Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၄ ရာ 21:11 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

11 “​ယုဒ​ဘုရင်​မနာရှေ​မင်းကြီး​သည် စက်ဆုပ်ရွံရှာဖွယ်​အမှု​များ​ကို ပြု​ပြီ​။ သူ့​အလျင်​ရှိ​ခဲ့​သော​အာမောရိ​လူမျိုး​တို့​ထက် သာ၍​မကောင်းမှု​များ​ကို ပြု​ပြီ​။ သူ​လုပ်​ခဲ့​သော​ရုပ်တု​များ​ဖြင့် ယုဒ​လူမျိုး​တို့​ကို အပြစ်ပြု​စေ​ပြီ​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

11 ``မ​နာ​ရှေ​သည်​ဤ​စက်​ဆုတ်​ဖွယ်​ကောင်း​သော အ​မှု​တို့​ကို​ပြု​လေ​ပြီ။ ခါ​နာန်​အ​မျိုး​သား တို့​ပြု​သော​အ​မှု​များ​ထက်​ပင် လွန်​စွာ​ပို​မို ဆိုး​ရွား​သည့်​အ​မှု​တို့​ကို​ပြု​လေ​ပြီ။ သူ​သည် မိ​မိ​၏​ရုပ်​တု​များ​အား​ဖြင့် ယု​ဒ​ပြည်​သူ တို့​အား​အ​ပြစ်​ကူး​လွန်​စေ​ရန်​ရှေ့​ဆောင် လမ်း​ပြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

11 တိုင်း ရင်း သား အာ မော ရိ လူ မျိုး တို့ ဆိုး သွမ်း မှု ထက် ရွံ ရှာ ဖွယ် ပြု လျက် ကိုယ့် ရုပ် တု များ ဖြင့် ယု ဒ အ မျိုး ကို ပြစ် မှား စေ သော ကြောင့်

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

11 ယု​ဒ​ရှင်​ဘု​ရင်​မ​နာ​ရှေ​သည် သူ့​ရှေ့​မှာ​ဖြစ်​ဖူး​သော အာ​မော​ရိ​လူ​တို့​ပြု​သ​မျှ​ထက် သာ၍​ရွံ​ရှာ​ဖွယ်​သော ဤ​ဒု​စ​ရိုက်​တို့​ကို ပြု​သော​ကြောင့်​လည်း​ကောင်း၊ မိ​မိ​ရုပ်​တု​ဆင်း​တု​အား​ဖြင့် ယု​ဒ​အ​မျိုး​ကို ပြစ်​မှား​စေ​သော​ကြောင့်​လည်း​ကောင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ




၄ ရာ 21:11
21 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​သည် မျိုးဆက်​လေးဆက်မြောက်​မှ ဤ​အရပ်​သို့​ပြန်လာ​ကြ​လိမ့်မည်​။ အကြောင်းမူကား အာမောရိ​လူမျိုး​တို့​၏​ဒုစရိုက်​သည် မ​ပြည့်စုံ​သေး​”​ဟု မိန့်​တော်မူ​၏​။


ယေရောဗောင်​မင်းကြီး​သည် ကိုယ်တိုင်​အပြစ်ပြု​သည်​သာမက အစ္စရေး​လူမျိုး​တို့​ကို​ပါ အပြစ်ပြု​စေ​သော​အပြစ်​များ​ကြောင့် ကိုယ်တော်​သည် အစ္စရေး​လူမျိုး​ကို စွန့်ပစ်​တော်မူ​မည်​”​ဟု သူ့​အား ဆို​လေ​၏​။


အကြောင်းမူကား ယေရောဗောင်​မင်းကြီး​သည် ကိုယ်တိုင်​အပြစ်ပြု​သည်​သာမက အစ္စရေး​လူမျိုး​ကို​ပါ လမ်းမှား​စေ​၍ အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​၏​အမျက်​တော်​ကို နှိုးဆော်​ခဲ့​သောကြောင့်​ဖြစ်​၏​။


