Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ရ​မိ 14:7 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

7 အကျွန်ုပ်​တို့​၏​အပြစ်​များ​က အကျွန်ုပ်​တို့​ကို​သက်သေထူ​နေ​သော်လည်း အို ထာဝရဘုရား​၊ ကိုယ်တော်​၏​နာမ​တော်​ကို​ထောက်​၍ စီရင်​တော်မူ​ပါ​။ အကျွန်ုပ်​တို့​သည် ကြိမ်ဖန်​များစွာ​လမ်းလွဲဖောက်ပြန်​၍ ကိုယ်တော်​ကို​ပြစ်မှား​ကြ​ပါ​ပြီ​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

7 ငါ​၏​လူ​မျိုး​တော်​က​ငါ့​အား `ကျွန်​တော်​မျိုး​တို့​သည်​မိ​မိ​တို့​အ​ပြစ်​များ​၏ စွပ်​စွဲ​ခြင်း​ကို​ခံ​၍​နေ​ရ​သော်​လည်း၊ အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​တို့​အား​ကိုယ်​တော်​ရှင်​၏ နာ​မ​တော်​ကို​ထောက်​၍​ကူ​မ​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​တို့​သည်​ကြိမ်​ဖန်​များ​စွာ ကိုယ်​တော်​ရှင်​ကို ကျော​ခိုင်း​မိ​ကြ​ပါ​ပြီ။ ကိုယ်​တော်​ရှင်​အား​ပြစ်​မှား​မိ​ကြ​ပါ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

7 အို ထာ ဝ ရ ဘု ရား၊ ကြိမ် ဖန် များ စွာ ဖောက် ပြန် လျက်၊ ကိုယ် တော် ကို ပြစ် မှား သူ အ ကျွန်ုပ် တို့ တစ် ဘက်၌၊ ကိုယ့် ဒု စ ရိုက် များ သက် သေ ခံ သော် လည်း၊ နာ မ တော် ကို ထောက် ၍ ပြု စု တော် မူ ပါ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

7 အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​တို့၏​အ​ပြစ်​သည် အ​ကျွန်ုပ်​တို့​တစ်​ဖက်၌ သက်​သေ​ခံ​သော်​လည်း၊ နာ​မ​တော်​ကို ထောက်၍ စီ​ရင်​တော်​မူ​ပါ။ အ​ကျွန်ုပ်​တို့​သည် ကြိမ်​ဖန်​များ​စွာ ဖောက်​ပြန်​ပါ​ပြီ။ ကိုယ်​တော်​ကို ပြစ်​မှား​ပါ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ရ​မိ 14:7
30 ပူးပေါင်းရင်းမြစ်များ  

အို အစ္စရေး​လူမျိုး​တို့​၏​ဘုရားသခင် ထာဝရဘုရား​၊ ကိုယ်တော်​သည် ဖြောင့်မတ်​သော​အရှင် ဖြစ်​တော်မူ​ပါ​၏​။ အကျွန်ုပ်​တို့​သည် ယနေ့ လွတ်မြောက်​၍ ကြွင်းကျန်​သော​သူ​များ ဖြစ်​ပါ​၏​။ အကျွန်ုပ်​တို့​သည် အပြစ်​ရှိ​လျက်ပင် ကိုယ်တော့်​ရှေ့​တွင် ရပ်​နေ​ခွင့်​ရ​ပါ​ပြီ​။ သို့သော် ကိုယ့်​အပြစ်​ကြောင့် ရှေ့​တော်​တွင် ရပ်​နေ​နိုင်​သူ တစ်ဦးမျှ​မ​ရှိ​ပါ​”​ဟု တောင်းလျှောက်​လေ​၏​။


အကျွန်ုပ်​တို့​၌​မ​ဟုတ်​ဘဲ​၊ အို ထာဝရဘုရား​၊ အကျွန်ုပ်​တို့​၌​မ​ဟုတ်​ဘဲ ကိုယ်တော်​၏​နာမ​တော်​၌​သာ ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​နှင့် ကိုယ်တော်​၏​သမ္မာတရား​ကြောင့် ဘုန်းအသရေ​ရှိ​ပါစေသော​။


အို ထာဝရဘုရား​၊ အကျွန်ုပ်​၏​ဒုစရိုက်​သည်​ကြီးမား​လှ​သောကြောင့် ကိုယ်တော်​၏​နာမ​တော်​ကို​ထောက်၍ ခွင့်လွှတ်​တော်မူ​ပါ​။


