အကျွန်ုပ်တို့ပြုသောဆိုးညစ်မှုများ၊ အပြစ်ကြီးများကြောင့် ဤသို့ခံရသော်လည်း အကျွန်ုပ်တို့၏ဘုရားသခင်သည် အကျွန်ုပ်တို့ခံထိုက်သည်ထက်လျော့၍ အပြစ်ဒဏ်ပေးတော်မူ၏။ ဤမျှလောက် လွတ်မြောက်ခွင့်ပေးတော်မူသည်ကိုပင်
ယေရမိ 30:15 - မြန်မာ့စံမီသမ္မာကျမ်း သင့်ဒဏ်ရာအတွက် အဘယ်ကြောင့်အော်ဟစ်ရသနည်း။ သင်၏ဝေဒနာ ပျောက်ကင်းနိုင်မည်မဟုတ်။ သင်၏အပြစ်ကြီးမား၍ သင်၏ဒုစရိုက်များပြားသောကြောင့် သင့်ကို ငါဤသို့ပြုခြင်းဖြစ်၏။ Common Language Bible သင်တို့သည်မိမိတို့၏မပျောက်ကင်းနိုင်သည့် ဝေဒနာများအကြောင်းကိုမညည်းညူကြ နှင့်တော့။ သင်တို့၏အပြစ်သည်များပြားလှ၍သင်တို့ ဒုစရိုက်သည်ကြီးမားလှသဖြင့်၊ ငါသည်သင်တို့အားဤသို့အပြစ်ဒဏ် ခတ်ရခြင်းဖြစ်၏။ Garrad Bible ဒဏ် ချက် အ တွက် အ ဘယ့် ကြောင့် အော် သ နည်း။ အ နာ သည် ကု၍ မ ရ ဖြစ် ၏။ ဒု စ ရိုက် များ ပြား လျက် ပြစ် မှု တိုး ပွား သ ဖြင့်၊ ထို အ တိုင်း ငါ စီ ရင် လေ ပြီ။ Judson Bible သင်သည် အနာကိုခံရသည်ဖြစ်၍၊ အဘယ်ကြောင့် ငိုကြွေးသနည်း။ သင်၏အပြစ်ကြီးသောကြောင့်၊ သင်ခံရသောဝေဒနာသည် ပျောက်ခဲ၏။ သင်ပြုသောဒုစရိုက် များပြားသောကြောင့်၊ ဤသို့ငါဆုံးမရ၏။ |
အကျွန်ုပ်တို့ပြုသောဆိုးညစ်မှုများ၊ အပြစ်ကြီးများကြောင့် ဤသို့ခံရသော်လည်း အကျွန်ုပ်တို့၏ဘုရားသခင်သည် အကျွန်ုပ်တို့ခံထိုက်သည်ထက်လျော့၍ အပြစ်ဒဏ်ပေးတော်မူ၏။ ဤမျှလောက် လွတ်မြောက်ခွင့်ပေးတော်မူသည်ကိုပင်
ကိုယ်တော်နှုတ်ဆိတ်နေလျှင် မည်သူအပြစ်တင်ဝံ့မည်နည်း။ ကိုယ်တော်မျက်နှာလွှဲတော်မူလျှင် လူမျိုးတစ်မျိုးဖြစ်စေ၊ လူတစ်ဦးချင်းဖြစ်စေ မည်သူမြင်နိုင်မည်နည်း။
ငါမှန်ကန်သော်လည်း ငါလိမ်လည်သည်ဟု အထင်ခံရ၏။ ငါအပြစ်မကျူးလွန်သော်လည်း ကုသ၍မပျောက်သောအနာကို ငါခံစားရ၏’ဟု ဆိုပြီ။
အချို့တို့သည် မိမိတို့ကျူးလွန်သော အပြစ်၏လမ်းစဉ်ကြောင့် ဆိုးမိုက်သောသူဖြစ်ကြပြီး မိမိတို့၏ဒုစရိုက်များကြောင့် ဒုက္ခဝေဒနာခံစားကြရ၏။