ဤသည်ကား သူ​သည် အစ္စရေး​လူမျိုး​တို့​အား လမ်းမှား​စေ​သည့်​အပြစ်​များ​ကို​ပြု​ပြီး ယေရောဗောင်​မင်းကြီး​လျှောက်​သော​လမ်း​အတိုင်း လိုက်လျှောက်​လျက် ထာဝရဘုရား​ရှေ့မှောက်​တွင် မကောင်းမှု​များ​ကို​ပြု​၍ ပြစ်မှား​သော​အပြစ်​များ​ကြောင့်​ဖြစ်​၏​။


သူ​သည် အစ္စရေး​အမျိုးသား​တို့​ထံမှ ထာဝရဘုရား​နှင်ထုတ်​တော်မူ​ခဲ့​သော အာမောရိ​လူမျိုး​တို့​ပြု​ခဲ့​သည့်​အတိုင်း ရုပ်တု​များ​နောက်သို့​လိုက်​၍ စက်ဆုပ်ရွံရှာဖွယ်​အမှု​များ​ကို ပြု​လေ​၏​။


အစ္စရေး​ဘုရင်​တို့ လျှောက်​သော​လမ်း​အတိုင်း လိုက်လျှောက်​ခဲ့​၏​။ အစ္စရေး​အမျိုးသား​တို့​ရှေ့​မှ ထာဝရဘုရား​နှင်ထုတ်​တော်မူ​သော​လူမျိုးခြား​တို့​၏​စက်ဆုပ်ရွံရှာဖွယ်​ဓလေ့​များ​အတိုင်း ကိုယ့်​သား​ကို​ပင် မီးရှို့ပူဇော်​ခဲ့​၏​။


ထို့ကြောင့် ထာဝရဘုရား​သည် မိမိ​အစေအပါး ပရောဖက်​များ​အားဖြင့်


မနာရှေ​မင်းကြီး​သည် ယုဒ​လူမျိုး​တို့​အား ထာဝရဘုရား​ရှေ့မှောက်​တွင် မကောင်းမှု​ကို​ပြု​၍​ပြစ်မှား​ရာ​ရောက်​စေ​ခဲ့​၏​။ ဂျေရုဆလင်​မြို့​တစ်ဖက်စွန်း​မှ အခြား​တစ်ဖက်စွန်း​အထိ အပြစ်ကင်း​သော​သူ​တို့​၏​အသက်​ကို​သတ်​သော​အပြစ်​များ​နှင့် များပြား​ပြည့်လျှံ​စေ​ခဲ့​၏​။


သူ​သည် အစ္စရေး​လူမျိုး​တို့​ရှေ့​မှ ထာဝရဘုရား​နှင်ထုတ်​တော်မူ​သော လူမျိုးခြား​တို့​၏​စက်ဆုပ်ရွံရှာဖွယ်​ဓလေ့​များ​အတိုင်း ထာဝရဘုရား​ရှေ့​တော်​တွင် မကောင်းမှု​ကို​ပြု​၏​။


အာမုန်​သည် ခမည်းတော်​မနာရှေ​မင်းကြီး​ပြု​ခဲ့​သည့်​အတိုင်း ထာဝရဘုရား​ရှေ့​တော်​တွင် မကောင်းမှု​ကို ပြု​၏​။


ခမည်းတော်​လျှောက်​ခဲ့​သော​လမ်း​အတိုင်း လိုက်လျှောက်​ပြီး ခမည်းတော် ဝတ်ပြု​ခဲ့​သော​ရုပ်တု​တို့​ကို​လည်း ဝတ်ပြု​ကိုးကွယ်​၏​။


သို့သော်လည်း သူ​တို့​မ​နာခံ​ကြ​။ မနာရှေ​မင်းကြီး​သည် သူ​တို့​ကို လမ်းလွဲ​စေ​၍ အစ္စရေး​အမျိုးသား​တို့​ရှေ့​တွင် ထာဝရဘုရား ဖျက်ဆီး​တော်မူ​ခဲ့​သည့်​လူမျိုးခြား​တို့​ထက် အစ္စရေး​လူမျိုး​တို့​ကို မကောင်းမှု​ပြုစေ​ခဲ့​၏​။


