မှူးမတ်များ၊ စစ်သူရဲများနှင့် ဒါဝိဒ်မင်းကြီး၏သားတော်အပေါင်းတို့သည် ရှောလမုန်မင်းကြီးထံ၌ သစ္စာခံကြ၏။
ယေရမိ 50:15 - မြန်မာ့စံမီသမ္မာကျမ်း မြို့ပတ်ပတ်လည်၌ ငြာသံပေးကြ။ ဘေဘီလုံမြို့ လက်နက်ချအရှုံးပေးပြီ။ မျှော်စင်များ ပြိုလဲပြီ။ မြို့ရိုးလည်း ပြိုပျက်ပြီ။ ဤသည်ကား ထာဝရဘုရား၏လက်တုံ့ပြန်ခြင်းဖြစ်၏။ သူပြုခဲ့ဖူးသည့်အတိုင်း သူ့ကို ပြန်ပြုကြ။ သူ့ကို လက်တုံ့ပြန်ကြ။ Common Language Bible မြို့ပတ်လည်တွင်စစ်တိုက်သံများကိုကြွေး ကြော်ကြလော့။ ယခုဗာဗုလုန်မြို့သည် လက်နက်ချလေပြီ။ မြို့တံတိုင်းတို့သည် ကျိုးပေါက်ပြိုကျသွားလေပြီ။ ငါသည် ဗာဗုလုန်အမျိုးသားတို့အားလက်စား ချေလျက်နေသည်ဖြစ်၍ သင်တို့သည်သူတို့ အပေါ်၌လက်စားချေကြလော့။ သူတစ်ပါး တို့အားသူတို့ပြုကျင့်ခဲ့ကြသည့်အတိုင်း သူတို့အားပြုကျင့်ကြလော့။- Garrad Bible ပတ် လည် အောင် သံ ပြု ကြ လော့။ ထို မြို့ သည် လက် အောက် ခံ ပြီ။ မြို့ ရိုး နှင့် အ ထောက် အ ခံ များ ပါ ပျက် ယွင်း ပြို လဲ ပြီ။ ထာ ဝ ရ ဘု ရား လက် စား ချေ တော် မူ ရာ ဖြစ် သော ကြောင့်၊ ချေ ကြ လော့။ ပြု ဘူး သည့် အ တိုင်း၊ တုံ့ ပြန် ကြ လော့။ Judson Bible မြို့ပတ်လည်၌ ကြွေးကြော်ကြလော့။ သူသည်ဝန်ချပြီ။ မြို့ရိုးနှင့် ပြအိုးတို့သည် ပြိုလဲကြပြီ။ ထာဝရဘုရား၏အမျက်တော်ပြေခြင်း အမှုဖြစ်၍၊ သူ့ကိုအပြစ်နှင့်အလျောက် စီရင်ကြလော့။ သူသည်ပြုဖူးသည်အတိုင်း သူ၌ပြုကြလော့။ |
မှူးမတ်များ၊ စစ်သူရဲများနှင့် ဒါဝိဒ်မင်းကြီး၏သားတော်အပေါင်းတို့သည် ရှောလမုန်မင်းကြီးထံ၌ သစ္စာခံကြ၏။
ယခုမှာ ဘိုးဘေးတို့ကဲ့သို့ သင်တို့ ခေါင်းမမာကြနှင့်။ ထာဝရဘုရား အစဉ်သန့်ရှင်းစေတော်မူသောသန့်ရှင်းရာဌာနတော်သို့လာ၍ ဆက်ကပ်ကြလော့။ သင်တို့၏ဘုရားသခင်ထာဝရဘုရားကို အစေခံကြလော့။ သို့မှ ပြင်းထန်သောအမျက်တော်သည် သင်တို့ထံမှ ပြန်လှည့်သွားလိမ့်မည်။
သူတို့သည် တိုင်းနိုင်ငံများကိုလက်တုံ့ပြန်ခြင်းနှင့် လူတို့ကိုဆုံးမခြင်းအမှုတို့ကိုပြုရန်လည်းကောင်း၊
လက်တုံ့ပြန်တော်မူသောဘုရားသခင် အို ထာဝရဘုရား၊ လက်တုံ့ပြန်တော်မူသောဘုရားသခင်၊ ရောင်ခြည်တော်ကိုလွှတ်တော်မူပါ။
