ယာကုပ်သည် ပါဒန်အာရံပြည်မှ ထွက်ခွာပြီးနောက် ခါနာန်ပြည်ရှိ ရှေခင်မြို့သို့ ကောင်းမွန်စွာရောက်ရှိလာပြီး ထိုမြို့၏အရှေ့ဘက်၌ စခန်းချလေ၏။
ယေရမိ 41:5 - မြန်မာ့စံမီသမ္မာကျမ်း ရှေခင်မြို့၊ ရှိလောမြို့၊ ရှမာရိမြို့တို့မှ လူအယောက်ရှစ်ဆယ်တို့ ရောက်လာကြ၏။ သူတို့သည် မုတ်ဆိတ်ရိတ်ထားကြ၏။ သူတို့၏အဝတ်လည်း စုတ်ပြဲနေ၏။ ကိုယ်ကိုလည်း မွှမ်းထားကြ၏။ လက်ထဲတွင်လည်း ထာဝရဘုရား၏အိမ်တော်အဖို့ ဘောဇဉ်ပူဇော်သက္ကာနှင့် လော်ဗန်တို့ကို ယူဆောင်လာကြ၏။ Common Language Bible ရှေခင်၊ ရှိလောနှင့်ရှမာရိမြို့တို့မှလူရှစ် ဆယ်တို့ရောက်ရှိလာကြ၏။ သူတို့သည်မုတ် ဆိတ်များကိုရိတ်ပြီးလျှင် မိမိတို့၏အဝတ် များကိုဆွဲဆုတ်ကာကိုယ်ခန္ဓာကိုလည်းထိရှ ၍ထားကြ၏။ သူတို့သည်ဗိမာန်တော်တွင် ပူဇော်ရန်ပူဇော်သကာနှင့်နံ့သာပေါင်း ကိုဆောင်ယူလာကြလေသည်။- Garrad Bible မုတ် ဆိတ် ရိတ် ခြင်း၊ အ ဝတ် ဆုတ် ခြင်း၊ ကိုယ် ကို ထိ ရှ ခြင်း ပြု ပြီး သော၊ ရှေ ခင်၊ ရှိ လော၊ ရှ မာ ရိ မြို့ သား ရှစ် ကျိပ် တို့ သည်၊ ဗိ မာန် တော် ၌ ဆက် ကပ် ရန် ပူ ဇော် သ က္ကာ နှင့် လော ဗန် စေး များ ကို ဆောင် သွား ကြ စဉ်၊ Judson Bible ရှေခင်မြို့၊ ရှိလောမြို့၊ ရှမာရိမြို့မှ ထွက်လာသော လူရှစ်ကျိပ်တို့သည် မိမိတို့မုတ်ဆိတ်ကို ရိတ်ပြီးလျှင်၊ အဝတ်စုတ်ကိုဝတ်၍ ရှနသောကိုယ်ရှိလျက်၊ ပူဇောသကာနှင့် နံ့သာပေါင်းကို ဗိမာန်တော်သို့ဆောင်ခဲ့လျက် ရောက်လာကြ၏။ |
ယာကုပ်သည် ပါဒန်အာရံပြည်မှ ထွက်ခွာပြီးနောက် ခါနာန်ပြည်ရှိ ရှေခင်မြို့သို့ ကောင်းမွန်စွာရောက်ရှိလာပြီး ထိုမြို့၏အရှေ့ဘက်၌ စခန်းချလေ၏။
ထိုပြည်၏မင်းဖြစ်သောဟိဝိလူမျိုးဟာမော်၏သား ရှေခင်သည် သူ့ကိုမြင်လျှင် ခေါ်ဆောင်သွား၍ သူနှင့်အိပ်ခြင်းဖြင့် သူ့အသရေကိုရှုတ်ချလေ၏။
ထို့နောက် ယောသပ်၏အစ်ကိုတို့သည် ရှေခင်မြို့အနီးတွင် ဖခင်၏သိုးဆိတ်တို့ကို ထိန်းကျောင်းရန်ထွက်ခွာသွားကြ၏။
ထို့ကြောင့် ဟာနုန်မင်းကြီးသည် ဒါဝိဒ်မင်းကြီး၏မင်းမှုထမ်းတို့ကိုဖမ်းပြီး သူတို့၏မုတ်ဆိတ်ကို တစ်ခြမ်းရိတ်ပြီးလျှင် သူတို့ဝတ်ရုံကိုလည်း တင်ပါးအထိ အလယ်တည့်တည့်မှ ညှပ်ပစ်ကာ ပြန်လွှတ်လိုက်၏။