ယောရှိ​မင်းကြီး​သည် ထာဝရဘုရား​၏​အိမ်​တော်​၌ ယဇ်ပုရောဟိတ်​ဟိလခိ​တွေ့ရှိ​ခဲ့​သော​ကျမ်း​တွင်​ရေးသား​ထား​သည့် ပညတ်တရား​စကား​တော်​တို့​ကို စောင့်ထိန်း​ရန် ဂျေရုဆလင်​မြို့​အပါအဝင် ယုဒ​ပြည်​တွင်​တွေ့ရှိ​သော နတ်ဝင်သည်​များ​၊ နတ်ထိန်း​များ​၊ တေရပ်ရုပ်တု​အပါအဝင်​ရုပ်တုဆင်းတု​များ​နှင့် စက်ဆုပ်ရွံရှာဖွယ်​အရာ​အားလုံး​တို့​ကို​လည်း ဖယ်ရှား​ပစ်​၏​။


ယေဗုသိ​လူမျိုး​၊ အာမောရိ​လူမျိုး​၊ ဂိရဂါရှိ​လူမျိုး​၊


ဂျေရုဆလင်​မြို့​၌ ဟေဇကိ​၏​သား​၊ ယုဒ​ဘုရင်​မနာရှေ​ပြု​ခဲ့​သော​အမှု​ကြောင့် ငါ​သည် သူ​တို့​အား မြေကြီး​ပေါ်ရှိ​တိုင်းနိုင်ငံ​အားလုံး​အတွက် ထိတ်လန့်စရာ​ဖြစ်​စေ​မည်​။


ဘုရားရှင်​ထာဝရဘုရား​က ဂျေရုဆလင်​မြို့​အား ဤသို့​မိန့်​တော်မူ​ကြောင်း​ကို ဆင့်ဆို​လော့​။ ‘သင့်​မွေးရပ်​ဇာတိ​မှာ ခါနာန်​ပြည်​ဖြစ်၍ သင့်​ဖခင်​သည် အာမောရိ​လူမျိုး​၊ သင့်​မိခင်​သည် ဟိတ္တိ​လူမျိုး​ဖြစ်​၏​။


သင်​သည် ခင်ပွန်း​နှင့်​သားသမီး​တို့​ကို မနှစ်သက်​သော​အမေ​နှင့် တူ​၏​။ ခင်ပွန်း​နှင့်​သားသမီး​ကို မနှစ်သက်​သော အစ်မ​တို့​နှင့်​လည်း တူ​၏​။ သင့်​အမိ​သည် ဟိတ္တိ​လူမျိုး​၊ သင့်​အဖ​သည် အာမောရိ​လူမျိုး​ဖြစ်​၏​။


ဆင်းရဲ​သော​သူ​၊ နွမ်းပါး​သော​သူ​တို့​ကို နိုင်ထက်စီးနင်း​ပြု​ခြင်း​၊ သူတစ်ပါး​ဥစ္စာ​ကို မတရားယူ​၍ အပေါင်ပစ္စည်း​ကို​ပြန်​မ​ပေး​ခြင်း​၊ ရုပ်တု​တို့​ကို​ကိုးကွယ်​ခြင်း​၊ စက်ဆုပ်ရွံရှာဖွယ်​ရာ​တို့​ကို​ပြု​ခြင်း​၊


သို့သော် သူ​သည် ဆိုးယုတ်​သော​အမှု​ကို​ပြု​လျက် လူမျိုးတကာ​တို့​ထက် ငါ့​စီရင်ထုံးဖွဲ့ချက်​တို့​ကို သာ၍​ဖီဆန်​ကြ​၏​။ သူ့​ဝန်းကျင်​ရှိ တိုင်းနိုင်ငံ​များ​ထက် ငါ့​ပြဋ္ဌာန်းချက်​တို့​ကို သာ၍​ဖီဆန်​ကြ​၏​။ စင်စစ် သူ​တို့​သည် ငါ့​စီရင်ထုံးဖွဲ့ချက်​ကို စွန့်ပယ်​၍ ငါ့​ပြဋ္ဌာန်းချက်​တို့​ကို မ​လိုက်နာ​ဘဲ​နေ​ကြ​၏’​ဟု မိန့်​တော်မူ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