ယေရမိ 33:13 - မြန်မာ့စံမီသမ္မာကျမ်း13 ထာဝရဘုရားက ‘ဗင်္ယာမိန်ပြည်၊ ယုဒပြည် ဂျေရုဆလင်မြို့ပတ်ပတ်လည်ရှိမြို့ရွာများ၊ မြေနိမ့်ဒေသရှိမြို့ရွာများ၊ တောင်ပေါ်ဒေသရှိမြို့ရွာများ၊ နေဂေ့အရပ်ရှိမြို့ရွာများ၌ သိုးထိန်းသည် သိုးစုကို ပြန်လည်ရေတွက်လိမ့်မည်’ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Common Language Bible13 တောင်ပေါ်ဒေသ၊ တောင်ခြေဒေသနှင့်ယုဒ ပြည်တောင်ဘက်ဒေသတို့၌ရှိသောမြို့များ နှင့်ဗင်္ယာမိန်နယ်မြေတွင်လည်းကောင်း၊ ယေရု ရှလင်မြို့နီးနားပတ်ဝန်းကျင်မှကျေးရွာ များနှင့်ယုဒမြို့များ၌လည်းကောင်း သိုး ထိန်းတို့သည်မိမိတို့သိုးများကိုတစ်ဖန် ရေတွက်လျက်နေကြလိမ့်ဦးမည်။ ဤကား ငါထာဝရဘုရားမြွက်ဟသည့်စကား ဖြစ်၏'' ဟုမိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Garrad Bible13 ဗင်္ယာ မိန် နယ်၊ ယေ ရု ရှ လင် မြို့ ပတ် လည် ဇ န ပုဒ်၊ ယု ဒ ပြည် မြို့ ရွာ များ ၌ သိုး ဆိတ် များ သည် ရေ တွက် သူ ၏ လက် အောက် စီး သွား ကြ ဦး မည် ဟု မိန့် ဆို ၏။ အခန်းကိုကြည့်ပါ။Judson Bible13 တောင်ပေါ်မြို့၊ ချိုင့်ထဲမြို့၊ တောင်ဘက်မြို့၊ ဗင်္ယာမိန်ပြည်၊ ယေရုရှလင်မြို့ ပတ်ဝန်းကျင်အရပ်၊ ယုဒမြို့များတို့၌၊ သိုးစုကိုရေတွက်သော သူ၏လက်အောက်မှာ၊ သိုးစုတို့သည် တစ်ဖန်လျှောက်သွားကြလိမ့်မည်ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
သူတို့သည် ယုဒပြည်၊ ဂျေရုဆလင်မြို့ပတ်ပတ်လည်ရှိမြို့ရွာများ၊ ဗင်္ယာမိန်ပြည်၊ မြေနိမ့်ဒေသ၊ တောင်ပေါ်ဒေသ၊ နေဂေ့အရပ်မှ ရောက်လာကြလိမ့်မည်။ သူတို့သည် မီးရှို့ရာယဇ်၊ ယဇ်ကောင်များ၊ ဘောဇဉ်ပူဇော်သက္ကာ၊ လော်ဗန်နှင့်တကွ ကျေးဇူးတော်ချီးမွမ်းရာပူဇော်သက္ကာကို ထာဝရဘုရား၏အိမ်တော်သို့ ယူဆောင်လာကြလိမ့်မည်။
သူတို့သည် ဇိအုန်တောင်ထိပ်သို့လာ၍ ရွှင်လန်းစွာကြွေးကြော်ကြလိမ့်မည်။ ကောက်ပဲသီးနှံ၊ စပျစ်ဝိုင်အသစ်၊ ဆီ၊ သိုးသငယ်၊ နွားသငယ် စသည်တို့ဖြင့် ထာဝရဘုရား၏ကောင်းမြတ်ခြင်းကြောင့် ဝမ်းမြောက်ကြလိမ့်မည်။ သူတို့၏စိတ်ဝိညာဉ်သည် ရေဝသောဥယျာဉ်ကဲ့သို့ဖြစ်မည်။ ဝမ်းနည်းပူဆွေးရတော့မည်မဟုတ်။
ထာဝရဘုရားက ‘ဖမ်းခေါ်သွားခြင်းခံရသောသူတို့ကို ငါပြန်လာစေသဖြင့် ဗင်္ယာမိန်ပြည်၊ ယုဒပြည်၊ ဂျေရုဆလင်မြို့ပတ်ပတ်လည်ရှိမြို့ရွာများ၊ မြေနိမ့်ဒေသ၊ တောင်ပေါ်ဒေသ၊ နေဂေ့အရပ်၌ လယ်တို့ကို အသိသက်သေများခေါ်၍ စာချုပ်တွင် လက်မှတ်ရေးထိုးတံဆိပ်ခတ်ပြီး ငွေဖြင့်ဝယ်ယူကြလိမ့်မည်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။