Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ရ​မိ 7:14 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

14 သို့ဖြစ်၍ သင်​တို့​ယုံကြည်ကိုးစား​ရာ​ဖြစ်​သည့် ငါ့​နာမ​ဖြင့်​ခေါ်ဝေါ်သမုတ်​သော အိမ်​တော်​ကို​လည်းကောင်း​၊ သင်​တို့​နှင့်​သင်​တို့​ဘိုးဘေး​တို့​အား ငါ​ပေး​သော​ပြည်​ကို​လည်းကောင်း ရှိလော​အရပ်​၌ ပြု​ခဲ့​သည့်​နည်းတူ ငါ​ပြု​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

14 သို့​ဖြစ်​၍​သင်​တို့​ယုံ​ကြည်​အား​ထား​သည့် ဤ​ငါ​၏​ဗိ​မာန်၊ ငါ​၏​နာ​မ​ကို​ဆောင်​သော ဤ​အိမ်​တော်​ကို​ရှိ​လော​ရွာ​နည်း​တူ​ငါ​ပြု မည်။ သင်​တို့​ဘိုး​ဘေး​များ​နှင့်​သင်​တို့​အား ငါ​ပေး​ခဲ့​သည့်​ဤ​အ​ရပ်​ဌာ​န​ကို​ရှိ​လော ရွာ​နည်း​တူ​ငါ​ပြု​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

14 ရှိ လော မြို့ ကို ငါ စီ ရင် ခဲ့ သည့် နည်း တူ၊ နာ မ တော် ဖြင့် သ မုတ် ခံ သော၊ သင် တို့ စိတ် ချ ရာ ဤ ဗိ မာန် တော် ကို လည်း‌ ကောင်း၊ ဘိုး ဘေး တို့ မှ စ၍ သင် တို့ အား ငါ ပေး ခဲ့ သော၊ ဤ ဒေ သ အ ရပ် ကို လည်း‌ ကောင်း၊ စီ ရင် သည့် ပြင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

14 ရှိ​လော​ရွာ​ကို ငါ​ပြု​သ​ကဲ့​သို့၊ ငါ၏​နာ​မ​ဖြင့် သ​မုတ်​သော၊ သင်​တို့​ခို​လှုံ​သော ဤ​အိမ်​တော်၊ သင်​တို့​နှင့် ဘိုး​ဘေး​တို့​အား ငါ​ပေး​သော အ​ရပ်​ဌာ​န​ကို ငါ​ပြု​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ရ​မိ 7:14
28 ပူးပေါင်းရင်းမြစ်များ  

သူ​သည် ထာဝရဘုရား​၏​အိမ်​တော်​မှစ၍ ဘုရင့်​နန်းတော်​နှင့် ဂျေရုဆလင်​မြို့​ရှိ အိမ်​အားလုံး​ကို မီးရှို့​၏​။ မှူးကြီးမတ်ရာ​တို့​၏​အိမ်​အားလုံး​ကို​လည်း မီး​ရှို့​လေ​၏​။


ဤ​သန့်ရှင်းမြင့်မြတ်​သော​အိမ်​တော်​အနား​မှ ဖြတ်သွား​သော​သူ​တိုင်း အံ့အားသင့်​လျက် ‘​ဤ​ပြည်​နှင့် ဤ​အိမ်​တော်​ကို အဘယ်ကြောင့် ထာဝရဘုရား​ဤသို့​ပြု​တော်မူ​သနည်း​’​ဟု ဆို​ကြ​လိမ့်မည်​။


ထို့ကြောင့် ကိုယ်တော်​သည် ရှိလော​အရပ်​ရှိ ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​ဖြစ်​သည့် လူ​တို့​အလယ်​၌ တည်ဆောက်​ထား​တော်မူ​သော​တဲ​တော်​ကို ပစ်ပယ်​တော်မူ​၏​။


အကျွန်ုပ်​တို့​၏​ဘိုးဘေး​များ ကိုယ်တော်​ကို​ချီးမွမ်း​ရာ​အရပ်​ဖြစ်​သည့် သန့်ရှင်း​၍ ဂုဏ်ကျက်သရေ​ရှိ​သော အကျွန်ုပ်​တို့​၏​အိမ်​တော်​သည် မီးလောင်​သွား​လေ​ပြီ​။ ကျွန်ုပ်​တို့​နှစ်သက်မြတ်နိုး​သော​အရာ​ရှိသမျှ​တို့​သည် ပျက်စီး​သွား​လေ​ပြီ​။


ငါ့​အိမ်​ကို ငါ​စွန့်ပစ်​ပြီ​။ ငါ့​အမွေ​ကို​လည်း ငါ​ပစ်ထား​ပြီ​။ ငါ့​အသက်တမျှ​ချစ်​ရ​သော​သူ​ကို ရန်သူ​လက်​သို့ ငါ​အပ်​လိုက်​ပြီ​။


ကြည့်ရှု​လော့​။ ငါ​သည် သင်​တို့​ကို လုံးဝ​မေ့ပစ်​မည်​။ သင်​တို့​နှင့်တကွ သင်​တို့​နှင့်​သင်​တို့​ဘိုးဘေး​တို့​အား ငါ​ပေး​သော​မြို့​ကို ငါ​၏​ရှေ့မှောက်​မှ ဖယ်ရှား​ပစ်​မည်​။


