ယေရမိ 3:12 - မြန်မာ့စံမီသမ္မာကျမ်း
12 ထို့ကြောင့် သင်သည် မြောက်အရပ်သို့သွား၍ ဤသတင်းစကားတို့ကို ဟစ်ကြော်ပြောဆိုလော့။ ‘အို လမ်းလွဲဖောက်ပြန်သောအစ္စရေးလူမျိုး၊ ပြန်လာလော့’ဟု ထာဝရဘုရားမိန့်တော်မူ၏။ ‘ငါသည် ကရုဏာထားသည်ဖြစ်၍ သင့်အပေါ် အမျက်ကျရောက်စေမည်မဟုတ်’ဟု ထာဝရဘုရားမိန့်တော်မူ၏။ ‘ငါသည် အမျက်အစဉ်ထွက်မည်မဟုတ်။
အခန်းကိုကြည့်ပါ။ ကော်ပီ
12 ကိုယ်တော်သည်ငါ့ကိုမြောက်ပိုင်းနိုင်ငံသို့စေ လွှတ်၍ထာဝရဘုရားက ``သစ္စာဖောက်ဣသ ရေလ၊ ငါ့ထံသို့ပြန်လာလော့။ ငါသည်ကရု ဏာထားတော်မူသည်ဖြစ်၍သင့်အားအမျက် ထွက်လိမ့်မည်မဟုတ်။ ငါသည်အစဉ်အမြဲ အမျက်ထွက်လျက်နေလိမ့်မည်မဟုတ်ဟု ထာဝရဘုရားမိန့်တော်မူ၏။-
အခန်းကိုကြည့်ပါ။ ကော်ပီ
12 မြောက် မျက် နှာ သို့ သွား၍ ကြော် ငြာ ရ မည် မှာ၊ အို ဖောက် ပြန် သူ ဣ သ ရေ လ၊ ပြန် လာ လော့ ဟူ ၍ လည်း ကောင်း၊ ငါ သည် မျက် နှာ မထား၊ က ရု ဏာ နှင့် ပြည့် စုံ သည့် အ လျောက်၊ အ မျက် တော် ကို အ မြဲ ထား မည် မ ဟုတ် ဟူ၍ လည်း ကောင်း၊ ထာ ဝ ရ ဘု ရား မိန့် တော် မူ ကြောင်း၊
အခန်းကိုကြည့်ပါ။ ကော်ပီ
12 သင်သည်သွား၍ မြောက်မျက်နှာသို့ ဟစ်ကြော်ရမည်စကားဟူမူကား၊ အို ဖောက်ပြန်သော ဣသရေလ၊ ပြန်လာပါဟု ထာဝရဘုရား မိန့်တော်မူ၏။ သင်၌ ငါသည် မျက်မုန်းကျိုးခြင်းကိုမပြု၊ ကရုဏာစိတ်သဘောရှိ၏။ အစဉ်အမျက်ထွက်တတ်သည် မဟုတ်ဟု ထာဝရဘုရား မိန့်တော်မူ၏။
အခန်းကိုကြည့်ပါ။ ကော်ပီ