ယေရမိ 3:6 - မြန်မာ့စံမီသမ္မာကျမ်း6 ယောရှိမင်းကြီးလက်ထက်တွင်လည်း ငါ့အား ထာဝရဘုရားမိန့်ဆိုတော်မူ၏။ “လမ်းလွဲဖောက်ပြန်သောအစ္စရေးလူမျိုးပြုသောအမှုကို သင်မြင်ပြီလော။ သူသည် မြင့်မားသောတောင်ပေါ်နှင့် စိမ်းလန်းသောသစ်ပင်အောက် ရှိသမျှတို့သို့သွား၍ ပြည့်တန်ဆာလုပ်လေပြီ။ အခန်းကိုကြည့်ပါ။Common Language Bible6 ယောရှိမင်းလက်ထက်၌ ထာဝရဘုရားက ငါ့ကို``ထိုသစ္စာမဲ့သည့်အမျိုးသမီးဣသ ရေလသည် ငါ့အားမည်သို့စွန့်ပစ်၍သွား သည်ကိုသင်မြင်ပြီလော။ သူသည်တောင်မြင့် မှန်သမျှအပေါ်တွင်လည်းကောင်း၊ စိမ်းလန်း သည့်သစ်ပင်ရှိသမျှအောက်တွင်လည်း ကောင်း ပြည့်တန်ဆာအလုပ်ကိုလုပ်၏။- အခန်းကိုကြည့်ပါ။Garrad Bible6 ယော ရှိ မင်း လက် ထက်၊ ငါ့ အား ထာ ဝ ရ ဘု ရား ထပ် မံ မိန့် တော် မူ သည် မှာ၊ ဖောက် ပြန် သူ ဣ သ ရေ လ ပြု ကျင့် ခဲ့ သည် ကို သိ မြင် ပြီ လော။ အ ရပ် ရပ် ရှိ မြင့် လှ သော တောင် ပေါ်၊ စိမ်း လန်း သော သစ် ပင် အောက် များ သို့ သွား ၍ ပြည် တန် ဆာ လုပ် ခဲ့ လေ စွ။ အခန်းကိုကြည့်ပါ။Judson Bible6 ယောရှိမင်းကြီးလက်ထက်၊ ထာဝရဘုရားသည် ငါ့အား မိန့်တော်မူသည်ကား၊ ဖောက်ပြန်သော ဣသရေလအမျိုး ပြုသောအမှုကို သင်မြင်ပြီလော။ မြင့်သောတောင်ရှိသမျှ အပေါ်သို့တက်၍လည်းကောင်း၊ စိမ်းသောသစ်ပင်ရှိသမျှ အောက်၌လည်းကောင်း ပြည့်တန်ဆာလုပ်လေပြီ။ အခန်းကိုကြည့်ပါ။ |
သူတို့သည် ငါ့စကားကို နားမထောင်သော ရှေးဘိုးဘေးတို့၏ဒုစရိုက်ကို ပြန်ပြုကြပြီ။ အခြားဘုရားများနောက်သို့လိုက်၍ ထိုဘုရားတို့ကို ဝတ်ပြုကြပြီ။ အစ္စရေးအမျိုးအနွယ်နှင့်ယုဒအမျိုးအနွယ်တို့သည် သူတို့၏ဘိုးဘေးများနှင့် ငါပြုသောပဋိညာဉ်ကို ချိုးဖောက်ကြပြီ”ဟု မိန့်တော်မူ၏။
သူတို့အားပေးမည်ဟု ငါကျိန်ဆိုခဲ့သည့်အတိုင်း သူတို့ကို ထိုပြည်သို့ ငါခေါ်ဆောင်လာသောအခါ သူတို့သည် ကုန်းမြင့်များ၊ စိမ်းလန်းသောသစ်ပင်များကို မြင်လျှင် ထိုနေရာတို့၌ ယဇ်ပူဇော်၍ ငါ့အမျက်ကိုနှိုးဆော်သော ပူဇော်သက္ကာကို ပူဇော်ကြ၏။ မွှေးကြိုင်သောနံ့သာပေါင်းကိုလည်း တင်လှူ၍ သွန်းလောင်းရာပူဇော်သက္ကာကိုလည်း သွန်းလောင်းပူဇော်ကြ၏။
သူတို့သည် တောင်ထိပ်များပေါ်တွင် ယဇ်ပူဇော်ပြီး တောင်ကုန်းများပေါ်တွင်လည်းကောင်း၊ အရိပ်ကောင်းသောဝက်သစ်ချပင်၊ ပေါ့ပလာပင်၊ သပိတ်ပင်တို့အောက်တွင်လည်းကောင်း နံ့သာပေါင်းကို မီးရှို့ပူဇော်ကြ၏။ ထို့ကြောင့် သင်တို့၏သမီးတို့သည် ပြည့်တန်ဆာလုပ်ပြီး ချွေးမတို့သည် အိမ်ထောင်ရေးဖောက်ပြန်ကြ၏။