ကိုယ်တော်သည် ဖြောင့်မတ်ခြင်းကိုရင်အုပ်တန်ဆာကဲ့သို့ ဝတ်ဆင်တော်မူ၏။ ခေါင်းပေါ်၌ ကယ်တင်ခြင်းသံခမောက်ကို ဆောင်းတော်မူ၏။ လက်စားချေခြင်းဝတ်ရုံကိုဝတ်ဆင်၍ စိတ်အားထက်သန်ခြင်းဝတ်လုံကို လွှမ်းခြုံတော်မူ၏။
သူတို့၏လုပ်ဆောင်မှုနှင့်အညီ ရန်ပြုသောသူတို့အား အမျက်တော်ကိုလည်းကောင်း၊ ရန်သူတို့အား အကျိုးအပြစ်ကိုလည်းကောင်း ပေးဆပ်တော်မူမည်။ ကမ်းရိုးတန်းဒေသတို့အား အကျိုးအပြစ်ကို ပေးဆပ်တော်မူမည်။
ထာဝရဘုရား၏မင်္ဂလာနှစ်ကာလနှင့် ငါတို့ဘုရားသခင်၏လက်စားချေရာနေ့ကို ဟောပြောရန်၊ ငိုကြွေးမြည်တမ်းသောသူအပေါင်းတို့ကို နှစ်သိမ့်ပေးရန် ငါ့ကိုစေလွှတ်တော်မူ၏။
လက်တုံ့ပြန်ရာနေ့ကို ငါ့စိတ်ထဲ၌မှတ်ထား၏။ ငါရွေးနုတ်ရာနှစ်သည် ရောက်လာပြီ။
ထိုနေ့ရက်သည် ရန်သူတို့ကို ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားရှင်ထာဝရဘုရား လက်တုံ့ပြန်ရာနေ့ဖြစ်၏။ ဓားသည် ရန်သူတို့ကို ကျေနပ်သည်အထိ ဝါးမျိုမည်။ သူတို့သွေးကို သောက်မည်။ မြောက်ဘက်အရပ်၊ ယူဖရေးတီးမြစ်နား၌ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားအဖို့ ယဇ်ပူဇော်ပွဲကျင်းပလိမ့်မည်။
လေးသည်တော်အပေါင်းတို့၊ ဘေဘီလုံမြို့ပတ်ပတ်လည်၌ တပ်ခင်းကြ။ သူသည် ထာဝရဘုရားကို ပြစ်မှားသောကြောင့် မြားကိုမနှမြောဘဲ ပစ်ကြ။
ထာဝရဘုရားသည် လက်နက်တိုက်ကိုဖွင့်၍ အမျက်တော်လက်နက်ကို ထုတ်တော်မူပြီ။ ဤသည်ကား ခါလဒဲပြည်၌ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား ပြုတော်မူသောအမှုဖြစ်၏။
ကြည့်ရှုလော့။ ရန်သူသည် ခြင်္သေ့ကဲ့သို့ ဂျော်ဒန်တောအုပ်မှ စိမ်းလန်းသောစားကျက်မြေသို့တက်လာသောအခါ ထိုပြည်သားတို့ကို ထိုပြည်မှ ငါရုတ်ချည်းထွက်ပြေးစေမည်။ ငါရွေးချယ်သောသူကို ထိုပြည်၌ ငါခန့်ထားမည်။ မည်သူသည် ငါနှင့်တူသနည်း။ မည်သူသည် ငါ့ကိုစိန်ခေါ်ဝံ့သနည်း။ မည်သည့်သိုးထိန်းသည် ငါ့ကိုဆန့်ကျင်ပြီး ရပ်တည်နိုင်သနည်း”ဟု မိန့်တော်မူ၏။
မြားတို့ကို ချွန်ထက်စေကြ။ ဒိုင်းလွှားတို့ကို ကိုင်စွဲကြ။ ထာဝရဘုရားသည် ဘေဘီလုံမြို့ကို ဖျက်ဆီးပစ်ရန် အကြံရှိတော်မူသည်ဖြစ်၍ မေဒိဘုရင်တို့၏စိတ်ကို နှိုးဆော်တော်မူပြီ။ ထာဝရဘုရား လက်တုံ့ပြန်တော်မူပြီ။ ဗိမာန်တော်အဖို့ လက်တုံ့ပြန်တော်မူပြီ။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “အကယ်စင်စစ် သင့်နေရာသို့ ကျိုင်းကောင်ကဲ့သို့ လူအုပ်ကြီးကို ရောက်လာစေမည်။ သူတို့သည် စစ်အောင်သံကို ကြွေးကြော်ကြလိမ့်မည်”ဟု ကိုယ့်ကိုယ်ကိုယ် တိုင်တည်၍ကျိန်ဆိုတော်မူပြီ။
