သူတို့ပိုင်ဆိုင်သောစည်းစိမ်ဥစ္စာ ပျက်ပြုန်းလေပြီဖြစ်၍ ငါ့စိတ်နှလုံးသည် မောဘပြည်ကြောင့် ပလွေသံကဲ့သို့ မြည်တမ်းရလိမ့်မည်။ ငါ့စိတ်နှလုံးသည် ကိရဟရက်မြို့သားကြောင့် ပလွေသံကဲ့သို့ မြည်တမ်းရလိမ့်မည်”ဟု မိန့်တော်မူ၏။
``မောဘပြည်သားများနှင့် ကိရဟရက်မြို့ သူမြို့သားများသည်မိမိတို့ပိုင်ဆိုင်သမျှ သောဥစ္စာပစ္စည်းများဆုံးရှုံးကုန်ကြပြီ ဖြစ်၍ ငါ၏စိတ်နှလုံးသည်မသာသီချင်း ကိုပြွေမှုတ်သူကဲ့သို့ထိုသူတို့၏အတွက် ငိုကြွေးမြည်တမ်းမည်။-
ထို့ ကြောင့်၊ မော ဘ ပြည် အ တွက် လည်း ကောင်း၊ ကိ ရ ဟ ရက် မြို့ သား တို့ အ တွက် လည်း ကောင်း၊ ငါ့ စိတ် နှ လုံး သည် ပြွေ သံ ပ မာ မြည် လိမ့် မည်။ ဆည်း ပူး သော ဥ စ္စာ လည်း ပျက် ပြုန်း လေ ပြီ။
ထိုကြောင့်၊ ငါနှလုံးသည် မောဘပြည်အတွက် ပုလွေကဲ့သို့ မြည်ရလိမ့်မည်။ ငါ့နှလုံးသည် ကိရဟရက်မြို့သားတို့အတွက် ပုလွေကဲ့သို့ မြည်ရလိမ့်မည်။ သူတို့ဆည်းပူးသော ဘဏ္ဍာဥစ္စာ ပျက်စီးပြီ။
မြို့တို့ကို ဖြိုဖျက်ပြီး ကောင်းသောလယ်မြေအားလုံးတွင်လည်း ကျောက်တုံးများအပြည့် ပစ်ချထားကြ၏။ ကိရဟရက်မြို့၌ ကျောက်တုံးများသာကျန်တော့သည်အထိ စမ်းရေပေါက်အားလုံးကိုလည်း ပိတ်ဆို့ပစ်ပြီး ကောင်းသောအပင်အားလုံးကိုလည်း ခုတ်လှဲပစ်ကြ၏။ လောက်လွှဲတပ်သားတို့ကလည်း ဝိုင်းဝန်းတိုက်ခိုက်ကြ၏။
အမျက်တော်ထင်ရှားရာနေ့၌ စည်းစိမ်ဥစ္စာသည် အကျိုးမရှိ။ ဖြောင့်မတ်ခြင်းမူကား သေခြင်းမှကယ်နုတ်တတ်၏။
သူတော်ကောင်းသည် သားမြေးတို့အတွက် အမွေကိုချန်ထားတတ်၏။ အပြစ်ပြုသောသူ၏ဥစ္စာပစ္စည်းမူကား ဖြောင့်မတ်သောသူအတွက် သိုမှီးထားခြင်းခံရ၏။
ချမ်းသာသောသူ၏စည်းစိမ်ဥစ္စာသည် သူ၏ခိုင်ခံ့သောမြို့ဖြစ်၏။ ၎င်းကို မြင့်မားသောတံတိုင်းနှင့်တူသည်ဟု သူထင်မှတ်တတ်၏။
ငါ့စိတ်နှလုံးသည် မောဘပြည်အတွက် အော်ဟစ်၏။ ထိုပြည်မှထွက်ပြေးသောသူတို့သည် ဇောရမြို့၊ ဧဂလတ်ရှလိရှမြို့အထိ ပြေးကြ၏။ လုဟိတ်မြို့သို့တက်သွားသောအခါ ငိုကြွေးလျက်တက်သွားကြ၏။ ပျက်စီးခြင်းကြောင့် ဟောရနိမ်မြို့သို့သွားရာလမ်း၌ အသံကိုလွှင့်၍ အော်ဟစ်ကြ၏။
ထို့ကြောင့် သူတို့သည် မိမိတို့သိုမှီးထားသောဥစ္စာနှင့် သိုလှောင်ထားသောအရာများကို မိုးမခပင်ပေါက်ရာချောင်းတစ်ဖက်ကမ်းသို့ သယ်ဆောင်သွားကြလိမ့်မည်။
ထို့ကြောင့် ငါ့စိတ်သည် မောဘပြည်အတွက်၊ ငါ့အသည်းနှလုံးသည် ကိရဟရက်မြို့အတွက် စောင်းသံကဲ့သို့ မြည်တမ်းရ၏။
ကိုယ်တော်၏သန့်ရှင်းသော၊ ဘုန်းအသရေရှိသော ကိန်းဝပ်တော်မူရာကောင်းကင်ဘုံမှ ကြည့်၍ သိမြင်တော်မူပါ။ ကိုယ်တော်၏စိတ်အားထက်သန်မှု၊ ကိုယ်တော်၏အစွမ်းတန်ခိုးသည် အဘယ်မှာနည်း။ ကိုယ်တော်သည် အကျွန်ုပ်အပေါ်ထားရှိသည့် သနားကြင်နာခြင်းစိတ်ကို ချုပ်တည်းတော်မူပြီ။
ခါငှက်သည် မိမိမဥသောဥကိုဝပ်သကဲ့သို့ မတရားသောသူသည် ဓနဥစ္စာသိုမှီးတတ်၏။ သို့သော်လည်း သူသည် သက်တမ်းတစ်ဝက်၌ပင် မိမိဓနဥစ္စာကို စွန့်ထားခဲ့ရ၍ အဆုံး၌ မိုက်မဲသောသူဖြစ်သွားလိမ့်မည်”ဟု မိန့်တော်မူ၏။
ငါ့အူထဲ၊ အသည်းထဲအထိ နာကျင်နေ၏။ ငါ့စိတ် မငြိမ်မသက်ဖြစ်နေ၏။ ငါသည် တိတ်ဆိတ်စွာမနေနိုင်။ တံပိုးမှုတ်သံ၊ စစ်ပွဲကြွေးကြော်သံကို ငါကြားရ၏။
သို့ဖြစ်၍ မောဘပြည်ကြောင့် ငါညည်းတွားငိုကြွေးမည်။ မောဘပြည်တစ်ပြည်လုံးကြောင့် ငါအော်ဟစ်မည်။ ကိရဟရက်မြို့သားတို့ကြောင့် ငါညည်းတွားမည်။