ တစ်ဆယ့်​ခုနစ်​ရက်​နေ့​တွင် သင်္ဘော​သည် အာရရတ်​တောင်ရိုး​ပေါ်မှာ တင်​လေ​၏​။


သူ​သည် မိမိ​ဘုရား နိသရုတ်​ဝတ်ကျောင်း​၌ ရှိခိုးကိုးကွယ်​နေစဉ် သား​တော်​အာဒြမ္မေလက်​နှင့်​ရှရေဇာ​တို့​သည် သူ့​ကို ဓား​ဖြင့်​ကွပ်မျက်​ပြီးလျှင် အာရရတ်​ပြည်​သို့ ထွက်ပြေး​သွား​ကြ​၏​။ သူ​၏​သား​တော်​ဧသရဟဒ္ဒုန်​သည် သူ့​အရိုက်အရာ​ကို ဆက်ခံ​လေ​၏​။


ဂေါမာ​၏​သား​များ​မှာ အာရှကေနတ်​၊ ရိဖတ်​နှင့်​တောဂါမ တို့​ဖြစ်​ကြ​၏​။


လောကသား​အပေါင်း​တို့​၊ မြေကြီးသား​အပေါင်း​တို့​၊ တောင်​များ​ပေါ်တွင် အချက်ပြအလံ​ကို​လွှင့်ထူ​သောအခါ သင်​တို့​ကြည့်​ကြ​လော့​။ တံပိုး​ကို​မှုတ်​သောအခါ သင်​တို့ နားထောင်​ကြ​လော့​။


သူ​သည် မိမိ​ဘုရား နိသရုတ်​ဝတ်ကျောင်း​၌ ရှိခိုးကိုးကွယ်​နေ​စဉ် သား​တော် အာဒြမ္မေလက်​နှင့်​ရှရေဇာ​တို့​သည် သူ့​ကို ဓား​ဖြင့် သတ်​ပြီးလျှင် အာရရတ်​ပြည်​သို့ ထွက်ပြေး​သွား​ကြ​၏​။ သူ​၏​သား​တော်​ဧသရဟဒ္ဒုန်​သည် သူ့​အရိုက်အရာ​ကို ဆက်ခံ​လေ​၏​။


လူမျိုး​တကာ​တို့​နှင့် တန်ခိုးကြီး​သော​ရှင်ဘုရင်​တို့​သည် သူ​တို့​အား စေခိုင်း​ကြ​လိမ့်မည်​။ သူ​တို့​၏​အကျင့်​အတိုင်း​၊ သူ​တို့​၏​လုပ်ရပ်​အတိုင်း သူ​တို့​ကို ငါ​ပြန်ပေးဆပ်​စေ​မည်’​ဟူ၍ မိန့်​တော်မူ​သည်”​ဟု ဆင့်ဆို​လေ​၏​။


ထာဝရဘုရား​က “​သူ​တို့​သည် မ​ရေ​မ​တွက်​နိုင်​အောင် ကျိုင်းကောင်​ကဲ့သို့​များပြား​သဖြင့် ပိန်းပိတ်​နေ​သော​အီဂျစ်​တောအုပ်ကြီး​ကို ခုတ်လှဲ​ပစ်​ကြ​လိမ့်မည်​။


ထာဝရဘုရား​က “ ‘ဘေဘီလုံ​မြို့ သိမ်းပိုက်​ခံရ​ပြီ​။ ဗေလ​ဘုရား အရှက်ကွဲ​လေ​ပြီ​။ မေရောဒပ်​ဘုရား ကြောက်လန့်​လေ​ပြီ​။ ဘေဘီလုံ​ရုပ်တု​တို့ အရှက်ကွဲ​လေ​ပြီ​။ ဆင်းတု​တို့ ကြောက်လန့်​လေ​ပြီ​’​ဟု ကြွေးကြော်​ကြေညာ​လော့​။ အချက်ပြအလံ​ကို လွှင့်ထူ​ပြီး မကွယ်မဝှက်​ဘဲ လူမျိုးတကာ​တို့​အား ပြောကြား​ကြ​လော့​။


မြောက်အရပ်​မှ​လူမျိုး​တစ်​မျိုး​သည် ဘေဘီလုံ​မြို့​ကို ချီတက်​တိုက်ခိုက်​လိမ့်မည်​။ ထို​မြို့​ကို လူသူကင်းမဲ့​ရာ​ဖြစ်​စေ​မည်​။ မည်သူမျှ ထို​မြို့​၌ နေထိုင်​ကြ​တော့​မည်​မ​ဟုတ်​။ လူ​မှစ၍ တိရစ္ဆာန်​တိုင်အောင် ထွက်ပြေး​သွား​ကြ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏​။


ကြည့်ရှု​လော့​။ ငါ​သည် မြောက်​အရပ်​မှ လူမျိုးခြား​အစုအဝေး​ကြီး​ကို နှိုးဆော်​၍ ဘေဘီလုံ​မြို့​သို့ စစ်ချီ​စေ​မည်​။ သူ​တို့​သည် ဘေဘီလုံ​မြို့​ကို စစ်ခင်းကျင်း​၍ သိမ်းပိုက်​လိမ့်မည်​။ သူ​တို့​ပစ်​သော​မြား​သည် ကျွမ်းကျင်​သော​လေးသည်တော်​ပစ်​သော​မြား​ကဲ့သို့ မ​ထိမှန်​ဘဲ​မ​နေ​။