ဇိအုန်မြို့သူမြို့သားအပေါ် ဘေဘီလုံမြို့သူ ခါလဒဲပြည်သားတို့ကျူးလွန်ခဲ့သည့် လုပ်ရပ်အတိုင်း သူတို့ကို သင်တို့မျက်စိရှေ့တွင် ပြန်ပေးဆပ်စေမည်”ဟု မိန့်တော်မူ၏။
ထာဝရဘုရားက “အို ဖျက်ဆီးတတ်သောတောင်၊ မြေကြီးတစ်ပြင်လုံးကို ဖျက်ဆီးသောတောင်၊ ကြည့်ရှုလော့။ သင့်ကို ငါစီရင်မည်။ ငါသည် လက်ကိုဆန့်၍ သင့်ကို ချောက်ကမ်းပါးပေါ်မှ လှိမ့်ချပစ်မည်။ သင့်အား မီးကျွမ်းတောင်ဖြစ်စေမည်”ဟု မိန့်တော်မူ၏။
ဘေဘီလုံစစ်သူရဲတို့သည် စစ်မတိုက်ဝံ့တော့ဘဲ ရဲတိုက်များ၌သာ နေကြလေပြီ။ သူတို့သည် ရဲစွမ်းသတ္တိကုန်ခန်း၍ မိန်းမကဲ့သို့ဖြစ်လေပြီ။ သူတို့နေရာကို မီးရှို့ပစ်ကြပြီ။ ကန့်လန့်ကျင်တို့ကိုလည်း ချိုးပစ်ကြပြီ။
ထို့ကြောင့် ထာဝရဘုရားက “ကြည့်ရှုလော့။ သင့်အမှုကိစ္စကို ငါရင်ဆိုင်ဖြေရှင်းပေးမည်။ သင့်အစား ငါအမှန် လက်တုံ့ပြန်မည်။ သူ၏ပင်လယ်ရေကို ခန်းစေမည်၊ စမ်းရေတွင်းကို ခြောက်သွေ့စေမည်။
ဘေဘီလုံမြို့ရှိ ဗေလဘုရားကို ငါဒဏ်ခတ်မည်။ သူဝါးမျိုခဲ့သမျှကို သူ့ပါးစပ်မှ ပြန်အန်ထုတ်စေမည်။ လူမျိုးတကာတို့သည် သူ့ကို ဆည်းကပ်ကြတော့မည်မဟုတ်။ ဘေဘီလုံမြို့ရိုးကြီး ပြိုလဲသွားလေပြီ။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ထုထည်ကြီးမားသော ဘေဘီလုံမြို့ရိုးသည် လုံးလုံးဖြိုဖျက်ခြင်းခံရလိမ့်မည်။ မြင့်မားသောမြို့တံခါးတို့သည်လည်း မီးရှို့ခံရလိမ့်မည်။ လူတို့သည် အချည်းနှီးကြိုးစားအားထုတ်ခဲ့ကြပြီ။ လူမျိုးတကာတို့ ပင်ပန်းခဲ့သမျှ မီးစာဖြစ်သွားပြီ”ဟု မိန့်တော်မူ၏။
ဘေဘီလုံမြို့မှ ထွက်ပြေးကြ။ အသက်ဘေးလွတ်အောင် ပြေးကြ။ ထိုမြို့၏အပြစ်ကြောင့် အဖျက်ဆီးမခံကြနှင့်။ အကြောင်းမူကား ထာဝရဘုရားလက်တုံ့ပြန်ရာအချိန်ကျရောက်ပြီ။ ထိုမြို့ခံထိုက်သောအပြစ်ကို ပြန်ပေးဆပ်စေတော်မူမည်။
‘ငါသည် ထိုမြို့ပေါ်သို့ ဘေးအန္တရာယ်ကျရောက်စေမည်ဖြစ်၍ ထိုစာလိပ်ကဲ့သို့ ဘေဘီလုံမြို့သည် နစ်မြုပ်ရလိမ့်မည်။ ပြန်ပေါ်လာတော့မည်မဟုတ်။ သူတို့သည် အားအင်ကုန်ခန်းကြလိမ့်မည်’ဟူ၍ သင်ဆိုရမည်”ဟု မှာကြားလေ၏။ ဤတွင် ယေရမိစကား ပြီးဆုံးသတည်း။