အကျွန်ုပ်​တို့​ကို​ကယ်တင်​တော်မူ​သော​ဘုရားသခင်​၊ ကိုယ်တော့်​နာမ​တော်​၏​ဘုန်းအသရေ​တော်​ကို​ထောက်​၍ အကျွန်ုပ်​တို့​ကို ကူညီမစ​တော်မူ​ပါ​။ ကိုယ်တော်​၏​နာမ​တော်​ကို​ထောက်၍ အကျွန်ုပ်​တို့​ကို​ကယ်နုတ်​ပြီး အကျွန်ုပ်​တို့​၏​အပြစ်​များ​ကို ဖြေလွှတ်​တော်မူ​ပါ​။


ငါ့​အတွက်​၊ ငါ့​အတွက်​သာလျှင် ငါ​ပြု​၏​။ ငါ့​နာမ​သည် မည်သည့်​အတွက်ကြောင့် အရှုတ်ချ​ခံ​မည်နည်း​။ ငါ​၏​ဘုန်းအသရေ​ကို အခြား​သူ​အား ငါ​မ​ပေး​။


အကြောင်းမူကား ငါ​တို့​ကျူးလွန်​သော​အပြစ်​သည် ရှေ့​တော်​၌​များပြား​လှ​၏​။ ငါ​တို့​၏​အပြစ်​များ​သည် ငါ​တို့​အကြောင်း သက်သေထွက်ဆို​၏​။ ငါ​တို့​ကျူးလွန်​သော​အပြစ်​များ​သည် ငါ​တို့​နှင့်အတူ​ရှိ​၍ ငါ​တို့​၏​ဒုစရိုက်​များ​ကို ငါ​တို့​သိ​ကြ​၏​။


ငါ​၏​ဒဏ်ရာ​ကြောင့် ငါ​၌ အမင်္ဂလာ​ရှိ​၏​။ ငါ့​အနာ ပြင်းထန်​လှ​၏​။ သို့သော်လည်း ငါ​က “​ဤသည်ကား ဆိုးဝါး​သော​ဝေဒနာ​ဖြစ်​၏​။ ဤ​ဝေဒနာ​ကို ငါ​တင်းခံ​ရ​မည်​”​ဟု ဆို​၏​။


သင်​၏​မကောင်းမှု​သည် သင့်​ကို​အပြစ်ဒဏ်​ပေး​လိမ့်မည်​။ သင်​၏​လမ်းလွဲဖောက်ပြန်မှု​သည် သင့်​ကို​ဆုံးမ​လိမ့်မည်​။ သင်​၏​ဘုရားသခင်​ထာဝရဘုရား​ကို​စွန့်ပယ်​ခြင်း​၊ ငါ့​ကို မ​ကြောက်ရွံ့​ခြင်း​သည် ဆိုး​သော​အမှု​၊ ခါးသီး​သော​အမှု​ဖြစ်​သည်​ကို သိ​မှတ်​လော့​”​ဟု ကောင်းကင်​ဗိုလ်ခြေ​အရှင်သခင်​ထာဝရဘုရား မိန့်​တော်မူ​၏​။


အကျွန်ုပ်​တို့​သည် အရှက်ကွဲ​ခြင်း​၌ လဲလျောင်း​ရ​ပါစေ​။ အသရေပျက်​ခြင်း​သည် အကျွန်ုပ်​တို့​ကို ဖုံးလွှမ်း​ပါစေ​။ အကြောင်းမူကား အကျွန်ုပ်​တို့​သည် ငယ်စဉ်​မှစ၍ ယနေ့​တိုင်အောင် အကျွန်ုပ်​တို့​နှင့်​အကျွန်ုပ်​တို့​ဘိုးဘေး​များ​သည် ဘုရားသခင်​ထာဝရဘုရား​ကို ပြစ်မှား​ကြ​ပါ​ပြီ​။ ဘုရားသခင်​ထာဝရဘုရား​၏​အသံ​တော်​ကို နား​မ​ထောင်​ကြ​ပါ​”​ဟု ဆို​ကြ​၏​။