“​ယုဒ​ဘုရင်​ဟေဇကိ​မင်းကြီး​လက်ထက်​တွင် မောရရှက်​မြို့သား​မိက္ခာ​က ယုဒ​လူမျိုး​အပေါင်း​တို့​အား ‘​ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က ဇိအုန်​တောင်​သည် လယ်​ကဲ့သို့ ထွန်ယက်​ခြင်း​ကို​ခံရ​လိမ့်မည်​။ ဂျေရုဆလင်​မြို့​သည် အပြိုအပျက်ပုံ​ဖြစ်​လိမ့်မည်​။ အိမ်​တော်​တည်​ရာ​တောင်​သည် တောအုပ်​ဖြစ်​လိမ့်မည်​ဟူ၍ မိန့်​တော်မူ​သည်’​ဟု ပရောဖက်ပြု​ဟောပြော​ခဲ့​သည်​ကို


တစ်ဖန် သူ​တို့​အား “​ထာဝရဘုရား​က ‘ငါ့​စကား​ကို သင်​တို့​နား​မ​ထောင်​၊ သင်​တို့​ကို ငါ​ချပေး​ထား​သော​ပညတ်တရား​အတိုင်း မ​လိုက်လျှောက်​၊


ငါ့​နာမ​ဖြင့်​ခေါ်ဝေါ်သမုတ်​သော ဤ​အိမ်​တော်​တွင် ငါ့​ရှေ့​၌ လာ​၍​ရပ်​ပြီးလျှင် ‘​ငါ​တို့​အပြစ်လွတ်​ပြီ​။ ဤ​စက်ဆုပ်ရွံရှာဖွယ်​အားလုံး​ကို ဆက်လက်​ပြု​နိုင်​ပြီ​’​ဟု သင်​တို့​ဆို​ကြ​မည်လော​။


“​ငါ​၏​နာမ​တော် အဦးဆုံး​တည်​ရာ ရှိလော​အရပ်​ရှိ ငါ​ကိန်းဝပ်​ရာ​အရပ်​သို့ ယခု​သွား​ကြ​လော့​။ ငါ့​လူမျိုး​တော်​ဖြစ်​သည့် အစ္စရေး​လူမျိုး​၏​ဆိုးညစ်မှု​ကြောင့် ထို​အရပ်​ကို ငါ​မည်သို့​ပြု​ခဲ့​သည်​ကို ကြည့်​ကြ​လော့​။


‘​ဤသည်ကား ထာဝရဘုရား​၏​ဗိမာန်တော်​၊ ထာဝရဘုရား​၏​ဗိမာန်တော်​၊ ထာဝရဘုရား​၏​ဗိမာန်တော်​ဖြစ်​သည်​’​ဟု ဆို​တတ်​သော​သူ​တို့​၏​မုသား​စကား​ကို သင်​တို့​မ​ယုံ​ကြ​နှင့်​။


ဘုရားရှင်​သည် ယဇ်ပလ္လင်​ကို​စွန့်ပယ်​တော်မူ​ပြီ​။ သန့်ရှင်းရာဌာန​ကို စက်ဆုပ်​တော်မူ​ပြီ​။ နန်းတော်​တံတိုင်း​တို့​ကို​လည်း ရန်သူ့​လက်​သို့ အပ်လိုက်​တော်မူ​ပြီ​။ ရန်သူ​တို့​သည် ပွဲတော်​နေ့​ကဲ့သို့ပင် ထာဝရဘုရား​၏​အိမ်​တော်​၌ ကြွေးကြော်​ကြ​လေ​ပြီ​။


ရွှေ​သည် အရောင်မှိန်​သွား​ပါ​ပြီ​တကား​။ ရွှေ​စင်​သည် အရောင်ပြောင်း​သွား​ပါ​ပြီ​တကား​။ သန့်ရှင်းရာဌာန​မှ ကျောက်​များ​သည်​လည်း လမ်းဆုံလမ်းခွ​တို့​၌ ပြန့်ကျဲ​နေ​ပါ​ပြီ​တကား​။


သင်​သည် သင့်​အစ်မ​လိုက်​သော​လမ်း​အတိုင်း လိုက်​သဖြင့် သူ​၏​ခွက်ဖလား​ကို သင့်​လက်​သို့ ငါ​အပ်​မည်’​ဟု မိန့်​တော်မူ​၏​။


‘အစ္စရေး​အမျိုးအနွယ်​အား ဘုရားရှင်​ထာဝရဘုရား​က ကြည့်ရှု​လော့​။ သင်​တို့​ဂုဏ်ယူ​အားထားရာ​၊ သင်​တို့​နှစ်သက်မြတ်နိုး​ရာ​၊ အလေးအမြတ်​ထား​ရာ ငါ​၏​သန့်ရှင်းရာဌာန​ကို ငါ​ညစ်ညူး​စေ​မည်​။ သင်​တို့​စွန့်ထား​ခဲ့​သော သင်​တို့​၏​သား​သမီး​တို့​သည် ဓား​ဖြင့်​သေ​ရ​မည်​။


နာမ​တော်​တည်​ရာ​၊ ကိန်းဝပ်​တော်မူ​ရာ​အဖြစ် သင်​တို့​မျိုးနွယ်​အားလုံး​ထဲမှ သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ရွေးချယ်​တော်မူ​သော​နေရာ​ကို​ရှာ​၍ ထို​နေရာ​သို့​သာ​သွား​ရ​မည်​။


သင်​ယုံကြည်ကိုးစား​သော သင့်​ပြည်​တစ်ပြည်လုံး​ရှိ​မြို့​အားလုံး​၏​မြင့်မား​ခိုင်ခံ့​သော​မြို့ရိုး​များ မ​ပြိုကျ​မ​ချင်း သူ​တို့​သည် သင့်​ကို​ဝိုင်း​ထား​လိမ့်မည်​။ သင်​၏​ဘုရားသခင်​ထာဝရဘုရား​ပေး​တော်မူ​သော​ပြည်​တစ်ပြည်လုံး​ရှိ​မြို့​အားလုံး​ကို သူ​တို့​ဝိုင်း​ထား​လိမ့်မည်​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