ယေရမိ 13:27 - မြန်မာ့စံမီသမ္မာကျမ်း27 သင်ဖောက်ပြန်ခြင်း၊ ဟီသံပေးခြင်း၊ ညစ်ညမ်းသောပြည့်တန်ဆာအလုပ်လုပ်ခြင်း စသည့် ရွံရှာဖွယ်ရာတို့ကို ကွင်းပြင်၊ တောင်ကုန်းပေါ်၌ပြုနေသည်ကို ငါမြင်၏။ အို ဂျေရုဆလင်၊ သင်၌အမင်္ဂလာရှိ၏။ မည်မျှကြာအောင် ညစ်ညူးနေမည်နည်း”ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Common Language Bible27 ထာဝရဘုရားသည်မိမိစက်ဆုတ်သည့် အမှုများကို သင်တို့ပြုကျင့်ကြသည်ကို မြင်တော်မူပြီ။ သင်တို့သည်အိမ်နီးချင်း၏ ဇနီးကိုတပ်မက်သူကဲ့သို့၊ မြင်းမကိုတပ် မက်၍ဟီသည့်မြင်းလားကဲ့သို့၊ တောင်ကုန်း များ၊ လယ်ကွင်းများတွင်အရှက်ကင်းမဲ့စွာ ပြည့်တန်ဆာလုပ်ငန်းကိုလုပ်ကြ၏။ ယေရု ရှလင်မြို့သားတို့၊ သင်တို့သည်အမင်္ဂလာ ရှိပါသည်တကား။ အဘယ်အခါမှသင် တို့သည်သန့်စင်၍လာကြမည်နည်း။ အခန်းကိုကြည့်ပါ။Judson Bible27 သင်၏ မျောက်မထားခြင်း၊ ဟီမြည်ခြင်း၊ မတရားသောမေထုန်၏ ညစ်ညူးခြင်း၊ တောင်ပေါ်၌လည်းကောင်း၊ လယ်ပြင်၌လည်းကောင်းပြုသော စက်ဆုပ်ရွံရှာဖွယ်တို့ကို ငါသိမြင်၏။ အို ယေရုရှလင်မြို့၊ သင်သည် အမင်္ဂလာရှိ၏။ သန့်ရှင်းခြင်းသို့ မရောက်ဘဲ အဘယ်မျှကာလပတ်လုံးနေလိမ့်မည်နည်းဟု ထာဝရဘုရား မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
သူတို့အားပေးမည်ဟု ငါကျိန်ဆိုခဲ့သည့်အတိုင်း သူတို့ကို ထိုပြည်သို့ ငါခေါ်ဆောင်လာသောအခါ သူတို့သည် ကုန်းမြင့်များ၊ စိမ်းလန်းသောသစ်ပင်များကို မြင်လျှင် ထိုနေရာတို့၌ ယဇ်ပူဇော်၍ ငါ့အမျက်ကိုနှိုးဆော်သော ပူဇော်သက္ကာကို ပူဇော်ကြ၏။ မွှေးကြိုင်သောနံ့သာပေါင်းကိုလည်း တင်လှူ၍ သွန်းလောင်းရာပူဇော်သက္ကာကိုလည်း သွန်းလောင်းပူဇော်ကြ၏။
ရုပ်တုရှိသမျှကို မွှေးကြိုင်သောနံ့သာပေါင်းပူဇော်ရာနေရာများဖြစ်သည့် ရုပ်တုများကြားနှင့် ယဇ်ပလ္လင်ပတ်ပတ်လည်၊ တောင်ကုန်းများနှင့် တောင်ထိပ်များပေါ်၊ စိမ်းလန်းသောသစ်ပင်များနှင့် သပိတ်ပင်များအောက်တို့တွင် လူတို့သေနေသည်ကို မြင်သောအခါ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သူတို့သိကြလိမ့်မည်။
နောက်တစ်ဖန် ငါလာသောအခါ ဘုရားသခင်သည် သင်တို့ရှေ့၌ ငါ့ကိုနှိမ့်ချတော်မူ၍ ယခင်က အပြစ်ကျူးလွန်ခဲ့လျက်ပင် မိမိတို့ပြုကျင့်ခဲ့သည့် ညစ်ညူးခြင်း၊ တရားနှင့်မညီမေထုန်ပြုခြင်းနှင့် ကာမဂုဏ်လိုက်စားခြင်းတို့ကို နောင်တမရသေးသောသူများစွာရှိသည့်အတွက် ငါဝမ်းနည်းကြေကွဲရမည်ကိုလည်း ငါစိုးရိမ်၏။
ထို့နောက် ငါကြည့်လျှင် ကောင်းကင်အလယ်တွင် ပျံသန်းနေသောလင်းယုန်တစ်ကောင်က “ကောင်းကင်တမန်သုံးပါးတို့မှုတ်တော့မည့် ကျန်ရှိသောတံပိုးခရာတို့၏အသံကြောင့် ကမ္ဘာမြေကြီးပေါ်တွင်နေထိုင်သောသူတို့သည် အမင်္ဂလာ၊ အမင်္ဂလာ၊ အမင်္ဂလာရှိကြ၏”ဟု ကျယ်လောင်သောအသံဖြင့်ဆိုသည်ကို ငါကြားရ၏။