ယောရှိ​မင်းကြီး​လက်ထက်​တွင်​လည်း ငါ့​အား ထာဝရဘုရား​မိန့်ဆို​တော်မူ​၏​။ “​လမ်းလွဲဖောက်ပြန်​သော​အစ္စရေး​လူမျိုး​ပြု​သော​အမှု​ကို သင်​မြင်​ပြီ​လော​။ သူ​သည် မြင့်မား​သော​တောင်​ပေါ်​နှင့် စိမ်းလန်း​သော​သစ်ပင်​အောက် ရှိသမျှ​တို့​သို့​သွား​၍ ပြည့်တန်ဆာလုပ်​လေ​ပြီ​။


သင်​တို့​ပြု​သော​ဒုစရိုက်​များ​ကြောင့် ထို​အရာ​တို့​နှင့် သင်​တို့​လွဲသွား​ရ​လေ​ပြီ​။ သင်​တို့​၏​အပြစ်​များ​သည် ကောင်းကျိုးချမ်းသာ​ကို တားဆီး​လေ​ပြီ’​ဟု ထာဝရဘုရား သင်​တို့​ကို မိန့်ဆို​ပြီ​။


ထို့ကြောင့် တော​ထဲမှ​ခြင်္သေ့​သည် သူ​တို့​ကို တိုက်ခိုက်​လိမ့်မည်​။ သဲကန္တာရ​မှ​ဝံပုလွေ​သည် သူ​တို့​ကို​ဖျက်ဆီး​လိမ့်မည်​။ ကျားသစ်​သည် သူ​တို့​၏​မြို့​များ​ကို ချောင်းမြောင်း​လိမ့်မည်​။ မြို့​ထဲမှ​ထွက်လာ​သော​သူ​အပေါင်း​တို့​သည် တစ်စစီကိုက်ဖြတ်​ခြင်း​ခံရ​လိမ့်မည်​။ အကြောင်းမူကား သူ​တို့​ကျူးလွန်​သော​အပြစ်​သည် များပြား​၏​။ သူ​တို့​၏​ဖောက်ပြန်သွေဖည်မှု​သည် မရေမတွက်​နိုင်​။


ငါ​တို့ အဘယ်ကြောင့်​ထိုင်​နေ​ကြ​သနည်း​။ အတူတကွ​စုဝေး​လျက် ခံတပ်​မြို့​များ​ထဲသို့​ဝင်​၍ သေကျေပျက်စီး​ကြ​ကုန်​စို့​။ ထာဝရဘုရား​ကို ငါ​တို့​ပြစ်မှား​ကြ​သောကြောင့် ငါ​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် ငါ​တို့​ကို သေကျေပျက်စီး​စေ​တော်မူ​ပြီ​။ အဆိပ်​ရေ​ကို​သောက်​စေ​တော်မူ​ပြီ​။


ဤ​ဂျေရုဆလင်​မြို့သူမြို့သား​တို့​သည် အဘယ်ကြောင့် ထွက်သွား​၍ ဖောက်ပြန်​မြဲ​ဖောက်ပြန်​ကြ​သနည်း​။ သူ​တို့​သည် လှည့်စားမှု​ကို​ဆုပ်ကိုင်​ထား​ကြ​၏​။ ပြန်လှည့်​လာ​ရန် ငြင်းဆန်​ကြ​၏​။


သို့သော် သူ​တို့​အား ထုတ်ဆောင်​လာ​ခဲ့​သည်​ကို မြင်တွေ့​သော​လူမျိုးခြား​တို့​ရှေ့​တွင် ငါ့​နာမ​ရှုတ်ချ​မ​ခံရ​ရန်​အတွက် ငါ​ပြု​ခဲ့​၏​။


သို့သော် သူ​တို့​အား ထုတ်ဆောင်​လာ​ခဲ့​သည်​ကို မြင်တွေ့​သော လူမျိုးခြား​တို့​ရှေ့​တွင် ငါ့​နာမ​ရှုတ်ချ​မ​ခံရ​ရန်​အတွက် ငါ​ပြု​ခဲ့​၏​။ သူ​တို့​ကို ငါ​မ​ဆုံးမ​ခဲ့​။


သို့သော် သူ​တို့​နေထိုင်​ရာ​လူမျိုးခြား​တို့​အလယ်​တွင် ငါ့​နာမ​ရှုတ်ချ​မ​ခံရ​ရန်​အတွက် ငါ​ပြု​ခဲ့​၏​။ သူ​တို့​ကို အီဂျစ်​ပြည်​မှ​ထုတ်ဆောင်​လာ​သောအခါ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း​ကို လူမျိုးခြား​တို့​အား သိ​စေ​ခဲ့​၏​။