အစ္စရေးလူမျိုးတစ်မျိုးလုံးသည် ရောဗောင်ကိုမင်းမြှောက်ရန် ရှေခင်မြို့သို့ရောက်လာကြသဖြင့် ရောဗောင်သည်လည်း ရှေခင်မြို့သို့သွား၏။
ထို့နောက်တွင် ယေရောဗောင်မင်းကြီးသည် ဧဖရိမ်တောင်ပေါ်တွင် ရှေခင်မြို့ကိုတည်၍ နေထိုင်၏။ ထို့နောက် ရှေခင်မြို့မှထွက်ခွာပြီး ပေနွေလမြို့ကို တည်ပြန်၏။
ထို့နောက် သူသည် ရှမေရထံမှ ရှမာရိတောင်ကို ငွေနှစ်တာလန်နှင့်ဝယ်ယူပြီး ထိုတောင်ပေါ်၌ မြို့တည်၏။ တောင်ပိုင်ရှင်အမည်ရှမေရကို အစွဲပြု၍ ထိုမြို့၏အမည်ကို ရှမာရိမြို့ဟု ခေါ်ဝေါ်၏။
ယုဒဘုရင်အာသမင်းကြီး နန်းစံသုံးဆယ့်ရှစ်နှစ်တွင် ဩမရိမင်းကြီး၏သားတော်အာဟပ် နန်းတက်၏။ ဩမရိမင်းကြီး၏သားတော်အာဟပ်သည် ရှမာရိမြို့တွင် အစ္စရေးလူမျိုးတို့ကို နှစ်ဆယ့်နှစ်နှစ် အုပ်စိုး၏။
သူသည် ထာဝရဘုရား၏အိမ်တော်မှစ၍ ဘုရင့်နန်းတော်နှင့် ဂျေရုဆလင်မြို့ရှိ အိမ်အားလုံးကို မီးရှို့၏။ မှူးကြီးမတ်ရာတို့၏အိမ်အားလုံးကိုလည်း မီးရှို့လေ၏။
ထို့ကြောင့် ဟာနုန်မင်းကြီးသည် ဒါဝိဒ်မင်းကြီး၏မင်းမှုထမ်းတို့ကိုဖမ်းပြီး သူတို့၏မုတ်ဆိတ်ကို ရိတ်ပြီးလျှင် သူတို့၏ဝတ်ရုံကိုလည်း တင်ပါးအထိ အလယ်တည့်တည့်မှညှပ်ပစ်ကာ ပြန်လွှတ်လိုက်၏။
အကယ်စင်စစ် ကိုယ်တော်၏အစေအပါးတို့သည် ဇိအုန်၏ကျောက်တုံးများကို နှစ်သက်၍ ၎င်း၏မြေမှုန့်ကိုပင် စုံမက်ကြပါ၏။
ထို့ကြောင့် ကိုယ်တော်သည် ရှိလောအရပ်ရှိ ကိန်းဝပ်တော်မူရာတဲတော်ဖြစ်သည့် လူတို့အလယ်၌ တည်ဆောက်ထားတော်မူသောတဲတော်ကို ပစ်ပယ်တော်မူ၏။
မောဘပြည်သားတို့သည် မြင့်ရာအရပ်ရှိ အိမ်တော်သို့၊ ဒိဘုန်မြို့သို့ တက်သွား၍ ငိုကြွေးကြပြီ။ နေဗောမြို့၊ မေဒဘမြို့အတွက် ညည်းတွားငိုကြွေးကြပြီ။ သူတို့အားလုံး ခေါင်းတုံးတုံးကြ၏။ မုတ်ဆိတ်ရိတ်ကြ၏။
ထာဝရဘုရားက “ဤပြည်ရှိ လူအယုတ်အမြတ်၊ အကြီးအငယ်မရွေး သေကြရမည်။ သို့သော် သင်္ဂြိုဟ်ခံရမည်မဟုတ်။ သူတို့အတွက် ငိုကြွေးမြည်တမ်းမည့်သူ၊ ကိုယ့်အသားကို ကိုယ်မွှမ်းမည့်သူ၊ ခေါင်းတုံးတုံးမည့်သူ ရှိမည်မဟုတ်။
