ငါသည် သင်နှင့်မိန်းမကိုလည်းကောင်း၊ သင်၏အမျိုးအနွယ်နှင့် မိန်းမ၏အမျိုးအနွယ်ကိုလည်းကောင်း ရန်ငြိုးဖွဲ့စေမည်။ သူသည် သင်၏ခေါင်းကိုကြိတ်လိမ့်မည်။ သင်သည်လည်း သူ၏ဖနောင့်ကိုကြိတ်လိမ့်မည်”ဟု မိန့်တော်မူ၏။
ယေရမိ 31:22 - မြန်မာ့စံမီသမ္မာကျမ်း အို ဖောက်ပြန်သောသမီးပျို၊ မည်သည့်အချိန်အထိ လှည့်လည်နေမည်နည်း။ ထာဝရဘုရားသည် မြေကြီးပေါ်တွင် အသစ်သောအရာကို ဖန်ဆင်းတော်မူပြီ။ မိန်းမသည် ယောက်ျားကို ဝိုင်းရံလိမ့်မည်။ Common Language Bible သစ္စာမဲ့သည့်လူတို့၊သင်တို့သည်အဘယ်မျှ ကြာရှည်တုံ့ဆိုင်း၍နေကြမည်နည်း။ အမျိုးသမီးသည်အမျိုးသားအားအကာ အကွယ် ပေးနိုင်ခြင်းသည်ဆန်းသစ်သကဲ့သို့၊ ငါထာဝရဘုရားသည်ဆန်းသစ်သည့် အမှုကို ဖန်တီးစီရင်တော်မူပြီ'' ဟုမိန့်တော်မူ၏။ Garrad Bible အို ဖောက် ပြန် သော သ တို့ သ မီး၊ လှည့် လည် ၍နေ သည် မှာ၊ မည် မျှ ကြာ ဦး မည် နည်း။ မြေ ပေါ် တွင် မ ဖြစ် ဘူး မြဲ၊ ထာ ဝ ရ ဘု ရား ဖန် ဆင်း ခြင်း ကား၊ မိန်း မ သည် ယောက်ျား ကို ခြံ ရံ ခြင်း တည်း။ Judson Bible အို ဖောက်ပြန်သော သတို့သမီး၊ သင်သည် အဘယ်မျှကာလပတ်လုံး လှည့်လည်၍ နေလိမ့်မည်နည်း။ ထာဝရဘုရားသည် မြေကြီးပေါ်မှာ ထူးဆန်းသောအမှုကို စီရင်တော်မူ၍၊ မိန်းမသည် ယောက်ျားကို ပတ်ဝိုင်းလိမ့်မည်။ |
ငါသည် သင်နှင့်မိန်းမကိုလည်းကောင်း၊ သင်၏အမျိုးအနွယ်နှင့် မိန်းမ၏အမျိုးအနွယ်ကိုလည်းကောင်း ရန်ငြိုးဖွဲ့စေမည်။ သူသည် သင်၏ခေါင်းကိုကြိတ်လိမ့်မည်။ သင်သည်လည်း သူ၏ဖနောင့်ကိုကြိတ်လိမ့်မည်”ဟု မိန့်တော်မူ၏။
ဘုရားရှင်ကိုယ်တော်တိုင် သင်တို့အား နိမိတ်လက္ခဏာပေးတော်မူမည်။ ကြည့်ရှုလော့။ အပျိုကညာသည် သန္ဓေတည်၍ သားယောက်ျားကိုဖွားမြင်လိမ့်မည်။ ထိုသား၏အမည်ကို ဧမာနွေလဟုခေါ်ကြလိမ့်မည်။
သင်ဖောက်ပြန်ခြင်း၊ ဟီသံပေးခြင်း၊ ညစ်ညမ်းသောပြည့်တန်ဆာအလုပ်လုပ်ခြင်း စသည့် ရွံရှာဖွယ်ရာတို့ကို ကွင်းပြင်၊ တောင်ကုန်းပေါ်၌ပြုနေသည်ကို ငါမြင်၏။ အို ဂျေရုဆလင်၊ သင်၌အမင်္ဂလာရှိ၏။ မည်မျှကြာအောင် ညစ်ညူးနေမည်နည်း”ဟု မိန့်တော်မူ၏။
အကျွန်ုပ်တို့၏အပြစ်များက အကျွန်ုပ်တို့ကိုသက်သေထူနေသော်လည်း အို ထာဝရဘုရား၊ ကိုယ်တော်၏နာမတော်ကိုထောက်၍ စီရင်တော်မူပါ။ အကျွန်ုပ်တို့သည် ကြိမ်ဖန်များစွာလမ်းလွဲဖောက်ပြန်၍ ကိုယ်တော်ကိုပြစ်မှားကြပါပြီ။
