တစ်ဆယ့်လေးနှစ်မြောက်တွင် ခေဒေါရလောမာမင်းကြီးသည် မဟာမိတ်ဘုရင်တို့နှင့်တကွချီတက်လာ၍ အာရှတရုတ်ကာနိမ်မြို့၌ ရေဖိမ်လူမျိုးကိုလည်းကောင်း၊ ဟာမမြို့၌ ဇူဇိမ်လူမျိုးကိုလည်းကောင်း၊ ရှာဗက်ကိရယသိမ်မြို့၌ ဧမိမ်လူမျိုးကိုလည်းကောင်း၊
ယေရမိ 48:1 - မြန်မာ့စံမီသမ္မာကျမ်း မောဘပြည်နှင့်ပတ်သက်၍ အစ္စရေးလူမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “နေဗောမြို့သည် အမင်္ဂလာရှိ၏၊ ဖျက်ဆီးခံရပြီ။ ကိရယသိမ်မြို့သည် အရှက်ကွဲပြီ၊ သိမ်းပိုက်ခံရပြီ။ ခံတပ်မြို့သည် အရှက်ကွဲပြီ၊ ပြိုကွဲပြီ။ Common Language Bible မောဘပြည်ကိုရည်မှတ်၍အနန္တတန်ခိုးရှင် ထာဝရဘုရားမိန့်တော်မူသည်ကားဤသို့ တည်း။ ``နေဗောမြို့သူမြို့သားတို့အားကရုဏာ သက်ကြလော့။ သူတို့၏မြို့သည်ပျက်စီး၍သွားလေပြီ။ ကိရယသိမ်မြို့သည်ဖမ်းဆီးသိမ်းယူခြင်း ကိုခံ၍၊ ထိုမြို့၏ခံတပ်များသည်ဖြိုပျက်လျက် မြို့သူမြို့သားတို့သည်လည်းအရှက်ကွဲရ ကြ၏။ Garrad Bible မော ဘ ပြည် အ ကြောင်း၊ နေ ဗော မြို့ ပျက် စီး သည့် အ တွက် အ ကျိုး နည်း လေ စွ။ ကိ ရ ယ သိမ် မြို့ အ ရှက် ကွဲ၍၊ သိမ်း ယူ ခံ ရ လေ ပြီ။ မိ သ ဂပ် မြို့ လည်း အ ရှက် ရ ၍ ပြို ပျက် လေ စွ။ Judson Bible ဣသရေလအမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် မောဘပြည်ကို ရည်မှတ်၍ မိန့်တော်မူသည်ကား၊ နေဗောမြို့သည် အမင်္ဂလာရှိ၏။ ပျက်စီးခြင်းသို့ ရောက်လေ၏။ ကိရယသိမ်မြို့သည် ရှုံး၍ လုယူခြင်းကို ခံရ၏။ မိသဂပ်မြို့သည်လည်းရှုံး၍ စိတ်ပျက်လေ၏။ |
တစ်ဆယ့်လေးနှစ်မြောက်တွင် ခေဒေါရလောမာမင်းကြီးသည် မဟာမိတ်ဘုရင်တို့နှင့်တကွချီတက်လာ၍ အာရှတရုတ်ကာနိမ်မြို့၌ ရေဖိမ်လူမျိုးကိုလည်းကောင်း၊ ဟာမမြို့၌ ဇူဇိမ်လူမျိုးကိုလည်းကောင်း၊ ရှာဗက်ကိရယသိမ်မြို့၌ ဧမိမ်လူမျိုးကိုလည်းကောင်း၊
သမီးအကြီးသည် သားကိုမွေးဖွား၍ သူ၏အမည်ကို မောဘ ဟုမှည့်ခေါ်လေ၏။ သူသည် ယနေ့တိုင်အောင် မောဘလူမျိုးတို့၏ဖခင်ဖြစ်၏။
အစ္စရေးလူမျိုးတို့ အီဂျစ်ပြည်မှထွက်လာခဲ့စဉ်က ကိုယ်တော်သည် အမ္မုန်အမျိုးသား၊ မောဘအမျိုးသား၊ စိရတောင်ပေါ်သားတို့၏နယ်မြေကို အစ္စရေးလူမျိုးတို့အား ကျူးကျော်ခွင့်မပေး။ ထို့ကြောင့် အစ္စရေးလူမျိုးတို့သည် သူတို့ပြည်ကို မဖျက်ဆီးဘဲ ရှောင်သွားခဲ့ပါ၏။
ထာဝရဘုရားသည် လက်တော်ကို ဤတောင်ပေါ်တွင်တင်ထားတော်မူမည်။ နွားချေးပုံ၌ ကောက်ရိုးကိုနင်းနယ်သကဲ့သို့ မောဘပြည်ကို နင်းနယ်တော်မူမည်။
ထိုပြည်၏မြင့်မားသောခံတပ်မြို့ရိုးကို နှိမ့်ချဖြိုလှဲတော်မူမည်။ မြေတိုင်အောင်၊ မြေမှုန့်တိုင်အောင် ရောက်စေတော်မူမည်။
ငါထာဝရဘုရားသည် ထိုဥယျာဉ်ကို စောင့်ရှောက်၏။ မကြာခဏ ရေလောင်းပေး၏။ မည်သူမျှ မဖျက်ဆီးစေရန် နေ့ညမပြတ် စောင့်ရှောက်၏။
ထို့နောက် ဂျေရုဆလင်မြို့ရှိ ယုဒဘုရင်ဇေဒကိမင်းကြီးရှိရာသို့ ရောက်လာသော သံတမန်တို့မှတစ်ဆင့် ဧဒုံဘုရင်၊ မောဘဘုရင်၊ အမ္မုန်ဘုရင်၊ တိုင်ရာဘုရင်၊ ဆီဒုန်ဘုရင်တို့ထံသို့ ကြိုးနှင့်ထမ်းပိုးတို့ကို ပေးပို့လော့။
ငါသည် အီဂျစ်လူမျိုး၊ ယုဒလူမျိုး၊ ဧဒုံလူမျိုး၊ အမ္မုန်အမျိုးသား၊ မောဘအမျိုးသားနှင့် တောကန္တာရ၌နေထိုင်ကြသည့်နားသယ်မွေးရိတ်လေ့ရှိသောသူအားလုံးတို့ကို အပြစ်ဒဏ်ပေးမည်။ အကြောင်းမူကား လူမျိုးအပေါင်းတို့သည် အရေဖျားမလှီးသောသူများဖြစ်ကြ၏။ အစ္စရေးအမျိုးသားရှိသမျှတို့သည်လည်း စိတ်နှလုံးအရေဖျားမလှီးသောသူများဖြစ်ကြ၏”ဟု မိန့်တော်မူ၏။
သူ့ကို ငါတွေ့၏။ သို့သော် ယခုမဟုတ်။ သူ့ကို ငါမြင်၏။ သို့သော် အနီးမှာမဟုတ်။ ယာကုပ်အမျိုးထဲမှ ကြယ်တစ်လုံးပေါ်ထွန်းလိမ့်မည်။ အစ္စရေးလူမျိုးထဲမှ ရာဇလှံတံ ပေါ်ပေါက်လိမ့်မည်။ သူသည် မောဘပြည်စွန်းတိုင်အောင် ချေမှုန်း၍ ရှေသအမျိုးသားအားလုံးကို ဖျက်ဆီးလိမ့်မည်။