ဂါဇမြို့သည် ခေါင်းတုံးဖြစ်လေပြီ။ အာရှကေလုန်မြို့သည် ဆိတ်ညံလေပြီ။ အို ချိုင့်ဝှမ်း၌ ကြွင်းကျန်သောသူတို့၊ မည်သည့်အချိန်အထိ ကိုယ့်အသားကို ကိုယ်မွှမ်းကြမည်နည်း။
“သူတို့အားလုံး ခေါင်းတုံးတုံး၍ မုတ်ဆိတ်ရိတ်ကြ၏၊ လက်ကိုမွှမ်း၍ ခါး၌လျှော်တေအဝတ်ကိုဝတ်ပြီးလျှင်
“ငါ၏နာမတော် အဦးဆုံးတည်ရာ ရှိလောအရပ်ရှိ ငါကိန်းဝပ်ရာအရပ်သို့ ယခုသွားကြလော့။ ငါ့လူမျိုးတော်ဖြစ်သည့် အစ္စရေးလူမျိုး၏ဆိုးညစ်မှုကြောင့် ထိုအရပ်ကို ငါမည်သို့ပြုခဲ့သည်ကို ကြည့်ကြလော့။
သို့ဖြစ်၍ သင်တို့ယုံကြည်ကိုးစားရာဖြစ်သည့် ငါ့နာမဖြင့်ခေါ်ဝေါ်သမုတ်သော အိမ်တော်ကိုလည်းကောင်း၊ သင်တို့နှင့်သင်တို့ဘိုးဘေးတို့အား ငါပေးသောပြည်ကိုလည်းကောင်း ရှိလောအရပ်၌ ပြုခဲ့သည့်နည်းတူ ငါပြုမည်။
သင်တို့သည် အဝတ်ကိုမဆုတ်၊ နှလုံးသားကိုဆုတ်ပြီး သင်တို့၏ဘုရားသခင်ထာဝရဘုရားထံတော်သို့ ပြန်လာကြလော့။ အကြောင်းမူကား ကိုယ်တော်သည် ကျေးဇူးပြုတတ်သော၊ သနားစုံမက်တတ်သော၊ စိတ်ရှည်သော၊ မေတ္တာကရုဏာကြွယ်ဝသော၊ ဘေးအန္တရာယ်ကို လွှဲဖယ်ပေးတော်မူတတ်သောဘုရား ဖြစ်၏။
သင်တို့သည် သင်တို့၏ဘုရားသခင်ထာဝရဘုရား၏သားသမီးများဖြစ်ကြ၏။ သေဆုံးသူအတွက် ကိုယ့်အသား ကိုယ်မမွှမ်းရ၊ သင်တို့၏ဦးစွန်းကိုမရိတ်ရ။
ထိုပြည်ကို အောင်နိုင်ပြီးနောက် အစ္စရေးလူထုတစ်ရပ်လုံး ရှိလောအရပ်၌ စုရုံး၍ တွေ့ဆုံစည်းဝေးရာတဲတော်ကို တည်ကြ၏။
သူတို့သည် အစ္စရေးအမျိုးသားတို့ အီဂျစ်ပြည်မှယူဆောင်လာခဲ့သော ယောသပ်၏အရိုးကို ရှေခင်၏ဖခင်ဟာမော်၏သားများထံမှ ငွေစတစ်ရာဖြင့် ယာကုပ်ဝယ်ယူထားသော ရှေခင်မြို့ရှိမြေကွက်တွင် သင်္ဂြိုဟ်ကြ၏။ ထိုမြေကွက်သည် ယောသပ်သားမြေးတို့ပိုင်သော အမွေမြေဖြစ်၏။
သူတို့သည် ရှိလောမြို့၌ ဘုရားသခင်၏အိမ်တော်တည်နေသည့်ကာလပတ်လုံး မိက္ခာထုလုပ်သောရုပ်တုကို မိမိတို့အဖို့ ထားရှိကြ၏။
ယေရုဗ္ဗာလ၏သား အဘိမလက်သည် မိခင်ဘက်မှ ညီအစ်ကိုတို့ရှိရာ ရှေခင်မြို့သို့သွားပြီး မိခင်ဘက်မှ ဘိုးဘေးမျိုးနွယ်စုတို့အား
ဟန္နသည် တစ်နှစ်ပြီးတစ်နှစ် ထာဝရဘုရား၏အိမ်တော်သို့ သွားသည့်အခါတိုင်း ပြိုင်ဖက်သည် သူ့ကို ဒေါသထွက်အောင် ဆွလေ၏။ ထို့ကြောင့် သူသည် အစာမစားဘဲ ငို၍သာနေရ၏။