ယေရမိ 32:44 - မြန်မာ့စံမီသမ္မာကျမ်း
ထာဝရဘုရားက ‘ဖမ်းခေါ်သွားခြင်းခံရသောသူတို့ကို ငါပြန်လာစေသဖြင့် ဗင်္ယာမိန်ပြည်၊ ယုဒပြည်၊ ဂျေရုဆလင်မြို့ပတ်ပတ်လည်ရှိမြို့ရွာများ၊ မြေနိမ့်ဒေသ၊ တောင်ပေါ်ဒေသ၊ နေဂေ့အရပ်၌ လယ်တို့ကို အသိသက်သေများခေါ်၍ စာချုပ်တွင် လက်မှတ်ရေးထိုးတံဆိပ်ခတ်ပြီး ငွေဖြင့်ဝယ်ယူကြလိမ့်မည်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။
အခန်းကိုကြည့်ပါ။
လူတို့သည်လယ်ယာများကိုဝယ်ယူကာ စာ ချုပ်များကိုအသိသက်သေတို့ရှေ့တွင်လက် မှတ်ရေးထိုး၍ချိပ်တံဆိပ်ခတ်နှိပ်ကြလိမ့် မည်။ သူတို့သည်ဤအမှုတို့ကိုဗင်္ယာမိန်နယ် နှင့်ယေရုရှလင်မြို့နီးနားပတ်ဝန်းကျင်ရှိ ကျေးရွာများ၌လည်းကောင်း၊ ယုဒမြို့ရွာ များ၊ တောင်ပေါ်ဒေသ၊ တောင်ခြေဒေသနှင့် တောင်ဘက်ယုဒပြည်၌လည်းကောင်းပြု ကြလိမ့်မည်။ ငါသည်လူတို့အားမိမိတို့ ပြည်သို့ပြန်လည်ပို့ဆောင်မည်။ ငါထာဝရ ဘုရားမိန့်တော်မူ၏'' ဟုမိန့်မြွက်တော် မူ၏။
အခန်းကိုကြည့်ပါ။
ဗျာ ဒိတ် တော် အ တိုင်း၊ သုံ့ ပန်း ခံ ရ သူ တို့ ကို ငါ ပြန် စေ မည် ဖြစ် သော ကြောင့်၊ ဗင်္ယာ မိန် နယ်၊ ယေ ရု ရှ လင် မြို့ ပတ် လည် ဇ န ပုဒ်၊ ယု ဒ ပြည် မြို့ ရွာ၊ ခန် တန်း၊ ချိုင့် ဝှမ်း ရာ၊ နေ ဂပ် အ ရပ် များ ရှိ မြို့ ရွာ များ တွင်၊ မြေ ကွက် များ ကို တန် ဖိုး နှင့် ရောင်း ဝယ်၍၊ စာ ချုပ် ခြင်း၊ တံ ဆိတ် ခတ် ပိတ် ခြင်း၊ သက် သေ ခေါ် ခြင်း များ ကို ပြု ကြ တော့ မည့် အ ကြောင်း၊ မိန့် ဆို သည် ဟူ၍ တည်း။
အခန်းကိုကြည့်ပါ။
ဗင်္ယာမိန်ပြည်၌လည်းကောင်း၊ ယေရုရှလင်မြို့ ပတ်ဝန်းကျင်အရပ်တို့၌လည်းကောင်း၊ ယုဒပြည်တွင်ရှိသော မြို့တို့၌လည်းကောင်း၊ တောင်ပေါ်မြို့၊ ချိုင့်ထဲမြို့၊ တောင်ဘက်မြို့တို့၌လည်းကောင်း၊ လူတို့သည် လယ်ယာတို့ကို ငွေနှင့်ဝယ်ခြင်း၊ စာချုပ်ကိုစီရင်ခြင်း၊ တံဆိပ်ခတ်ခြင်း၊ သက်သေတို့ကိုခေါ်ထားခြင်း အမှုများကိုပြုမြဲပြုကြလိမ့်မည်။ အကြောင်းမူကား၊ သိမ်းသွားခြင်းကို ခံရသောသူတို့ကို တစ်ဖန်ငါဆောင်ခဲ့ဦးမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
အခန်းကိုကြည့်ပါ။