တရားဟော 14:1 - မြန်မာ့စံမီသမ္မာကျမ်း1 သင်တို့သည် သင်တို့၏ဘုရားသခင်ထာဝရဘုရား၏သားသမီးများဖြစ်ကြ၏။ သေဆုံးသူအတွက် ကိုယ့်အသား ကိုယ်မမွှမ်းရ၊ သင်တို့၏ဦးစွန်းကိုမရိတ်ရ။ အခန်းကိုကြည့်ပါ။Common Language Bible1 ``သင်တို့သည်သင်တို့ဘုရားသခင်ထာဝရ ဘုရား၏လူမျိုးတော်ဖြစ်သောကြောင့် သေဆုံး သူအတွက်ဝမ်းနည်းကြေကွဲကြသောအခါ ကိုယ်ခန္ဓာကိုကွဲရှပွန်းပဲ့စေခြင်း၊ ဆံဦး စွန်းကိုရိတ်ခြင်းမပြုရ။- အခန်းကိုကြည့်ပါ။Garrad Bible1-2 သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား၏ သား များ ဖြစ် သော သင် တို့ သည်၊ မြေ ကြီး ပေါ် ရှိ လူ မျိုး တ ကာ ထက် ပိုင် ဆိုင် ရာ လူ မျိုး တော် အ ဖြစ် ထာ ဝ ရ ဘု ရား ရွေး ချယ် တော် မူ သည့် အ တိုင်း၊ ကိုယ့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား အ ဖို့ သီး သန့် သော လူ မျိုး ဖြစ် သော ကြောင့်၊ သူ သေ တို့ အ တွက် ကိုယ် ကို ထိ ရှ ခြင်း၊ မျက် မှောင် အ ထက် ဦး ဆံ ပယ် ခြင်း ကို မ ပြု ကြ ရ။ အခန်းကိုကြည့်ပါ။Judson Bible1 သင်တို့သည် သင်တို့ဘုရားသခင် ထာဝရဘုရား၏သားဖြစ်ကြ၏။ သေသောသူအတွက် အသားကိုမခုတ်မရှရ။ မျက်မှောင်ကြားမှာ အမွေးကိုမရိတ်ရ။ အခန်းကိုကြည့်ပါ။ |
အကြောင်းမူကား ခပ်သိမ်းသောအရာတို့၏အကြောင်းခံနှင့် ခပ်သိမ်းသောအရာတို့၏အရင်းအမြစ်ဖြစ်တော်မူသောဘုရားသခင်သည် များစွာသောသားတို့ကို ဘုန်းအသရေတော်ထဲသို့ခေါ်ဆောင်လာရာ၌ သူတို့၏ကယ်တင်ခြင်းကိုအစပြုဖြစ်တည်စေသောအရှင်အား ဒုက္ခဝေဒနာအားဖြင့် စုံလင်စေတော်မူသည်မှာ သင့်လျော်ပေ၏။