အစ္စရေး​၏​မာန​သည် သူ​တို့​မည်သို့​သော​သူ​ဖြစ်ကြောင်း​ကို သက်သေပြ​လေ​ပြီ​။ အစ္စရေး​နှင့် ဧဖရိမ်​တို့​သည် ဒုစရိုက်​ခလုတ်တိုက်​၍ လဲကျ​ကြ​လိမ့်မည်​။ ယုဒ​သည်​လည်း သူ​တို့​နှင့်အတူ ခလုတ်တိုက်​လဲကျ​လိမ့်မည်​။


အစ္စရေး​၏​မာန​သည် သူ့​ကို​ဆန့်ကျင်​၍ သက်သေပြ​လေ​ပြီ​။ သို့သော် သူ​တို့​သည် ဘုရားသခင်​ထာဝရဘုရား​ထံ ပြန်​မ​လာ​ကြ​။ သူ​တို့​ပြု​ခဲ့​သမျှ​သော​အမှု​များ​အတွက် ကိုယ်တော့်​ကို မ​ရှာ​ကြ​။


နှံကောင်​တို့​သည် မြေ​ပေါ်​ရှိ​အပင်​များ​ကို စား​ပြီးနောက် ငါ​က “​အို ဘုရားရှင်​ထာဝရဘုရား​၊ ယခု ခွင့်လွှတ်​တော်မူ​ပါ​။ ယာကုပ်​သည် နုနယ်သေး​သည်​ဖြစ်၍ မည်သို့ ခံ​နိုင်​ပါ​မည်နည်း”​ဟု လျှောက်ဆို​၏​။


ငါ​သည် ထာဝရဘုရား​ကို​ပြစ်မှား​မိ​ပြီ​ဖြစ်၍ ငါ့​အမှု​ကို ဖြေရှင်း​ပေး​ပြီး ငါ့​ကို တရားသဖြင့် စီရင်​သည်​အထိ အမျက်​တော်​ကို ငါ​ခံရ​မည်​။ ထို့နောက် ကိုယ်တော်​သည် ငါ့​ကို အလင်း​ထဲသို့ ခေါ်ဆောင်​လာ​မည်​ဖြစ်၍ ကိုယ်တော်​၏​ဖြောင့်မတ်​ခြင်း​ကို ငါ​ဖူးမြင်​ရ​လိမ့်မည်​။


ဤသည်ကား ခရစ်တော်​၌ ဦးစွာ​မျှော်လင့်​ထား​သော​ငါ​တို့​သည် ဘုရားသခင်​၏​ဘုန်း​တော်​ကို ချီးမွမ်း​ကြ​မည့်​အကြောင်း​တည်း။


ဤသည်ကား ချစ်​တော်မူ​သော​သား​တော်​အားဖြင့် ငါ​တို့​အား​ပေး​သနား​တော်မူ​သော မိမိ​ကျေးဇူး​တော်​၏​ဘုန်း​တော်​ကို ငါ​တို့​ချီးမွမ်း​ကြ​မည့်​အကြောင်း​တည်း။


သို့သော် သူ​တို့​ကို​ရန်ပြု​သော​သူ​တို့​၏​ရန်သူ​တို့​သည် ထောင်လွှား​လာ​ပြီး “ဤ​အမှု​အလုံးစုံ​ကို ထာဝရဘုရား​ပြု​တော်မူ​သည်​မ​ဟုတ်​၊ ငါ​တို့​လက်​ဖြင့် အောင်မြင်​ခဲ့​သည်”​ဟု အထင်လွဲ​၍ ဆို​လာ​မည်​ကို စိုးရိမ်​၏’​ဟု မိန့်​တော်မူ​၏​။


ခါနာန်​လူမျိုး​နှင့် ခါနာန်​ပြည်သား​အပေါင်း​တို့​ကြား​လျှင် သူ​တို့​သည် အကျွန်ုပ်​တို့​ကို​ဝိုင်းရံ​ထား​ပြီး အကျွန်ုပ်​တို့​၏​အမည်​ကို မြေကြီး​ပေါ်မှ​ပယ်ဖျက်​ကြ​ပါ​လိမ့်မည်​။ ကိုယ်တော်​၏​ကြီးမြတ်​သော​နာမ​တော်​အဖို့ မည်သို့​ပြု​တော်မူ​မည်နည်း​”​ဟု လျှောက်ဆို​လေ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