အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ယေ​ရ​မိ 32:35 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ငါ​မ​မိန့်မှာ​ခဲ့​၊ စိတ်​ပင်​မ​ကူး​ခဲ့​ဘဲ​လျက် ရွံရှာဖွယ်​အမှု​ဖြစ်​သည့် ဗင်ဟိန္နုံ​ချိုင့်ဝှမ်း​၌ ဗာလ​ကုန်းမြင့်​ကို​တည်​ခြင်း​၊ သူ​တို့​၏​သား​သမီး​များ​ကို မောလုတ်​ဘုရား​အား​ပူဇော်​ခြင်း​ကို ပြု​ကြ​၏​။ ဤသို့ဖြင့် ယုဒ​အမျိုး​တို့​ကို အပြစ်​ဖြစ်​စေ​ကြ​ပြီ’​ဟု မိန့်​တော်မူ​၏​။

အခန်းကိုကြည့်ပါ။

Common Language Bible

သူ​တို့​သည်​မိ​မိ​တို့​သား​သ​မီး​များ​အား မော​လုပ်​ဘု​ရား​ကို​ယဇ်​ပူ​ဇော်​ရန်​ဟိန္နုံ​ချိုင့် ဝှမ်း​တွင် ဗာ​လ​ဘု​ရား​အ​တွက်​ယဇ်​ပလ္လင်​ကို တည်​ဆောက်​ကြ​၏။ ဤ​အ​မှု​ကို​ပြ​ရန်​သူ​တို့ အား​ငါ​မ​ခိုင်း​စေ​ခဲ့။ သူ​တို့​သည်​ယု​ဒ​ပြည် သား​တို့​အား​ဤ​သို့​အပြစ်​ကူး​လွန်​ရန်​ပို့ ဆောင်​လမ်း​ပြ​ကြ​လိမ့်​မည်​ဟု​လည်း အ​ဘယ် အ​ခါ​က​မျှ​ငါ​မ​တွေး​တော​မိ​ခဲ့'' ဟု မိန့်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။

Garrad Bible

ငါ မ မိန့် မ မှာ၊ နှ လုံး မ သွင်း ဘဲ၊ သား သ မီး များ ကို မော လုပ် နတ် အား ဆက် ကပ် ရ ကြ အံ့ သော ငှာ၊ ဟိ န္နုံ ချိုင့်၌ ဗာ လ နတ်၏ မြင့် ရာ ဌာ န များ ကို တည် လုပ် လျက်၊ ယု ဒ လူ မျိုး ကို ပြစ် မှား စေ ကြ ပြီ ဟု၊ ငါ ထာ ဝ ရ ဘု ရား မိန့် ဆို၏။

အခန်းကိုကြည့်ပါ။

Judson Bible

သူ​တို့​သား​သ​မီး​တို့​ကို မော​လုပ်​ဘု​ရား​အား​ပူ​ဇော်​ခြင်း​ငှာ၊ ဟိ​န္နုံ​သား၏​ချိုင့်၌​ရှိ​သော ဗာ​လ​ဘု​ရား၏​ကုန်း​တို့​ကို တည်​လုပ်​ကြ​ပြီ။ ယု​ဒ​အ​မျိုး​အ​ပေါ်​သို့ အ​ပြစ်​ရောက်​စေ​ခြင်း​ငှာ၊ ထို​မျှ​လောက် စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော အ​မှု​ကို ငါ​မ​မှာ​ထား၊ ငါ​အ​လျှင်း​အ​လို​မ​ရှိ​ဘဲ ပြု​ကြ​ပြီ​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။