ဦးခေါင်းမှ ခြေဖျားတိုင်အောင် အနာနှင့်ကင်းသည်ဟူ၍ မရှိ။ ထိခိုက်ဒဏ်ရာ၊ ပွန်းပဲ့ဒဏ်ရာ၊ သွေးစိမ်းထွက်သောအနာတို့ဖြင့်သာပြည့်နေ၏။ အနာကိုမဆေးကြော၊ မပတ်စည်း၊ ဆီနှင့်မလူးကြပါတကား။
သူသည် မြေကိုတူးဆွ၍ ကျောက်ခဲတို့ကိုရှင်းလင်းပြီးမှ အကောင်းဆုံးစပျစ်ပင်ကိုစိုက်၏။ ထိုခြံအလယ်တွင် လင့်စင်တစ်ခုကိုဆောက်ပြီး စပျစ်သီးနယ်ရာကျင်းကိုလည်း တူး၏။ သူသည် ကောင်းသောစပျစ်သီး သီးလာရန် စောင့်မျှော်ခဲ့သော်လည်း စပျစ်သီးအရိုင်းများသာ သီးပါသည်တကား။
အို ယုဒပြည်၊ သင်၏မြို့အရေအတွက်များပြားသည်နှင့်အမျှ သင်၏ဘုရားတို့သည်လည်းများပြား၏။ ဂျေရုဆလင်မြို့ရှိလမ်းအရေအတွက်နှင့်အမျှ ရှက်ဖွယ်သောဘုရားအတွက် သင်တို့တည်သောယဇ်ပလ္လင်များ၊ ဗာလဘုရားအတွက် နံ့သာပေါင်းမီးရှို့ပူဇော်ရန် သင်တို့တည်သောယဇ်ပလ္လင်များသည်လည်း များပြား၏။
အကျွန်ုပ်၏ဝေဒနာသည် အဘယ်ကြောင့် အတောမသတ်နိုင်ပါသနည်း။ အကျွန်ုပ်၏ဒဏ်ရာသည် အဘယ်ကြောင့် ကုသ၍ မပျောက်ကင်းနိုင်ပါသနည်း။ ကိုယ်တော်သည် အကျွန်ုပ်အားထား၍မရသော၊ အကျွန်ုပ်ကိုလှည့်စားသောစမ်းရေကဲ့သို့ ဖြစ်တော်မူ၍လော။
သင်၏မကောင်းမှုသည် သင့်ကိုအပြစ်ဒဏ်ပေးလိမ့်မည်။ သင်၏လမ်းလွဲဖောက်ပြန်မှုသည် သင့်ကိုဆုံးမလိမ့်မည်။ သင်၏ဘုရားသခင်ထာဝရဘုရားကိုစွန့်ပယ်ခြင်း၊ ငါ့ကို မကြောက်ရွံ့ခြင်းသည် ဆိုးသောအမှု၊ ခါးသီးသောအမှုဖြစ်သည်ကို သိမှတ်လော့”ဟု ကောင်းကင်ဗိုလ်ခြေအရှင်သခင်ထာဝရဘုရား မိန့်တော်မူ၏။
သင့်ကိုချစ်ခင်သောသူအပေါင်းတို့သည် သင့်ကိုမေ့လျော့ကြပြီ။ သင့်ကို ဂရုမစိုက်ကြ။ အကြောင်းမူကား သင်၏အပြစ်များပြား၍ သင်၏ဒုစရိုက်ကြီးမားသောကြောင့် ရန်သူ၏တိုက်ခိုက်ခြင်းအားဖြင့်လည်းကောင်း၊ ကြမ်းကြုတ်သောသူ၏ဆုံးမခြင်းအားဖြင့်လည်းကောင်း သင့်ကို ငါဒဏ်ခတ်လေပြီ။
သင့်ကို ဝါးမျိုသောသူအပေါင်းတို့သည် ဝါးမျိုခြင်းကိုခံရလိမ့်မည်။ သင်၏ရန်သူအပေါင်းတို့သည် တစ်ယောက်မကျန် ဖမ်းခေါ်သွားရာသို့ လိုက်ပါရလိမ့်မည်။ သင့်ကို တိုက်ခိုက်လုယက်သောသူတို့သည်လည်း တိုက်ခိုက်လုယက်ခြင်းခံရမည်။ သင့်ကို သိမ်းပိုက်သောသူအပေါင်းတို့သည် သိမ်းပိုက်ခြင်းခံရမည်”ဟု မိန့်တော်မူ၏။