ယခု ရှိဟောရမြစ်ရေကိုသောက်ဖို့ အီဂျစ်ပြည်သို့ သင်သွားသည်မှာ အဘယ်အတွက်နည်း။ ယူဖရေးတီးမြစ်ရေကိုသောက်ဖို့ အဆီးရီးယားပြည်သို့ သင်သွားသည်မှာ အဘယ်အတွက်နည်း။
“သင်က ‘ငါသည် မညစ်ညူး၊ ဗာလဘုရားတို့နောက်သို့မလိုက်’ဟု မည်သို့ဆိုနိုင်သနည်း။ ချိုင့်ဝှမ်းထဲ၌ သင်ပြုခဲ့သောအမှုကို ကြည့်လော့။ သင်ပြုခဲ့သောအရာကို သိမှတ်လော့။ သင်သည် လမ်းပေါ်၌ဟိုဟိုသည်သည်ပြေးလွှားသည့် လျင်မြန်သောကုလားအုတ်မပါတကား။
သင်သည် အဘယ်ကြောင့် ဤမျှလောက်လှည့်လည်သွားလာ၍ သင်၏အပြုအမူကို ပြောင်းလဲရသနည်း။ အဆီးရီးယားပြည်အားဖြင့် အရှက်ကွဲရသကဲ့သို့ အီဂျစ်ပြည်အားဖြင့် အရှက်ကွဲရလိမ့်မည်။
ယောက်ျားသည် မိမိမယားကို ကွာရှင်း၍ ထိုမယားသည် ယောက်ျားထံမှထွက်သွားပြီး အခြားယောက်ျား၏မယားဖြစ်ပြီးမှ ပထမယောက်ျားသည် ထိုမယားနှင့်ပြန်ပေါင်းမည်လော။ ထိုသို့ပြုလျှင် ပြည်ကို အလွန်ညစ်ညူးစေရာရောက်သည်မဟုတ်လော။ သင်သည်လည်း ချစ်နှစ်သက်သူများစွာနှင့် ဖောက်ပြန်မှားယွင်းပြီးမှ ငါ့ထံသို့ပြန်လာပါသည်တကား”ဟု ထာဝရဘုရားမိန့်တော်မူ၏။
အို လမ်းလွဲသောသားသမီးတို့၊ ပြန်လာကြလော့”ဟု မိန့်တော်မူ၏။ ထာဝရဘုရားက “ငါသည် သင်တို့၏ခင်ပွန်းဖြစ်၏။ သင်တို့ကို မြို့တစ်မြို့လျှင်တစ်ယောက်၊ မျိုးနွယ်စုတစ်စုလျှင်နှစ်ယောက် ရွေးယူ၍ ဇိအုန်မြို့သို့ပို့ဆောင်မည်။
“အို လမ်းလွဲသောသားသမီးတို့၊ ပြန်လှည့်လာကြလော့။ သင်တို့၏လမ်းလွဲဖောက်ပြန်မှုကို ငါကုသပေးမည်”ဟု မိန့်တော်မူသော် သူတို့က “ကိုယ်တော်သည် အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရား ဖြစ်တော်မူသည်ဖြစ်၍ ကိုယ်တော်ထံသို့ အကျွန်ုပ်တို့ လာကြပါပြီ။
ယခုပင်သင်က “အကျွန်ုပ်၏အဖ၊ အကျွန်ုပ်ငယ်ရွယ်စဉ်မှစ၍ ကိုယ်တော်သည် အကျွန်ုပ်၏မိတ်ဆွေဖြစ်ပါ၏။
ယောရှိမင်းကြီးလက်ထက်တွင်လည်း ငါ့အား ထာဝရဘုရားမိန့်ဆိုတော်မူ၏။ “လမ်းလွဲဖောက်ပြန်သောအစ္စရေးလူမျိုးပြုသောအမှုကို သင်မြင်ပြီလော။ သူသည် မြင့်မားသောတောင်ပေါ်နှင့် စိမ်းလန်းသောသစ်ပင်အောက် ရှိသမျှတို့သို့သွား၍ ပြည့်တန်ဆာလုပ်လေပြီ။
သစ္စာမဲ့သောအစ္စရေးလူမျိုးသည် အိမ်ထောင်ရေးဖောက်ပြန်သည်ကို ငါမြင်သောကြောင့် သူ့ကို ကွာရှင်းစာပေးပြီး နှင်ထုတ်ခဲ့သည်ကိုပင် သူ၏ညီမဖြစ်သော သစ္စာဖောက်ယုဒအမျိုးသည် မကြောက်ဘဲ ပြည့်တန်ဆာသွားလုပ်၏။