ဘေဘီလုံ​မြို့ရိုး​ကို​ဖြိုဖျက်​ရန် အချက်ပြအလံ​ကို လွှင့်ထူ​ကြ​။ အစောင့်​များ​ကို ကြပ်ကြပ်ချ​ထား​ကြ​။ ကင်းစောင့်​တို့​ကို​နေရာချ​ထား​ကြ​။ ကင်းပုန်း​များ​ကို ပြင်ဆင်​ကြ​။ အကြောင်းမူကား ထာဝရဘုရား​သည် ဘေဘီလုံ​မြို့သား​များ​နှင့်​ပတ်သက်၍ မိန့်ဆို​ထားခဲ့​သည့်​အတိုင်း ကြံစည်​တော်မူ​မည်​၊ ပြု​တော်မူ​မည်​။


ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က “​အကယ်စင်စစ် သင့်​နေရာ​သို့ ကျိုင်းကောင်​ကဲ့သို့ လူအုပ်​ကြီး​ကို ရောက်လာ​စေ​မည်​။ သူ​တို့​သည် စစ်အောင်သံ​ကို ကြွေးကြော်​ကြ​လိမ့်မည်​”​ဟု ကိုယ့်ကိုယ်ကိုယ် တိုင်တည်​၍​ကျိန်ဆို​တော်မူ​ပြီ​။


ထို​ပြည်​ကို​တိုက်ခိုက်​ရန် လူမျိုးတကာ​တို့​ကို အသင့်ပြင်ဆင်​စေ​ကြ​။ မေဒိ​ဘုရင်​များ​၊ ဘုရင်ခံ​များ​အပါအဝင် မင်းအရာရှိ​အားလုံး​နှင့် လက်အောက်ခံ​နိုင်ငံ​အားလုံး​ကို အသင့်ပြင်ဆင်​စေ​ကြ​။


အို ဗင်္ယာမိန်​အမျိုးသား​တို့​၊ ဂျေရုဆလင်​မြို့​မှ​ထွက်​၍ လုံခြုံ​ရာ​သို့​ပြေး​ကြ​လော့​။ တေကော​ရွာ​၌ တံပိုး​မှုတ်​ကြ​လော့​။ ဗေသက္ကရင်​ရွာ​၌ အချက်ပြ​မီး​ကို မြှောက်ပြ​ကြ​လော့​။ ပျက်စီး​ခြင်း​ဘေးအန္တရာယ်​ကြီး​သည် မြောက်ဘက်​အရပ်​မှ ထွက်ပေါ်​လာ​ပြီ​။


လူမျိုး​တကာ​တို့​ထံ ဤသို့​ကြေညာ​လော့​။ စစ်တိုက်​ရန် အသင့်ပြင်ဆင်​ကြ​။ စစ်သူရဲ​တို့​ကို နှိုးဆော်​ကြ​။ စစ်သည်​အပေါင်း​တို့​ချီတက်​တိုက်ခိုက်​ကြ​။


မြို့​ထဲတွင် တံပိုးမှုတ်သံ​ကြား​သောအခါ လူ​တို့ မ​ထိတ်လန့်​ဘဲ နေ​မည်လော​။ ထာဝရဘုရား​ပြု​တော်​မ​မူ​ဘဲ မြို့​ထဲတွင် ဘေးအန္တရာယ်​ကျရောက်​နိုင်​မည်လော​။


ငါ​သည် လူမျိုးတကာ​တို့​ကို​စုဝေး​၍ ဂျေရုဆလင်​မြို့​ကို တိုက်ခိုက်​စေ​မည်​။ သူ​တို့​သည် မြို့​ကို​သိမ်းပိုက်​ပြီး အိမ်​တို့​ကို မွှေနှောက်​လှန်လှော​ကြ​လိမ့်မည်​။ အမျိုးသမီး​တို့​ကို အဓမ္မပြုကျင့်​ကြ​လိမ့်မည်​။ မြို့သား​တစ်ဝက်​ကို​လည်း ဖမ်းခေါ်​သွား​ပြီး ကျန်​တစ်ဝက်​ကို မြို့​ထဲ၌ ချန်ထား​ကြ​လိမ့်မည်​။


သူ​တို့​သည် တိရစ္ဆာန်​များ​၊ တဲ​များ​နှင့်တကွ ချီတက်​လာ​ကြ​၏​။ ကျိုင်းကောင်အုပ်ကြီး​သဖွယ် ချီလာ​၍ အစ္စရေး​ပြည်​ကို ဖျက်ဆီး​ကြ​၏​။ သူ​တို့​နှင့် သူ​တို့​၏​ကုလားအုတ်​များ​လည်း မ​ရေတွက်​နိုင်​အောင် များပြား​လှ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