ယေ​ရ​မိ 32:35
33 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​သည် ငါ့​ကို​စွန့်ပစ်​ပြီး ဆီဒုန်​နတ်ဘုရားမ အာရှတရက်​၊ မောဘ​ဘုရား ခေမုရှ​၊ အမ္မုန်​ဘုရား မိလကုံ စသည်​တို့​ကို ကိုးကွယ်​ကြ​ပြီ​။ သူ့​ခမည်းတော်​ဒါဝိဒ်​မင်းကြီး​ကဲ့သို့​မ​ပြု​၊ ငါ့​လမ်း​သို့​မ​လိုက်​။ ငါ​၏​ပြဋ္ဌာန်းချက်​များ​၊ စီရင်ထုံးဖွဲ့ချက်​များ​ကို ငါ့​မျက်မှောက်​တွင် ဖြောင့်မှန်​စွာ​မ​ပြုကျင့်​။


ရှောလမုန်​မင်းကြီး​သည် မောဘ​လူမျိုး​တို့​၏​ရွံရှာဖွယ်​ခေမုရှ​ဘုရား​၊ အမ္မုန်​လူမျိုး​တို့​၏​ရွံရှာဖွယ်​မောလုတ်​ဘုရား​တို့​အတွက် အထွတ်အမြတ်​ထား​ရာ​နေရာ​တို့​ကို ဂျေရုဆလင်​မြို့​အရှေ့​ဘက်​ရှိ တောင်​ပေါ်တွင် ဆောက်လုပ်​ပေး​၏​။


ယေရောဗောင်​မင်းကြီး​သည် ကိုယ်တိုင်​အပြစ်ပြု​သည်​သာမက အစ္စရေး​လူမျိုး​တို့​ကို​ပါ အပြစ်ပြု​စေ​သော​အပြစ်​များ​ကြောင့် ကိုယ်တော်​သည် အစ္စရေး​လူမျိုး​ကို စွန့်ပစ်​တော်မူ​မည်​”​ဟု သူ့​အား ဆို​လေ​၏​။


သူ​သည် ထာဝရဘုရား​ရှေ့​တော်​တွင် မကောင်းမှု​ကို​ပြု​ပြီး ခမည်းတော်​လျှောက်​ခဲ့​သော​လမ်း​အတိုင်း လိုက်လျှောက်​လျက် အစ္စရေး​လူမျိုး​တို့​ကို လမ်းမှား​စေ​သော​အပြစ်​မျိုး​ကို ပြု​လေ​၏​။


အကြောင်းမူကား ယေရောဗောင်​မင်းကြီး​သည် ကိုယ်တိုင်​အပြစ်ပြု​သည်​သာမက အစ္စရေး​လူမျိုး​ကို​ပါ လမ်းမှား​စေ​၍ အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​၏​အမျက်​တော်​ကို နှိုးဆော်​ခဲ့​သောကြောင့်​ဖြစ်​၏​။


ဤသည်ကား သူ​သည် အစ္စရေး​လူမျိုး​တို့​အား လမ်းမှား​စေ​သည့်​အပြစ်​များ​ကို​ပြု​ပြီး ယေရောဗောင်​မင်းကြီး​လျှောက်​သော​လမ်း​အတိုင်း လိုက်လျှောက်​လျက် ထာဝရဘုရား​ရှေ့မှောက်​တွင် မကောင်းမှု​များ​ကို​ပြု​၍ ပြစ်မှား​သော​အပြစ်​များ​ကြောင့်​ဖြစ်​၏​။


သင်​သည် ငါ့​ကို အမျက်ထွက်​စေ​သည်​သာမက အစ္စရေး​လူမျိုး​တို့​ကို​ပါ အပြစ်ပြု​စေ​သောကြောင့် သင့်​အမျိုးအနွယ်​ကို နေဗတ်​၏​သား​ယေရောဗောင်​၏​အမျိုးအနွယ်​နှင့် အဟိယ​၏​သား​ဗာရှာ​၏​အမျိုးအနွယ်​ကဲ့သို့ ဖြစ်စေ​မည်’​ဟု မိန့်​တော်မူ​ပြီ​။


