တရားဟော 32:43 - မြန်မာ့စံမီသမ္မာကျမ်း
43 အို လူမျိုးအပေါင်းတို့၊ လူမျိုးတော်နှင့်အတူ ရွှင်လန်းစွာကြွေးကြော်ကြလော့။ ကိုယ်တော်သည် မိမိအစေအပါးတို့၏သွေးအတွက်လက်တုံ့ပြန်မည်။ မိမိကိုရန်ပြုသောသူတို့အား လက်စားချေတော်မူမည်။ ပြည်တော်၊ လူမျိုးတော်တို့၏အပြစ်ကိုဖြေလွှတ်တော်မူမည်”ဟူ၍ ဖြစ်၏။
အခန်းကိုကြည့်ပါ။ ကော်ပီ
43 ``တိုင်းနိုင်ငံတို့၊ထာဝရဘုရား၏လူမျိုး တော်ကို ချီးကူးကြလော့။ ကိုယ်တော်သည်မိမိလူမျိုးတော်ကိုသတ်သူ ရှိသမျှတို့အားဒဏ်ခတ်တော်မူမည်။ ကိုယ်တော်၏ရန်သူတို့ကိုလက်စားချေမည်။ မိမိလူမျိုးတော်၏အပြစ်များကိုလွှတ်တော် မူမည်။''
အခန်းကိုကြည့်ပါ။ ကော်ပီ
43 အို လူ မျိုး ခြား တို့၊ လူ မျိုး တော် ကို ထောက်၍ ကြွေး ကြော် ကြ လော့။ ထာ ဝ ရ ဘု ရား သည်၊ ကျွန် တော် ရင်း တို့ အ သွေး အ တွက်၊ ရန် သူ တော် တို့ အား လက် စား ချေ ခြင်း။ ဆပ် ပေး ခြင်း ကိုလည်း ကောင်း၊ ပြည် တော် နှင့် လူ မျိုး တော့် အ ပြစ် အ ဖို့ ဖြေ ခြင်း ကိုလည်း ကောင်း၊ ပြု တော် မူ လိမ့် မည် ဟူ သော သီ ချင်း ဖွဲ့ ဆို ချက် ရှိ သ မျှ ကို
အခန်းကိုကြည့်ပါ။ ကော်ပီ
43 တစ်ပါးအမျိုးသားတို့၊ သင်တို့သည် ဘုရားသခင်၏ လူမျိုးနှင့်အတူ ဝမ်းမြောက်ခြင်းရှိကြလော့။ အကြောင်းမူကား၊ ကိုယ်တော်၏ကျွန်တို့ကို သတ်သော အပြစ်နှင့်အလျောက် ဒဏ်ပေး၍ ကိုယ်တော်၏ရန်သူတို့၌ အပြစ်တရားကို စီရင်တော်မူမည်။ ပြည်တော်နှင့် မိမိလူမျိုးကို ကယ်မသနားတော်မူမည်ဟူသော၊
အခန်းကိုကြည့်ပါ။ ကော်ပီ