ယေရမိ 6:16 - မြန်မာ့စံမီသမ္မာကျမ်း16 ထာဝရဘုရားက “လမ်းများ၌ရပ်၍ ကြည့်ကြလော့။ ရှေးလမ်းဟောင်းကို ရှာဖွေလျက် ကောင်းသောလမ်းအဘယ်မှာရှိသနည်းဟု မေးမြန်း၍ ထိုလမ်းကိုလိုက်လျှင် သင်တို့၏စိတ်ဝိညာဉ် သက်သာရာရလိမ့်မည်။ သို့သော် သူတို့က ‘ထိုလမ်းသို့ ငါတို့မလိုက်’ဟု ဆိုကြ၏။ အခန်းကိုကြည့်ပါ။Common Language Bible16 ထာဝရဘုရားသည်မိမိ၏လူမျိုးတော် အား``လမ်းဆုံလမ်းခွတို့တွင်ရပ်၍ကြည့် ကြလော့။ ရှေးလမ်းဟောင်းတို့ကိုစုံစမ်း ရှာဖွေကြလော့။ အကောင်းဆုံးသောလမ်း အဘယ်မှာနည်းဟုမေးမြန်း၍ ထိုလမ်းသို့ လိုက်လျှင်သင်တို့၏ဝိညာဉ်သည်ငြိမ်းချမ်း သာယာမှုရှိလိမ့်မည်'' ဟုမိန့်တော်မူ၏။ သို့ရာတွင်သူတို့က``ထိုလမ်းကို အကျွန်ုပ် တို့မလိုက်လိုပါ'' ဟုပြန်ပြောကြ၏။ အခန်းကိုကြည့်ပါ။Garrad Bible16 ထာ ဝ ရ ဘု ရား ဗျာ ဒိတ် တော် မှာ၊ လမ်း ဆုံ၌ ရပ် နေ၍၊ လမ်း ဟောင်း ဖြစ် သော လမ်း ကောင်း များ ကို မြော် မြင် မေး မြန်း လျက်၊ လိုက် လျှောက် ကြ လော့။ အ သက် ချမ်း သာ ရာ ကို သင် တို့ တွေ့ ကြ လိမ့် မည် ဟု ငါ မိန့် ဆို သော် လည်း၊ မ လိုက် မ လျှောက် ဟု ထို သူ တို့ ငြင်း ဆို ကြ ၏။ အခန်းကိုကြည့်ပါ။Judson Bible16 ထာဝရဘုရား မိန့်တော်မူသည်ကား၊ လမ်းနားမှာရပ်၍ ကြည့်ရှုကြလော့။ ရှေးလမ်းဟောင်းတို့ကို ရှာဖွေလျက်၊ ကောင်းသောလမ်းသည် အဘယ်မှာရှိသနည်းဟု မေးမြန်း၍၊ ထိုလမ်းသို့လိုက်ကြလော့။ သို့ပြုလျှင်၊ စိတ်နှလုံးသက်သာကြလိမ့်မည်။ သို့ရာတွင်၊ ငါတို့သည် မလိုက်ဟု ပြန်ပြောကြ၏။ အခန်းကိုကြည့်ပါ။ |
ကိုယ်တော်သည် ကောင်းကင်ဘုံမှ နားညောင်းတော်မူ၍ ကိုယ်တော်၏အစေအပါးတို့နှင့် ကိုယ်တော်၏လူမျိုးတော်အစ္စရေးတို့၏အပြစ်များကို ခွင့်လွှတ်တော်မူပါ။ မှန်ကန်သောလမ်းကို လိုက်လျှောက်နိုင်ရန် သွန်သင်တော်မူပါ။ ကိုယ်တော်၏လူမျိုးတော်အား အမွေပေးတော်မူသော ကိုယ်တော်၏မြေပေါ်တွင် မိုးကိုရွာစေတော်မူပါ။
ကြည့်ရှုလော့။ ထာဝရဘုရားနှင့်ဆိုင်သောအမှုတော်အားလုံးတွင် ယဇ်ပုရောဟိတ်မင်းအာမရိသည် သင်တို့ကို ကြီးကြပ်ပေးလိမ့်မည်။ ရှင်ဘုရင်နှင့်ဆိုင်သောအမှုကိစ္စအားလုံးတွင် ယုဒအမျိုးအနွယ်ခေါင်းဆောင် ဣရှမေလ၏သားဇေဗဒိသည် ကြီးကြပ်လိမ့်မည်။ လေဝိအမျိုးသားတို့သည်လည်း သင်တို့ကို ကြီးကြပ်ပေးလိမ့်မည်။ အားယူ၍ လုပ်ဆောင်ကြလော့။ ကောင်းသောအမှုကိုပြုသောသင်တို့နှင့်အတူ ထာဝရဘုရား ရှိတော်မူပါစေသော”ဟု မှာကြား၏။