“​ယုဒ​ဘုရင်​မနာရှေ​မင်းကြီး​သည် စက်ဆုပ်ရွံရှာဖွယ်​အမှု​များ​ကို ပြု​ပြီ​။ သူ့​အလျင်​ရှိ​ခဲ့​သော​အာမောရိ​လူမျိုး​တို့​ထက် သာ၍​မကောင်းမှု​များ​ကို ပြု​ပြီ​။ သူ​လုပ်​ခဲ့​သော​ရုပ်တု​များ​ဖြင့် ယုဒ​လူမျိုး​တို့​ကို အပြစ်ပြု​စေ​ပြီ​။


“​ဂျေရုဆလင်​မြို့​တွင် ငါ့​နာမ​ကို​တည်​စေ​မည်​”​ဟု ထာဝရဘုရား မိန့်​တော်မူ​ရာ​နေရာ​ဖြစ်​သည့် ထာဝရဘုရား​၏​အိမ်​တော်​တွင် ယဇ်ပလ္လင်​များ​ကို တည်​၏​။


ရှင်ဘုရင်​သည် ဗင်ဟိန္နုံ​ချိုင့်ဝှမ်း​ရှိ​တောဖက်​အရပ်​ကို​လည်း မစင်ကြယ်​အောင် လုပ်လိုက်​သဖြင့် ထို​နေရာ​တွင် မည်သူ​မျှ မိမိ​သား​သမီး​ကို မောလုတ်​ဘုရား​ထံ မီးရှို့ပူဇော်​၍​မ​ရ​တော့​ချေ​။


ဗေသလ​မြို့​ရှိ ယဇ်ပလ္လင်​နှင့် အစ္စရေး​လူမျိုး​တို့​ကို လမ်းမှား​စေ​သော​နေဗတ်​၏​သား​ယေရောဗောင်​မင်းကြီး​တည်​ထား​ခဲ့​သည့် အထွတ်အမြတ်​ထား​ရာ​နေရာ​တို့​ကို​လည်း ရှင်ဘုရင်​သည် ထို​ယဇ်ပလ္လင်​နှင့် အထွတ်အမြတ်​ထား​ရာ​နေရာ​ကို​ပါ ဖြိုချ​ပစ်​ပြီး မီးရှို့​ကာ​အမှုန့်ချေ​ပစ်​၏​။ အာရှရ​နတ်ဘုရားမ​တံခွန်တိုင်​ကို​လည်း မီးရှို့​ပစ်​၏​။


သို့သော် အစ္စရေး​လူမျိုး​ကို လမ်းမှား​စေ​သော နေဗတ်​၏​သား​ယေရောဗောင်​မင်းကြီး​ပြု​သော​အပြစ်​မျိုး​ကို မ​စွန့်​ဘဲ ပြုကျင့်​ခဲ့​၏​။


ဗင်ဟိန္နုံ​ချိုင့်ဝှမ်း​တွင် မိမိ​သား​တို့​ကို​လည်း မီးရှို့ပူဇော်​၏​။ ဗေဒင်အတတ်​၊ ဟူးရားအတတ်​၊ မှော်အတတ်​တို့​ကို လိုက်စား​သည်​သာမက နတ်ဝင်သည်​၊ နတ်ထိန်းသည်​တို့​အား မေးမြန်း​သော​အလေ့အထ​ကို​လည်း ကျင့်သုံး​၏​။ ဤသို့​မကောင်းမှု​များ​ကို​ပြု​လျက် ထာဝရဘုရား​ကို အမျက်ထွက်​စေ​၏​။


သို့သော် မနာရှေ​မင်းကြီး​သည် ယုဒ​ပြည်သူ​ဂျေရုဆလင်​မြို့သား​တို့​ကို လမ်းလွဲ​စေ​၍ အစ္စရေး​အမျိုးသား​တို့​ရှေ့​တွင် ထာဝရဘုရား ဖျက်ဆီး​တော်မူ​ခဲ့​သည့်​လူမျိုးခြား​တို့​ထက် မကောင်းမှု​ကို​ပြု​စေ​ခဲ့​၏​။


