၄ ရာ 3:3 - မြန်မာ့စံမီသမ္မာကျမ်း3 သို့သော် အစ္စရေးလူမျိုးကို လမ်းမှားစေသော နေဗတ်၏သားယေရောဗောင်မင်းကြီးပြုသောအပြစ်မျိုးကို မစွန့်ဘဲ ပြုကျင့်ခဲ့၏။ အခန်းကိုကြည့်ပါ။Common Language Bible3 သို့ရာတွင်မိမိအလျင်အုပ်စိုးခဲ့သည့်နေဗတ် ၏သားယေရောဗောင်မင်းကဲ့သို့ပင် ဣသရေလ အမျိုးသားတို့အားအပြစ်ကူးစေရန်ရှေ့ ဆောင်လမ်းပြပေးလေသည်။ ထိုသို့အပြစ် ကူးလွန်မှုကိုအမြဲပြု၏။ အခန်းကိုကြည့်ပါ။Garrad Bible3 သို့ ရာ တွင် ဣ သ ရေ လ အ မျိုး အား ပြစ် မှား စေ သော နေ ဗတ် သား ယေ ရော ဗောင် မင်း၏ ပြစ် မှု များ ကို မ စွန့်၊ စွဲ မြဲ လေ၏။ အခန်းကိုကြည့်ပါ။Judson Bible3 သို့သော်လည်း ဣသရေလအမျိုးကိုပြစ်မှားစေသော နေဗတ်၏သားယေရောဗောင်ပြုသော ဒုစရိုက်အပြစ်ကိုမရှောင်၊ မှီဝဲ၏။ အခန်းကိုကြည့်ပါ။ |
ဤသို့ဖြစ်ပျက်ခဲ့ပြီးနောက်တွင်လည်း ယေရောဗောင်မင်းကြီးသည် လမ်းမှားကိုမစွန့်။ အထွတ်အမြတ်ထားရာကုန်းမြင့်များတွင် ယဇ်ပုရောဟိတ်ကို သာမန်လူများထဲမှ ရွေးကောက်ခန့်ထား၏။ ယဇ်ပုရောဟိတ်လုပ်လိုသူများကို မိမိကိုယ်တိုင်ခန့်အပ်ရာ ထိုသူတို့သည် အထွတ်အမြတ်ထားရာကုန်းမြင့်များတွင် ယဇ်ပုရောဟိတ်များဖြစ်လာကြ၏။
ဗေသလမြို့ရှိ ယဇ်ပလ္လင်နှင့် အစ္စရေးလူမျိုးတို့ကို လမ်းမှားစေသောနေဗတ်၏သားယေရောဗောင်မင်းကြီးတည်ထားခဲ့သည့် အထွတ်အမြတ်ထားရာနေရာတို့ကိုလည်း ရှင်ဘုရင်သည် ထိုယဇ်ပလ္လင်နှင့် အထွတ်အမြတ်ထားရာနေရာကိုပါ ဖြိုချပစ်ပြီး မီးရှို့ကာအမှုန့်ချေပစ်၏။ အာရှရနတ်ဘုရားမတံခွန်တိုင်ကိုလည်း မီးရှို့ပစ်၏။