ထို့ပြင် ငါ၏ဘုရားသခင့်အိမ်တော်ကို မြတ်နိုးလှသဖြင့် အထက်က သန့်ရှင်းသောအိမ်တော်အဖို့ ငါပြင်ဆင်ပေးထားသည့်အရာအားလုံးသာမက ငါပိုင်ဆိုင်သောရတနာရွှေငွေတို့ကိုလည်း ငါ၏ဘုရားသခင့်အိမ်တော်အဖို့ ပေးလှူခဲ့ပြီ။
ယေရမိ 31:21 - မြန်မာ့စံမီသမ္မာကျမ်း မှတ်တိုင်များကို စိုက်သွားလော့။ ကျောက်ပုံများဖြင့် အမှတ်အသားပြုသွားလော့။ သင်သွားသောလမ်းမကြီးကို သင့်စိတ်ထဲ၌ မှတ်သားသွားလော့။ အို အစ္စရေးအပျိုကညာ၊ ပြန်လာလော့။ ဤမြို့များသို့ ပြန်လာလော့။ Common Language Bible မှတ်တိုင်များကိုစိုက်ထူ၍လမ်းကိုမှတ်သား ထားလော့။ သင်တို့ထွက်ခွာသွားရာလမ်းကိုတစ်ဖန် ပြန်၍ရှာလော့။ ဣသရေလပြည်သားတို့ပြန်လာခဲ့ကြလော့။ သင်တို့စွန့်ခွာသွားသည့်မြို့များသို့ပြန်လာ ခဲ့ကြလော့။ Garrad Bible က ညာ ဖြစ် သော အို ဣ သ ရေ လ လူ မျိုး၊ မှတ် တိုင်၊ မှော် ကွန်း တိုင် များ ကို ထူ စိုက် လျက်၊ ထွက် ခဲ့ ရာ ခ ရီး လမ်း ကို စိတ် စွဲ လမ်း ၍၊ နေ ရင်း ဤ မြို့ ရွာ များ သို့၊ ပြန် လည် လာ ရောက် ပါ လော့။ Judson Bible လမ်း၌ မှတ်တိုင်တို့ကိုစိုက်လော့။ အလံတိုင်တို့ကို ထူလော့။ လိုက်သွားသောလမ်းမကို စိတ်စွဲလမ်းလော့။ အို ဣသရေလ သတို့သမီးကညာ၊ ပြန်လာလော့။ သင်၏နေရာ ဤမြို့များသို့ ပြန်လာလော့။ |
ထို့ပြင် ငါ၏ဘုရားသခင့်အိမ်တော်ကို မြတ်နိုးလှသဖြင့် အထက်က သန့်ရှင်းသောအိမ်တော်အဖို့ ငါပြင်ဆင်ပေးထားသည့်အရာအားလုံးသာမက ငါပိုင်ဆိုင်သောရတနာရွှေငွေတို့ကိုလည်း ငါ၏ဘုရားသခင့်အိမ်တော်အဖို့ ပေးလှူခဲ့ပြီ။
ထို့နောက်တွင် အစ္စရေးအမျိုးအနွယ်အားလုံးထဲမှ အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားကိုရှာရန် စိတ်ပိုင်းဖြတ်ထားသောသူတို့သည် ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားကို ယဇ်ပူဇော်ရန် လေဝိအမျိုးတို့နှင့်အတူ ဂျေရုဆလင်မြို့သို့ လိုက်လာကြ၏။
ယောရှဖတ်မင်းကြီးသည်ကြောက်ရွံ့၍ ထာဝရဘုရားကိုရှာရန် စိတ်ဆုံးဖြတ်ပြီး ယုဒပြည်တစ်ပြည်လုံးသို့ အစာရှောင်ရန် ကြေညာ၏။
ဖိနှိပ်ချုပ်ချယ်မှုကို ယုံကြည်ကိုးစားခြင်းမပြုကြနှင့်။ လုယက်မှုအပေါ်၌လည်း အချည်းနှီးမမျှော်လင့်ကြနှင့်။ ဥစ္စာပစ္စည်းတိုးပွားလျှင်လည်း ထိုအရာတို့ကို စိတ်စွဲလမ်းခြင်းမရှိကြနှင့်။
ကိုယ်တော်၌ အားယူသောသူ၊ ဇိအုန်သို့သွားရာလမ်းကို နှလုံးသွင်းသောသူတို့သည် မင်္ဂလာရှိကြ၏။
ငါသည် ထိုအဖြစ်ကိုမြင်သောအခါ နှလုံးသွင်း၍ ငါတွေ့မြင်သောအရာကို သင်ခန်းစာယူ၏။
ဘေဘီလုံမြို့မှ ထွက်လာကြလော့။ ခါလဒဲလူမျိုးတို့ထံမှ ထွက်ပြေးလာကြလော့။ “ထာဝရဘုရားသည် မိမိအစေအပါးယာကုပ်အမျိုးကို ရွေးနုတ်တော်မူပြီ”ဟု ရွှင်လန်းသောအသံဖြင့် မြေကြီးစွန်းရောက်သည်အထိ ကြေညာကြလော့။ ကြားသိစေကြလော့။
တစ်စုံတစ်ယောက်က “မြေဖို့ကြ။ မြေဖို့ကြ။ လမ်းကိုပြင်ကြ။ ငါ၏လူတို့သွားရာလမ်းမှ ခလုတ်တံသင်းကိုဖယ်ရှားကြလော့”ဟု ဆိုလိမ့်မည်။