ယဇ်ပုရောဟိတ်​အကြီးအကဲ​အပေါင်း​တို့​နှင့် ပြည်သူပြည်သား​တို့​သည်​လည်း လူမျိုးခြား​တို့​ပြု​သည့်​စက်ဆုပ်ရွံရှာဖွယ်​အမှု​များ​အတိုင်း ဖောက်ပြန်မှားယွင်း​ကြ​၏​။ ဂျေရုဆလင်​မြို့​ရှိ ထာဝရဘုရား​သန့်ရှင်း​စေ​တော်မူ​ခဲ့​သော​အိမ်​တော်​ကို​လည်း ညစ်ညူး​စေ​ကြ​၏​။


ထို့နောက် မောရှေ​က အာရုန်​အား “​ဤ​လူ​တို့​သည် သင့်​အား မည်သို့​ပြု​မိ​သဖြင့် ဤမျှ​ကြီးလေး​သော​အပြစ်​ကို သူ​တို့​အပေါ်​သို့ ကျရောက်​စေ​သနည်း​”​ဟု မေး​လျှင်


ဝက်သစ်ချပင်​တို့​ကြား​၊ စိမ်းလန်း​သော​သစ်ပင်​ရှိသမျှ​တို့​အောက်​တွင် ရမ္မက်မီး​တောက်လောင်​သော​သူ​များ​၊ လျှိုမြောင်​ရှိ ကျောက်တောင်​အက်ကွဲကြောင်း​များ​တွင် သားသမီး​များ​ကို သတ်ဖြတ်​ပူဇော်​သော​သူ​များ ဖြစ်​ကြ​သည်​မ​ဟုတ်​လော​။


အိုးခြမ်းပဲ့​တံခါး​နား​ရှိ ဗင်ဟိန္နုံ​ချိုင့်ဝှမ်း​သို့​သွား​၍ သင့်​အား ငါ​မိန့်မှာ​သော​စကား​တို့​ကို ထို​အရပ်​၌​ကြွေးကြော်​လော့​။


သင့်​ကို​ချစ်ခင်​သော​သူ​အပေါင်း​တို့​သည် သင့်​ကို​မေ့လျော့​ကြ​ပြီ​။ သင့်​ကို ဂရု​မ​စိုက်​ကြ​။ အကြောင်းမူကား သင်​၏​အပြစ်​များပြား​၍ သင်​၏​ဒုစရိုက်​ကြီးမား​သောကြောင့် ရန်သူ​၏​တိုက်ခိုက်​ခြင်း​အားဖြင့်​လည်းကောင်း​၊ ကြမ်းကြုတ်​သော​သူ​၏​ဆုံးမ​ခြင်း​အားဖြင့်​လည်းကောင်း သင့်​ကို ငါ​ဒဏ်ခတ်​လေ​ပြီ​။


ငါ့​အစေအပါး​ပရောဖက်​အပေါင်း​တို့​ကို သင်​တို့​ရှိ​ရာ​သို့ အကြိမ်ကြိမ်​စေလွှတ်​၍ ငါ​မုန်း​သော ဤ​စက်ဆုပ်ရွံရှာဖွယ်​အမှု​ကို မ​ပြု​ကြ​နှင့်​ဟု ဆင့်ဆို​စေ​ခဲ့​၏​။


ထာဝရဘုရား​က “အကယ်စင်စစ် ယုဒ​အမျိုးသား​တို့​သည် ငါ့​ရှေ့​၌ မကောင်းမှု​ကို​ပြု​ကြ​ပြီ​။ သူ​တို့​သည် ငါ့​နာမ​ဖြင့်​ခေါ်ဝေါ်သမုတ်​သော အိမ်​တော်​၌ ရွံရှာဖွယ်​ရုပ်တု​များ​ကို​ထား​၍ ညစ်ညူး​စေ​ကြ​ပြီ​။