အို ဂျေရုဆလင်မြို့၊ ကယ်တင်ခြင်းခံရရန် ဆိုးညစ်သောသင်၏စိတ်နှလုံးကို သန့်ရှင်းစင်ကြယ်စေလော့။ ယုတ်ညံ့သောအကြံအစည်များကို သင့်စိတ်ထဲ၌ မည်မျှကြာအောင် ရှိနေစေမည်နည်း။
အို ဖောက်ပြန်သောသမီးပျို၊ သင်သည် ဥစ္စာဘဏ္ဍာကို ကိုးစား၍ ‘ငါ့ကို မည်သူဆန့်ကျင်ဝံ့သနည်း’ဟု ဆိုလျက် အဘယ်ကြောင့် ချိုင့်ဝှမ်းတို့၌ ဝါကြွားသနည်း။ ထိုချိုင့်ဝှမ်းတို့ ယိုယွင်းပျက်စီးလေပြီ။
သို့သော် သူတို့ နားမထောင်ကြ။ ဂရုမစိုက်ကြ။ သူတို့၏အကျင့်အကြံ၊ သူတို့၏ဆိုးညစ်မာကျောသောစိတ်သဘောအတိုင်း လိုက်လျှောက်ကြ၏။ ရှေ့မတိုးဘဲ နောက်ဆုတ်သွားကြ၏။
ငါ့လူမျိုးတော်သည် ငါ့ထံမှလမ်းလွဲဖောက်ပြန်လိုစိတ်အားကြီးကြပြီ။ သူတို့သည် ကောင်းကင်ဘုံရှင်ကိုခေါ်သော်လည်း သူတို့တစ်ဦးတစ်ယောက်မျှ ကိုယ်တော်ကို မချီးမြှောက်ကြ။
“ငါသည် အမျက်ပြေပြီဖြစ်၍ သူတို့လမ်းလွဲဖောက်ပြန်သည်များကို ပြန်လည်ပြုပြင်ပေးမည်။ စေတနာစိတ်ထက်သန်သည့်အလျောက် သူတို့ကို ငါချစ်မည်။
နွားမတမ်းခေါင်းမာသကဲ့သို့ အစ္စရေးသည်လည်း ခေါင်းမာ၏။ ထာဝရဘုရားသည် သူတို့ကို သိုးသငယ်ကဲ့သို့ စားကျက်ပြင်တွင် ထိန်းကျောင်းဦးမည်လော။
အို ရှမာရိ၊ နွားသငယ်ရုပ်တုကို စွန့်ပစ်လော့။ သူတို့ကို ငါအမျက်ထွက်၏။ သူတို့သည် မည်သည့်အချိန်ရောက်မှ အပြစ်ကင်းနိုင်မည်နည်း။
သို့သော် သူတို့သည် ဂရုမစိုက်။ ခေါင်းမာမာနှင့် ကျောခိုင်းကြ၏။ မကြားနိုင်အောင် နားပိတ်ထားကြ၏။
ထာဝရဘုရားသည် မဖြစ်ဖူးသေးသောအမှုကိုပြုတော်မူသဖြင့် မြေကြီးသည် မိမိခံတွင်းကိုဖွင့်လျက် သူတို့နှင့် သူတို့ပိုင်ဆိုင်သောအရာရှိသမျှတို့ကိုမျို၍ အရှင်လတ်လတ် မရဏာနိုင်ငံသို့ ဆင်းသွားရလျှင် သူတို့သည် ထာဝရဘုရားကိုမထီလေးစားပြုခြင်းဖြစ်ကြောင်း သင်တို့သိမြင်ကြရလိမ့်မည်”ဟု ဆိုလေ၏။
သူသည် သားယောက်ျားကို ဖွားမြင်လိမ့်မည်။ ထိုသားသည် မိမိ၏လူမျိုးတော်ကို သူတို့၏အပြစ်များမှ ကယ်တင်မည်ဖြစ်သောကြောင့် သူ၏အမည်ကို ယေရှုဟူ၍မှည့်ခေါ်ရမည်”ဟု မြွက်ဆိုလေ၏။
သို့သော် အချိန်ကာလပြည့်စုံခြင်းသို့ရောက်သောအခါ ဘုရားသခင်သည် မိမိ၏သားတော်ကိုစေလွှတ်တော်မူ၍ ထိုသားတော်သည် မိန်းမတစ်ဦးမှမွေးဖွားလျက် ပညတ်တရားအောက်၌ ပေါ်ထွန်းတော်မူ၏။