ဟေရှာယ 63:15 - မြန်မာ့စံမီသမ္မာကျမ်း15 ကိုယ်တော်၏သန့်ရှင်းသော၊ ဘုန်းအသရေရှိသော ကိန်းဝပ်တော်မူရာကောင်းကင်ဘုံမှ ကြည့်၍ သိမြင်တော်မူပါ။ ကိုယ်တော်၏စိတ်အားထက်သန်မှု၊ ကိုယ်တော်၏အစွမ်းတန်ခိုးသည် အဘယ်မှာနည်း။ ကိုယ်တော်သည် အကျွန်ုပ်အပေါ်ထားရှိသည့် သနားကြင်နာခြင်းစိတ်ကို ချုပ်တည်းတော်မူပြီ။ အခန်းကိုကြည့်ပါ။Common Language Bible15 အို ထာဝရဘုရား၊ သန့်ရှင်းမြင့်မြတ်၍ဘုန်း အသရေတော်တောက်ပရာကောင်းကင်ဘုံတည်း ဟူသော ကိုယ်တော်ရှင်ကျိန်းဝပ်တော်မူရာအရပ် မှနေ၍ကျွန်တော်မျိုးတို့အားငုံ့၍ကြည့်တော် မူပါ။ ကျွန်တော်မျိုးတို့အတွက်ကိုယ်တော်ရှင် စိုးရိမ်ကြောင့်ကြတော်မူသည်ကားအဘယ်မှာ နည်း။ ကိုယ်တော်ရှင်၏တန်ခိုးတော်သည်အဘယ် မှာနည်း။ ကိုယ်တော်ရှင်၏မေတ္တာနှင့်သနားကြင် နာမှုသည်အဘယ်မှာနည်း။ ကျွန်တော်မျိုး တို့အားလျစ်လူရှုတော်မမူပါနှင့်။- အခန်းကိုကြည့်ပါ။Garrad Bible15 သန့် ရှင်း သော ကြက် သ ရေ စံ ရာ ကောင်း ကင် ဘ ဝဂ် မှ စီး ကြည့် ရှု မြင် တော် မူ ပါ။ စေ တ နာ ထက် သန် ခြင်း နှင့် တန် ခိုး တော် ပြ ခြင်း ကား အ ဘယ် မှာ နည်း။ အ ကျွန်ုပ် အား သ နား သော စိတ် နှင့် က ရု ဏာ အ ဟုန် ကို ချုပ် တည်း တော် မူ လေ ပြီ။ အခန်းကိုကြည့်ပါ။Judson Bible15 ကောင်းကင်ဘုံက ငုံ့ကြည့်တော်မူပါ။ သန့်ရှင်း၍ ဘုန်းကြီးသောနေရာက ကြည့်ရှုတော်မူပါ။ စိတ်တော်အားကြီး၍ တန်ခိုးကို ပြတော်မူခြင်း၊ ကရုဏာတော်လှုပ်ရှား၍ အကျွန်ုပ်တို့ကို သနားစုံမက်တော်မူခြင်းသည် အဘယ်မှာရှိပါသနည်း။ ချုပ်တည်းတော်မူသလော။ အခန်းကိုကြည့်ပါ။ |
မြင့်မြတ်၍ချီးမြှောက်ခြင်းခံတော်မူသော၊ ထာဝရအသက်ရှင်တော်မူသော၊ သန့်ရှင်းခြင်းဟု နာမရှိတော်မူသောအရှင်က “ငါသည် စိတ်နှလုံးကျိုးပဲ့ကြေမွသောသူ၊ စိတ်နှိမ့်ချသောသူတို့နှင့်အတူ အထွတ်အမြတ်ထားရာအရပ်၊ သန့်ရှင်းသောအရပ်၌ ကိန်းဝပ်၏။ စိတ်အားငယ်သောသူ၊ စိတ်နှလုံးကျိုးပဲ့ကြေမွသောသူတို့ကို အားဖြည့်ပေးရန် သူတို့တွင် ငါကိန်းဝပ်၏။
သူ၏အာဏာစက်သည် အစဉ်တိုးပွား၍ ငြိမ်သက်ခြင်းသည် အဆုံးမရှိ။ ဒါဝိဒ်၏ရာဇပလ္လင်ပေါ်တွင်ထိုင်၍ နိုင်ငံတော်ကို ယခုမှစ၍ နောင်ကာလအစဉ် တရားမျှတခြင်း၊ ဖြောင့်မတ်ခြင်းတို့ဖြင့် တည်တံ့ခိုင်မြဲစေမည်။ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် စိတ်အားထက်သန်စွာဖြင့် ဤအမှုကို ပြုတော်မူလိမ့်မည်။
ကိုယ်တော်၏သန့်ရှင်းသောကိန်းဝပ်တော်မူရာအရပ်ဖြစ်သော ကောင်းကင်ဘုံမှ ငုံ့ကြည့်တော်မူပါ။ ကိုယ်တော်၏လူမျိုးတော်အစ္စရေးကိုလည်းကောင်း၊ အကျွန်ုပ်တို့၏ဘိုးဘေးတို့အား ကျိန်ဆိုတော်မူခဲ့သည့်အတိုင်း အကျွန်ုပ်တို့အား ပေးတော်မူသည့် နို့နှင့်ပျားရည်စီးသောပြည်ကိုလည်းကောင်း ကောင်းချီးပေးတော်မူပါ’ဟု လျှောက်ဆိုရမည်။