ငါ​မ​မိန့်မှာ​ခဲ့​၊ စိတ်​ပင်​မ​ကူး​ခဲ့​ဘဲ​လျက် သူ​တို့​သည် သား​သမီး​များ​ကို မီးရှို့ပူဇော်​ရန် ဗင်ဟိန္နုံ​ချိုင့်ဝှမ်း​ရှိ တောဖက်​ဟူသော​နေရာ​တွင် အထွတ်အမြတ်​ထား​ရာ​ကုန်းမြင့်​များ​ကို တည်​ကြ​ပြီ​”​ဟု မိန့်​တော်မူ​၏​။


သူ​တို့​သည် အိမ်ထောင်ရေးဖောက်ပြန်​၏​။ လူ​အသက်သတ်​၏​။ ရုပ်တု​များ​နှင့် ဖောက်ပြန်​၏​။ ငါ့​အဖို့ ဖွားမြင်​သော​သားသမီး​များ​ကို​ပင် ထို​ရုပ်တု​တို့​၏​အစာ​အဖြစ် ပူဇော်​ကြ​၏​။


သင်​၏​သားမြေး​တို့​ကို မောလုတ်​ဘုရား​အား​ပူဇော်​ရန် မ​ပေး​ရ​။ သင့်​ဘုရားသခင်​၏​နာမ​တော်​ကို မ​ရှုတ်ချ​ရ​။ ငါ​သည် ထာဝရဘုရား​ဖြစ်​၏​။


သင်​တို့​သည် မောလုတ်​၏​တဲ​နှင့် သင်​တို့​ဘုရား​ရင်ဖန်​၏​ကြယ်​တို့​ကို သယ်ဆောင်​ခဲ့​ကြ​၏။ ၎င်း​တို့​သည် သင်​တို့​ကိုးကွယ်​ရန်​ပြုလုပ်​ထား​သော ရုပ်တု​များ​ဖြစ်​ကြ​၏။ ထို့ကြောင့် ငါ​သည် သင်​တို့​ကို ဘေဘီလုံ​မြို့​တစ်ဖက်လွန်​အောင် ပြောင်းရွှေ့​စေ​မည်’​ဟု ရေး​ထား​သည့်​အတိုင်း​ဖြစ်​၏။


ထို​လူမျိုး​သည် ထာဝရဘုရား​မုန်း​တော်မူ​သည့် စက်ဆုပ်ရွံရှာဖွယ်​ရှိသမျှ​တို့​ကို မိမိ​တို့​ဘုရား​များ​အတွက် ပြု​ကြ​၏​။ စင်စစ် သူ​တို့​သည် မိမိ​တို့​၏​သား​သမီး​များ​ကို​ပင် သူ​တို့​၏​ဘုရား​များ​အတွက် မီး​ရှို့​ကြ​၏​။ သူ​တို့​ပြု​သကဲ့သို့ သင်​၏​ဘုရားသခင်​ထာဝရဘုရား​အတွက် မ​ပြု​ရ​။


သင်​တို့​တွင် သား​သမီး​ကို မီး​ဖြင့်​ပူဇော်​သော​သူ​၊ ဂမ္ဘီရအတတ်​ကို​သုံး​သော​သူ​၊ ဗေဒင်အတတ်​ကို​သုံး​သော​သူ​၊ နိမိတ်ဖတ်​သော​သူ​၊ မှော်အတတ်​ကို​သုံး​သော​သူ​၊


ထို​မိန်းမ​ကို​ကွာရှင်း​ခဲ့​သော​ပထမ​လင်ယောက်ျား​သည် ညစ်ညူး​ပြီ​ဖြစ်​သော​ထို​မိန်းမ​နှင့် ပြန်​၍​စုံဖက်​ခွင့်​မ​ရှိ​။ အကြောင်းမူကား ထို​အမှု​သည် ထာဝရဘုရား​ရှေ့​တော်​၌ စက်ဆုပ်ရွံရှာဖွယ်​အမှု​ဖြစ်​၏​။ သင်​၏​ဘုရားသခင်​ထာဝရဘုရား သင့်​အား အမွေ​အဖြစ်​ပေး​တော်မူ​သော​ပြည်​အပေါ် အပြစ်​မ​သက်ရောက်​စေ​နှင့်​။