အစာရေစာအလုံအလောက်ရရှိဖို့ရန် အီဂျစ်ပြည်၊ အဆီးရီးယားပြည်တို့ထံ ခယတောင်းဆိုရပါပြီ။
သူသည် ပဋိညာဉ်ကိုချိုးဖောက်ခြင်းဖြင့် ကျိန်ဆိုခဲ့သည်ကိုမထီမဲ့မြင်ပြုလျက် တစ်ပါးသူကို အကူအညီတောင်း၏။ ထိုသို့ပြုသောကြောင့် သူသည် ဘေးလွတ်မည်မဟုတ်’ဟု မိန့်တော်မူ၏။
ဂျေရုဆလင်မြို့သို့သွား၍ တုံးမောင်းကိုချထားရန်၊ သတ်မိန့်ပေးရန်၊ စစ်ငြာသံပေးရန်၊ တုံးမောင်းကိုချထားပြီး မြို့တံခါးကို ဖြိုဖျက်ရန်၊ မြေကတုတ်များနှင့် ခံတပ်များကို တည်ဆောက်ရန် သူ၏လက်ယာလက်ထဲသို့ မဲကျ၏။
ထာဝရဘုရားသည် သဝန်တိုသောဘုရား၊ လက်တုံ့ပြန်သောဘုရား ဖြစ်တော်မူ၏။ ထာဝရဘုရားသည် လက်တုံ့ပြန်၏။ အမျက်တော်လည်း ပြင်းထန်၏။ ထာဝရဘုရားသည် ရန်သူတို့ကို လက်တုံ့ပြန်၏။ ရန်သူတို့အတွက် အမျက်တော်သိုထားတော်မူ၏။
အကြောင်းမူကား သင်တို့စီရင်သည့်နည်းလမ်းအတိုင်း သင်တို့သည် စီရင်ခြင်းခံရ၍ သင်တို့တိုင်းတာခြင်တွယ်သည့်စံနှုန်းအတိုင်း သင်တို့အတွက် တိုင်းတာခြင်တွယ်ပေးလိမ့်မည်။
အကြောင်းမူကား ထိုနေ့ရက်များသည် ကျမ်းစာ၌ရေးထားသောအရာအားလုံးပြည့်စုံမည့် ပြစ်ဒဏ်ပေးရာနေ့ရက်များဖြစ်၏။
ချစ်ရသောသူတို့၊ ကိုယ်တိုင်လက်တုံ့မပြန်ဘဲ အမျက်တော်လက်သို့ အပ်နှံထားကြလော့။ အကြောင်းမူကား “ထာဝရဘုရားမိန့်တော်မူသည်မှာ လက်တုံ့ပြန်ခြင်းသည် ငါနှင့်ဆိုင်၏။ ငါကိုယ်တိုင်တုံ့ပြန်မည်”ဟု ကျမ်းစာ၌ရေးထား၏။
သို့ရာတွင် ငါတို့၏မတရားမှုသည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ထင်ရှားစေလျှင် မည်သို့ဆိုရမည်နည်း။ လူသားတစ်ဦးအနေဖြင့်ငါဆိုသော် အမျက်တော်ကိုသက်ရောက်စေတော်မူသောဘုရားသခင်သည် မဖြောင့်မတ်သောအရှင်ဖြစ်သလော။
လက်စားချေခြင်း၊ လက်တုံ့ပြန်ခြင်းသည် ငါနှင့်ဆိုင်၏။ သူတို့သည် အချိန်တန်လျှင် ခြေချော်လိမ့်မည်။ သူတို့၏ဘေးဒုက္ခနေ့ရက်သည်နီးပြီ။ သူတို့ကြုံရမည့်အမှုသည် အလျင်အမြန်ရောက်လာလိမ့်မည်။
လင်းလက်သောငါ့ဓားကို ငါသွေးမည်။ ထိုဓားကိုကိုင်၍ တရားစီရင်မည်။ ငါ့ကိုရန်ပြုသောသူတို့ကိုလက်စားချေမည်။ ငါ့ကိုမုန်းတီးသောသူတို့ကို လက်တုံ့ပြန်မည်။