ဖြတ်သွားကြ။ မြို့တံခါးကို ဖြတ်သွားကြ။ လူမျိုးတကာတို့သွားရာလမ်းကိုပြင်ကြ။ ဖို့ကြ။ လမ်းမကြီးကိုဖို့ကြ။ ကျောက်ခဲကိုဖယ်ကြ။ လူမျိုးတကာတို့အတွက် အချက်ပြအလံကိုလွှင့်ထူကြ။
ထို့ကြောင့် သင်သည် မြောက်အရပ်သို့သွား၍ ဤသတင်းစကားတို့ကို ဟစ်ကြော်ပြောဆိုလော့။ ‘အို လမ်းလွဲဖောက်ပြန်သောအစ္စရေးလူမျိုး၊ ပြန်လာလော့’ဟု ထာဝရဘုရားမိန့်တော်မူ၏။ ‘ငါသည် ကရုဏာထားသည်ဖြစ်၍ သင့်အပေါ် အမျက်ကျရောက်စေမည်မဟုတ်’ဟု ထာဝရဘုရားမိန့်တော်မူ၏။ ‘ငါသည် အမျက်အစဉ်ထွက်မည်မဟုတ်။
အို လမ်းလွဲသောသားသမီးတို့၊ ပြန်လာကြလော့”ဟု မိန့်တော်မူ၏။ ထာဝရဘုရားက “ငါသည် သင်တို့၏ခင်ပွန်းဖြစ်၏။ သင်တို့ကို မြို့တစ်မြို့လျှင်တစ်ယောက်၊ မျိုးနွယ်စုတစ်စုလျှင်နှစ်ယောက် ရွေးယူ၍ ဇိအုန်မြို့သို့ပို့ဆောင်မည်။
အို အစ္စရေးအပျိုကညာ၊ ငါသည် သင့်ကို ပြန်လည်တည်ဆောက်မည်။ သင်သည် ပြန်လည်တည်ဆောက်ခြင်းခံရမည်။ သင်သည် ပတ်သာကိုဆောင်လျက် ပျော်မြူးကခုန်သောသူတို့နောက်သို့ တစ်ဖန် လိုက်သွားရလိမ့်မည်။
အို အီဂျစ်သမီးပျို၊ ဂိလဒ်ပြည်သို့သွား၍ လိမ်းဆေးကိုယူလော့။ သင်သည် ဆေးအမျိုးစုံလိမ်းသော်လည်း အချည်းနှီးသာဖြစ်၏။ သင့်အနာ ပျောက်ကင်းမည်မဟုတ်။
‘လာကြ။ မပျက်ပြယ်နိုင်သောထာဝရပဋိညာဉ်ဖြင့် ထာဝရဘုရားနှင့်မိတ်သဟာယဖွဲ့ကြစို့’ဟု ဆိုလျက် ဇိအုန်မြို့ဘက်သို့လှည့်၍ ဇိအုန်မြို့သို့သွားသောလမ်းကို မေးမြန်းကြလိမ့်မည်။
ဓားဘေးမှ လွတ်မြောက်သောသူတို့၊ ထွက်သွားကြ။ ရပ်မနေကြနှင့်။ ထာဝရဘုရားကို အဝေးမှအောက်မေ့ကြ။ ဂျေရုဆလင်မြို့ကို သတိရကြ။
ဘေဘီလုံမြို့မှ ထွက်ပြေးကြ။ အသက်ဘေးလွတ်အောင် ပြေးကြ။ ထိုမြို့၏အပြစ်ကြောင့် အဖျက်ဆီးမခံကြနှင့်။ အကြောင်းမူကား ထာဝရဘုရားလက်တုံ့ပြန်ရာအချိန်ကျရောက်ပြီ။ ထိုမြို့ခံထိုက်သောအပြစ်ကို ပြန်ပေးဆပ်စေတော်မူမည်။
ထာဝရဘုရားက “လမ်းများ၌ရပ်၍ ကြည့်ကြလော့။ ရှေးလမ်းဟောင်းကို ရှာဖွေလျက် ကောင်းသောလမ်းအဘယ်မှာရှိသနည်းဟု မေးမြန်း၍ ထိုလမ်းကိုလိုက်လျှင် သင်တို့၏စိတ်ဝိညာဉ် သက်သာရာရလိမ့်မည်။ သို့သော် သူတို့က ‘ထိုလမ်းသို့ ငါတို့မလိုက်’ဟု ဆိုကြ၏။
ထိုသူက ငါ့အား “အချင်းလူသား၊ မျက်စိဖွင့်၊ နားစွင့်ပြီး ငါပြမည့်အရာအားလုံးကို နှလုံးသွင်းမှတ်ကျုံးလော့။ ဤအရာတို့ကို သင့်အားငါပြသရန် သင့်ကို ဤနေရာသို့ ခေါ်ဆောင်လာခြင်းဖြစ်၏။ သင်မြင်သမျှသောအရာတို့ကို အစ္စရေးလူမျိုးတို့အား ပြန်လည်ပြောပြလော့”ဟု မြွက်ဆို၏။
ထို့ကြောင့် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ‘သင်တို့၏အပြုအမူအကျင့်အကြံများကို ဆင်ခြင်ကြလော့။
ငါသည် သူတို့ကို လူမျိုးတကာတို့ထံ ကွဲလွင့်စေခဲ့သော်လည်း သူတို့သည် ရပ်ဝေး၌ပင် ငါ့ကိုသတိရကြလိမ့်မည်။ သူတို့သည် သားသမီးများနှင့်တကွ အသက်ရှင်လျက် ပြန်လာရကြလိမ့်မည်။
“ယနေ့ သင်တို့အား ငါသတိပေးသောစကားရှိသမျှတို့ကို နှလုံးသွင်းကြလော့။ ဤတရားစကားရှိသမျှတို့ကို လိုက်နာစောင့်ထိန်းမည့်အကြောင်း သင်တို့၏သားသမီးတို့ကို မှာကြားကြလော့။