ယေရမိ 4:16 - မြန်မာ့စံမီသမ္မာကျမ်း16 “လူမျိုးတကာတို့အား အသိပေးလော့။ ဂျေရုဆလင်မြို့ကို ကြားသိစေလော့။ မြို့ကိုဝိုင်းထားမည့်သူတို့သည် ဝေးသောပြည်မှလာနေပြီ။ ယုဒပြည်ရှိမြို့များကို စစ်ငြာသံပေးကြပြီ။ အခန်းကိုကြည့်ပါ။Common Language Bible16 သူတို့သည်ရပ်ဝေးဒေသမှရန်သူများချီ တက်လာနေကြောင်းလူမျိုးတကာတို့အား သတိပေး၍ ယေရုရှလင်မြို့ကိုကြားပြော ကြလေသည်။ ရန်သူတို့သည်ယုဒမြို့များ အားကြိမ်းမောင်းသံပြုကြလိမ့်မည်။- အခန်းကိုကြည့်ပါ။Garrad Bible16 ဝိုင်း ဝန်း သော စစ် မက် တို့ သည်၊ ဝေး ကွာ ရာ ပြည် မှ ချီ လာ၍၊ ယု ဒ မြို့ ရွာ တစ် ဘက် ကြိမ်း မောင်း သံ ပြု ကြ သည် ဟု၊ ယေ ရု ရှ လင် မြို့ ကို ရည် လျက်၊ လူ မျိုး ခြား တို့ အား ဖော် ပြ ကြ လော့။ အခန်းကိုကြည့်ပါ။Judson Bible16 အပြည်ပြည်တို့၌ သတင်းကြားကြလော့။ ယေရုရှလင်မြို့ကိုရည်မှတ်၍ ကြွေးကြော်ကြလော့။ ကင်းစောင့်တို့သည် ဝေးသောပြည်က လာ၍၊ ယုဒမြို့များတစ်ဖက်၌ ထူးကြလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
အို လူမျိုးအပေါင်းတို့၊ ထာဝရဘုရား၏စကားတော်ကို နားထောင်ကြလော့။ ဝေးသောအရပ်ရှိ ကမ်းရိုးတန်းဒေသတို့တွင် ကြွေးကြော်ကြလော့။ “အစ္စရေးလူမျိုးကို ကွဲလွင့်စေသောအရှင်သည် အစ္စရေးလူမျိုးကို ပြန်စုသိမ်းမည်။ သိုးထိန်းသည် မိမိ၏သိုးစုကိုစောင့်ထိန်းသကဲ့သို့ သူတို့ကို စောင့်ထိန်းတော်မူမည်”ဟု ပြောကြားကြလော့။
ထို့ကြောင့် တောထဲမှခြင်္သေ့သည် သူတို့ကို တိုက်ခိုက်လိမ့်မည်။ သဲကန္တာရမှဝံပုလွေသည် သူတို့ကိုဖျက်ဆီးလိမ့်မည်။ ကျားသစ်သည် သူတို့၏မြို့များကို ချောင်းမြောင်းလိမ့်မည်။ မြို့ထဲမှထွက်လာသောသူအပေါင်းတို့သည် တစ်စစီကိုက်ဖြတ်ခြင်းခံရလိမ့်မည်။ အကြောင်းမူကား သူတို့ကျူးလွန်သောအပြစ်သည် များပြား၏။ သူတို့၏ဖောက်ပြန်သွေဖည်မှုသည် မရေမတွက်နိုင်။
သူတို့သည် လေးနှင့်လှံကိုစွဲကိုင်သောလူမျိုး၊ ရက်စက်ကြမ်းကြုတ်သောလူမျိုး၊ ကရုဏာကင်းသောလူမျိုးဖြစ်၏။ သူတို့၏အသံသည် သမုဒ္ဒရာမြည်ဟိန်းသံကဲ့သို့ဖြစ်၏။ အို ဇိအုန်သမီးပျို၊ ထိုသူတို့သည် မြင်းကိုစီး၍ စစ်သူရဲကဲ့သို့စစ်ခင်းကျင်းပြီး သင့်ကိုလာတိုက်နေပြီ”ဟု မိန့်တော်မူ၏။
“ဇိအုန်မြို့၌ ထာဝရဘုရား မရှိသလော။ ထိုမြို့၌ရှင်ဘုရင် မရှိသလော ဟူ၍ဝေးလံသောပြည်မှ ငါ့လူမျိုးသမီးပျို၏အော်ဟစ်သံကို ကြားရပါပြီတကား။ သူတို့ကိုးကွယ်သောရုပ်တုဆင်းတုများ၊ တိုင်းတစ်ပါးသားတို့ကိုးကွယ်သောရုပ်တုများဖြင့် သူတို့သည် ငါ့ကို အဘယ်ကြောင့် အမျက်ထွက်စေကြသနည်း။”