အို လူမျိုးအပေါင်းတို့၊ လူမျိုးတော်နှင့်အတူ ရွှင်လန်းစွာကြွေးကြော်ကြလော့။ ကိုယ်တော်သည် မိမိအစေအပါးတို့၏သွေးအတွက်လက်တုံ့ပြန်မည်။ မိမိကိုရန်ပြုသောသူတို့အား လက်စားချေတော်မူမည်။ ပြည်တော်၊ လူမျိုးတော်တို့၏အပြစ်ကိုဖြေလွှတ်တော်မူမည်”ဟူ၍ ဖြစ်၏။
ထိုအခါ ကိုယ်တော်သည် ဘုရားသခင်ကိုမသိသောသူတို့နှင့် ငါတို့သခင်ယေရှု၏ကောင်းမြတ်သောသတင်းကို မနာခံသောသူတို့အား တရားသဖြင့်စီရင်တော်မူလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် ကရုဏာမရှိသောသူသည် ကရုဏာကင်းသောတရားစီရင်ခြင်းကိုခံရလိမ့်မည်။ ကရုဏာသည် တရားစီရင်ခြင်းအပေါ်အောင်ပွဲခံတတ်၏။
ဤသို့ဖြင့် လူအပေါင်းတို့သည်လည်း ကြွေးကြော်ကြ၏။ ယဇ်ပုရောဟိတ်တို့သည် တံပိုးမှုတ်ကြ၏။ လူတို့သည် တံပိုးမှုတ်သံကို ကြားရသည်နှင့် ကျယ်လောင်စွာကြွေးကြော်ကြရာ မြို့ရိုးကြီး ပြိုကျသွားကုန်၏။ လူတို့ကလည်း မြို့ထဲသို့ တန်းတန်းမတ်မတ်ဝင်၍ မြို့ကိုသိမ်းပိုက်လေ၏။
ယဇ်ပုရောဟိတ်တို့သည် တံပိုးကိုသံရှည်ဆွဲ၍မှုတ်ရမည်။ တံပိုးမှုတ်သံကိုကြားသောအခါ လူအုပ်ကြီးသည် ကျယ်လောင်စွာအော်ဟစ်ရမည်။ ထိုအခါ မြို့ရိုးကြီး ပြိုကျလိမ့်မည်။ လူတိုင်း မြို့ထဲသို့ တန်းတန်းမတ်မတ် ဝင်သွားရမည်”ဟု မိန့်တော်မူ၏။
အကြောင်းမူကား ထိုသူတို့သည် သန့်ရှင်းသူများနှင့် ပရောဖက်များ၏သွေးကို သွန်းခဲ့ကြသည်ဖြစ်၍ ကိုယ်တော်သည် ထိုသွေးတို့ကို သူတို့အားသောက်ရန် ပေးတော်မူပြီ။ သူတို့သည် ထိုသို့ခံရရန် ထိုက်တန်ပေ၏”ဟု ဆိုသည်ကို ငါကြားရ၏။
သူပေးခဲ့သည့်အတိုင်း သူ့အားပြန်ပေးကြလော့။ သူပြုသောအမှုများအပေါ် နှစ်ဆတိုး၍တုံ့ပြန်ကြလော့။ သူရောစပ်ခဲ့သောခွက်၌ သူ့အတွက်နှစ်ဆရောစပ်ပေးကြလော့။
အကြောင်းမူကား ကိုယ်တော်၏တရားစီရင်တော်မူချက်တို့သည် မှန်ကန်၍ဖြောင့်မတ်၏။ တရားနှင့်မညီမေထုန်ပြုခြင်းအားဖြင့် ကမ္ဘာမြေကြီးအားပျက်စီးစေသည့် ပြည့်တန်ဆာမကြီးကို ကိုယ်တော်သည် စီရင်တော်မူလျက် သူ၏လက်၌စွန်းထင်းသော ကိုယ်တော့်အစေအပါးတို့၏သွေးအတွက် လက်တုံ့ပြန်တော်မူပြီ”ဟု ဆိုကြ၏။
သို့သော် ရှမွေလက သူ့အား “သင့်ဓားသည် မိခင်တို့ကို သားသမီးဆုံးပါးစေသကဲ့သို့ သင့်မိခင်သည်လည်း မိန်းမတို့တွင် သားသမီးဆုံးပါးသူ ဖြစ်ရမည်”ဟု ဆိုပြီး ရှမွေလသည် အာဂတ်ကို ဂိလဂါလမြို့တွင် ထာဝရဘုရားရှေ့တော်၌ အပိုင်းပိုင်းခုတ်ဖြတ်လိုက်လေ၏။