ထာဝရဘုရားက “ထိုသူတို့သည် သင့်ကို ‘အပယ်ခံရသောသူ၊ မည်သူမျှဂရုမစိုက်သောဇိအုန်မြို့’ဟု ခေါ်ကြသောကြောင့် ငါသည် သင့်ကို ပြန်လည်ကျန်းမာစေမည်။ သင့်အနာကို ကုသပေးမည်”ဟု မိန့်တော်မူ၏။
အို အီဂျစ်သမီးပျို၊ ဂိလဒ်ပြည်သို့သွား၍ လိမ်းဆေးကိုယူလော့။ သင်သည် ဆေးအမျိုးစုံလိမ်းသော်လည်း အချည်းနှီးသာဖြစ်၏။ သင့်အနာ ပျောက်ကင်းမည်မဟုတ်။
“အဘယ်ကြောင့်ဆိုသော် အငယ်ဆုံးမှစ၍ အကြီးဆုံးတိုင်အောင် ထိုသူအပေါင်းတို့သည် မတရားသောအကျိုးစီးပွားကို တပ်မက်ကြ၏။ ပရောဖက်မှစ၍ ယဇ်ပုရောဟိတ်အပေါင်းတို့သည်လည်း မဟုတ်မမှန်ပြုမူတတ်ကြ၏။
သူ၏ရန်သူတို့သည် သူ့သခင်ဖြစ်လျက် ကောင်းစားကြလေပြီ။ သူကျူးလွန်သောအပြစ်များစွာကြောင့် ထာဝရဘုရားသည် သူ့ကို ဝမ်းနည်းကြေကွဲစေတော်မူပြီ။ သူ၏သားသမီးတို့ကို သုံ့ပန်းအဖြစ် ရန်သူတို့ခေါ်သွားလေပြီ။
အို ဂျေရုဆလင်သမီး၊ သင့်ကို မည်သို့ပြောရမည်နည်း၊ မည်သည့်အရာဖြင့် နှိုင်းပြရမည်နည်း။ အို ဇိအုန်သမီးပျို၊ သင့်ကို မည်သူနှင့်ခိုင်းနှိုင်းပြီး နှစ်သိမ့်ပေးရမည်နည်း။ အကယ်စင်စစ် သင်၏ဒဏ်ရာသည် ပင်လယ်ကဲ့သို့နက်၍ သင့်ကို မည်သူကုသပေးနိုင်မည်နည်း။
ဖြောင့်မတ်သောသူတို့၏သွေးကို မြို့လယ်ခေါင်၌ သွန်းခဲ့သော ပရောဖက်တို့၏အပြစ်၊ ယဇ်ပုရောဟိတ်တို့၏ဒုစရိုက်များကြောင့် ဤသို့ဖြစ်ရလေပြီ။
အကြောင်းမူကား မပျောက်ကင်းနိုင်သော ရှမာရိမြို့၏ဒဏ်ရာများသည် ယုဒပြည်အထိ ရောက်လေပြီ။ ဂျေရုဆလင်မြို့ရှိ အကျွန်ုပ်လူမျိုး၏မြို့တံခါးသို့ ရောက်လေပြီ။
ငါသည် ထာဝရဘုရားကိုပြစ်မှားမိပြီဖြစ်၍ ငါ့အမှုကို ဖြေရှင်းပေးပြီး ငါ့ကို တရားသဖြင့် စီရင်သည်အထိ အမျက်တော်ကို ငါခံရမည်။ ထို့နောက် ကိုယ်တော်သည် ငါ့ကို အလင်းထဲသို့ ခေါ်ဆောင်လာမည်ဖြစ်၍ ကိုယ်တော်၏ဖြောင့်မတ်ခြင်းကို ငါဖူးမြင်ရလိမ့်မည်။
သင့်ဒဏ်ရာကို ကုသပေးမည့်သူမရှိ။ သင့်အနာသည် ဆိုးရွားလှ၏။ သင်မနှိပ်စက်ခဲ့ဖူးသူ ရှိသလော။ ထို့ကြောင့် သင့်သတင်းကို ကြားရသောသူအားလုံး လက်ခုပ်တီးကြလိမ့်မည်။