၁ ရာချုပ် 19:4 - မြန်မာ့စံမီသမ္မာကျမ်း4 ထို့ကြောင့် ဟာနုန်မင်းကြီးသည် ဒါဝိဒ်မင်းကြီး၏မင်းမှုထမ်းတို့ကိုဖမ်းပြီး သူတို့၏မုတ်ဆိတ်ကို ရိတ်ပြီးလျှင် သူတို့၏ဝတ်ရုံကိုလည်း တင်ပါးအထိ အလယ်တည့်တည့်မှညှပ်ပစ်ကာ ပြန်လွှတ်လိုက်၏။ အခန်းကိုကြည့်ပါ။Common Language Bible4 ဟာနုန်သည်ဒါဝိဒ်၏ စေတမန်တို့ကိုဖမ်း ဆီးကာမုတ်ဆိတ်များကိုရိတ်၍ အဝတ်များ ကိုတင်ပါးအထိဖြတ်ပြီးလျှင်သူတို့ အားပြန်၍လွှတ်လိုက်၏။- အခန်းကိုကြည့်ပါ။Garrad Bible4 ဟာ နုန် မင်း သည် ဒါ ဝိဒ် မင်း ရာ ဇ သံ တို့ ကို ဖမ်း ပြီး လျှင် မုတ် ဆိတ် ပါး မြိုင်း ကို ရိတ် လျက် တင် ပါး ထိ အ ဝတ် တစ် ပိုင်း ကို ဖြတ် လျက် လွှတ် လိုက်၏။ အခန်းကိုကြည့်ပါ။Judson Bible4 ဟာနုန်သည် ဒါဝိဒ်၏ကျွန်တို့ကို ယူပြီးလျှင်၊ မုတ်ဆိတ်ကိုရိတ်၍ အဝတ်ကို တင်ပါးတိုင်အောင်ဖြတ်ပြီးမှ လွှတ်လိုက်လေ၏။ အခန်းကိုကြည့်ပါ။ |
အမ္မုန်အမျိုးသားအကြီးအကဲတို့က ဟာနုန်မင်းကြီးအား “ဒါဝိဒ်မင်းကြီးသည် အရှင့်ခမည်းတော်ကို ရိုသေလေးစားသဖြင့် အရှင့်ထံ နှစ်သိမ့်သူများကိုစေလွှတ်သည်ဟု အရှင်ထင်သလော။ ထိုသို့မဟုတ်။ အရှင့်ထံသို့ ဒါဝိဒ်မင်းကြီး၏မင်းမှုထမ်းတို့ရောက်လာခြင်းမှာ တိုင်းပြည်ကို စူးစမ်းထောက်လှမ်း၍ တိုက်ခိုက်မှောက်လှန်ရန်သာ ဖြစ်သည်”ဟု လျှောက်တင်ကြ၏။