ယေရမိ 13:19 - မြန်မာ့စံမီသမ္မာကျမ်း19 တောင်ဘက်အရပ်ရှိမြို့များ ပိတ်ထားခြင်းခံရပြီ။ ဖွင့်မည့်သူတစ်ယောက်မျှမရှိ။ ယုဒပြည်သားအပေါင်းတို့သည် တစ်ယောက်မကျန်ဖမ်းခေါ်သွားခြင်းခံရလေပြီ။ အခန်းကိုကြည့်ပါ။Common Language Bible19 တောင်ဘက်ယုဒမြို့တို့သည်အဝိုင်းခံလျက် ရှိ၏။ ယင်းတို့ထံသို့အဘယ်သူမျှမသွား နိုင်။ ယုဒပြည်သားအပေါင်းတို့သည်အဖမ်း ခံရကြလေပြီ။ သူတို့အားလုံးပင်ပြည်နှင် ဒဏ်သင့်ကြလေကုန်ပြီ'' ဟုမိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Garrad Bible19 နေ ဂပ် ခ ရိုင် မြို့ ရွာ များ သည်၊ ဝင် ထွက် သူ မဲ့ ပိတ် ဆို့ လျက် ရှိ၏။ ယု ဒ တစ် ပြည် လုံး မ ကြွင်း မ ကျန်၊ သုံ့ ပန်း သိမ်း သွား ခံ ရ ကြ လေ စွ။ အခန်းကိုကြည့်ပါ။Judson Bible19 တောင်ဘက်မြို့တို့ကို ပိတ်ထား၍ အဘယ်သူမျှ မဖွင့်ရ။ ယုဒပြည်သူပြည်သား အပေါင်းတို့ကို သိမ်းသွားကြပြီ။ အကုန်အစင် သိမ်းသွားကြပြီ။ အခန်းကိုကြည့်ပါ။ |
သူတို့သည် ယုဒပြည်၊ ဂျေရုဆလင်မြို့ပတ်ပတ်လည်ရှိမြို့ရွာများ၊ ဗင်္ယာမိန်ပြည်၊ မြေနိမ့်ဒေသ၊ တောင်ပေါ်ဒေသ၊ နေဂေ့အရပ်မှ ရောက်လာကြလိမ့်မည်။ သူတို့သည် မီးရှို့ရာယဇ်၊ ယဇ်ကောင်များ၊ ဘောဇဉ်ပူဇော်သက္ကာ၊ လော်ဗန်နှင့်တကွ ကျေးဇူးတော်ချီးမွမ်းရာပူဇော်သက္ကာကို ထာဝရဘုရား၏အိမ်တော်သို့ ယူဆောင်လာကြလိမ့်မည်။
အကြောင်းမှာ ထာဝရဘုရားက ‘ကြည့်ရှုလော့။ ငါသည် သင့်ကို သင်ကိုယ်တိုင်အတွက်သော်လည်းကောင်း၊ သင်၏အပေါင်းအဖော်အားလုံးအတွက်သော်လည်းကောင်း ကြောက်လန့်စရာဖြစ်စေမည်။ သင်၏အပေါင်းအဖော်များသည် ရန်သူ၏ဓားဖြင့်လဲကျသေဆုံးကြသည်ကို သင်မြင်တွေ့ရမည်။ ယုဒအမျိုးအားလုံးကို ဘေဘီလုံဘုရင်၏လက်သို့ ငါအပ်မည်။ ထိုဘုရင်သည် သူတို့ကို ဘေဘီလုံမြို့သို့ ဖမ်းခေါ်သွားပြီး ဓားဖြင့်ကွပ်မျက်မည်။
ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီးသည် ဂျေရုဆလင်မြို့ရှိ ယောယကိမ်မင်းကြီး၏သားတော် ယုဒဘုရင်ယေခေါနိမင်းကြီးနှင့်တကွ ယုဒလူမျိုးအကြီးအကဲများ၊ လက်မှုပညာသည်နှင့် ပန်းပဲသမားတို့ကို ဘေဘီလုံမြို့သို့ ဖမ်းခေါ်သွားပြီးနောက်ပိုင်းတွင် ထာဝရဘုရားသည် ငါ့အား ထာဝရဘုရား၏ဗိမာန်တော်ရှေ့၌ရှိသော သဖန်းသီးခြင်းတောင်းနှစ်တောင်းကိုပြ၏။
ထာဝရဘုရားက ‘ဖမ်းခေါ်သွားခြင်းခံရသောသူတို့ကို ငါပြန်လာစေသဖြင့် ဗင်္ယာမိန်ပြည်၊ ယုဒပြည်၊ ဂျေရုဆလင်မြို့ပတ်ပတ်လည်ရှိမြို့ရွာများ၊ မြေနိမ့်ဒေသ၊ တောင်ပေါ်ဒေသ၊ နေဂေ့အရပ်၌ လယ်တို့ကို အသိသက်သေများခေါ်၍ စာချုပ်တွင် လက်မှတ်ရေးထိုးတံဆိပ်ခတ်ပြီး ငွေဖြင့်ဝယ်ယူကြလိမ့်မည်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။
သင်တို့သည် သင်တို့၏ဘုရားသခင်ထာဝရဘုရား၏စကားတော်ကိုနားမထောင်၊ ယနေ့ သင်တို့အား ငါမှာကြားသော ကိုယ်တော်၏ပညတ်ချက်၊ ပြဋ္ဌာန်းချက်ရှိသမျှတို့ကို မလိုက်နာ၊ မစောင့်ထိန်းလျှင် သင်တို့အပေါ်သက်ရောက်မည့်ကျိန်ခြင်းအမင်္ဂလာ၊ သင်တို့ခံစားရမည့် ကျိန်ခြင်းအမင်္ဂလာအပေါင်းကား ဤသို့ဖြစ်၏။