Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယေ​ရ​မိ 30:15 - Common Language Bible

15 သင်​တို့​သည်​မိ​မိ​တို့​၏​မ​ပျောက်​ကင်း​နိုင်​သည့် ဝေ​ဒ​နာ​များ​အ​ကြောင်း​ကို​မ​ညည်း​ညူ​ကြ နှင့်​တော့။ သင်​တို့​၏​အ​ပြစ်​သည်​များ​ပြား​လှ​၍​သင်​တို့ ဒု​စ​ရိုက်​သည်​ကြီး​မား​လှ​သ​ဖြင့်၊ ငါ​သည်​သင်​တို့​အား​ဤ​သို့​အ​ပြစ်​ဒဏ် ခတ်​ရ​ခြင်း​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

15 ဒဏ် ချက် အ တွက် အ ဘယ့် ကြောင့် အော် သ နည်း။ အ နာ သည် ကု၍ မ ရ ဖြစ် ၏။ ဒု စ ရိုက် များ ပြား လျက် ပြစ် မှု တိုး ပွား သ ဖြင့်၊ ထို အ တိုင်း ငါ စီ ရင် လေ ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

15 သင်​သည် အ​နာ​ကို​ခံ​ရ​သည်​ဖြစ်၍၊ အ​ဘယ်​ကြောင့် ငို​ကြွေး​သ​နည်း။ သင်၏​အ​ပြစ်​ကြီး​သော​ကြောင့်၊ သင်​ခံ​ရ​သော​ဝေ​ဒ​နာ​သည် ပျောက်​ခဲ၏။ သင်​ပြု​သော​ဒု​စ​ရိုက် များ​ပြား​သော​ကြောင့်၊ ဤ​သို့​ငါ​ဆုံး​မ​ရ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

15 သင့်​ဒဏ်ရာ​အတွက် အဘယ်ကြောင့်​အော်ဟစ်​ရ​သနည်း​။ သင်​၏​ဝေဒနာ ပျောက်ကင်း​နိုင်​မည်​မ​ဟုတ်​။ သင်​၏​အပြစ်​ကြီးမား​၍ သင်​၏​ဒုစရိုက်​များပြား​သောကြောင့် သင့်​ကို ငါ​ဤသို့​ပြု​ခြင်း​ဖြစ်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ရ​မိ 30:15
45 ပူးပေါင်းရင်းမြစ်များ  

အ​ကျွန်ုပ်​တို့​သည်​မိ​မိ​တို့​အ​ပြစ်​ဒု​စ​ရိုက် များ​အ​တွက် ဤ​မျှ​အ​ပြစ်​ဒဏ်​ခံ​ကြ​ရ​ပြီး သော်​လည်း၊ အို အ​ကျွန်ုပ်​တို့​၏​ဘု​ရား​သ​ခင်၊ ကိုယ်​တော်​သည်​အ​ကျွန်ုပ်​တို့​အား​ခံ​ထိုက်​သည် ထက်​ပင်​လျှော့​၍​အ​ပြစ်​ပေး​တော်​မူ​ကာ အ​သက်​မ​သေ​ဘဲ​ကျန်​ရှိ​စေ​တော်​မူ​ပြီ။-


ဘုရားသခင်သည်ချမ်းသာပေးတော်မူလျှင် အဘယ်သူနှောင့်ရှက်နိုင်သနည်း။ မျက်နှာလွှဲတော်မူလျှင် လူတမျိုးလုံးဖြစ်စေ၊ တယောက် တည်းဖြစ်စေ၊ အဘယ်သူသည် မျက်နှာတော်ကို ဖူးမြင် နိုင်သနည်း။


ငါသည် ကိုယ်အကျိုးကို ပျက်စီးစေခြင်းငှါ မုသာပြောရမည်လော။ ငါမပြစ်မှားသော်လည်း၊ မပျောက်နိုင်သောအနာရောဂါစွဲပါသည်တကားဟု ဆိုမိပြီ။


အ​ချို့​သော​သူ​တို့​သည်​မိ​မိ​တို့​၏​အ​ပြစ်​များ ကြောင့် ဖျား​နာ​ရ​ကြ​၏။ မိ​မိ​တို့​၏​ဒု​စ​ရိုက်​များ​ကြောင့်​ဆင်း​ရဲ​ဒုက္ခ ရောက်​ရ​ကြ​၏။


ခြေ​ဖ​ဝါး​မှ​ဦး​ခေါင်း​တိုင်​အောင် သင်​တို့​ကိုယ်​တစ်​ခု​လုံး​သည်​အ​နာ​နှင့်​ကင်း​သည်​ဟူ​၍​မ​ရှိ။ ပွန်း​ပဲ့​ကွဲ​ရှ​နာ​များ၊ ဒဏ်​ရာ​သစ်​ဒဏ်​ရာ​ဟောင်း​များ​နှင့်​ပြည့်​လျက်​နေ​ပေ​သည်။ ထို​ဒဏ်​ရာ​များ​ကို​ဆေး​ကြော​ကာ၊ အ​ဝတ်​ဖြင့်​မ​ပတ်​မ​စည်း​ရ​ကြ​သေး။ ဆေး​လည်း​မ​ထည့်​ရ​ကြ​သေး။


သူ​သည်​မြေ​ကို​တူး​ဆွ​၍​ကျောက်​ခဲ​များ​ကို ဖယ်​ရှား​ပစ်​ကာ၊ မျိုး​ကောင်း​မျိုး​သန့်​စ​ပျစ်​ပင်​များ​ကို​စိုက်​၏။ သူ​သည်​ထို​အ​ပင်​တို့​စောင့်​ကြပ်​ကြည့်​ရှု​ရန် လင့်​စင်​တစ်​ခု​ကို​တည်​ဆောက်​၏။ စ​ပျစ်​သီး​နယ်​ရန်​ကျင်း​တစ်​ခု​ကို​လည်း တူး​၏။ သူ​သည်​စ​ပျစ်​သီး​မှည့်​ချိန်​ကို​စောင့်​ဆိုင်း​လျက် နေ​၏။ သို့​ရာ​တွင်​စ​ပျစ်​သီး​မှန်​သ​မျှ​သည်​ချဉ်​၍ နေ​တော့​၏။


ယု​ဒ​ပြည်​တွင်​မြို့​အ​ရေ​အ​တွက်​များ​သည် နှင့်​အ​မျှ ပြည်​သား​တို့​တွင်​လည်း​ဘု​ရား အ​ရေ​အ​တွက်​များ​ပေ​သည်။ ယေ​ရု​ရှ​လင် မြို့​တွင်​လည်း​လမ်း​အ​ရေ​အ​တွက်​များ​သည် နှင့်​အ​မျှ​မြို့​သူ​မြို့​သား​တို့​သည် ရှက်​ဖွယ် သော​ဗာ​လ​ဘု​ရား​အ​တွက်​ယဇ်​တို့​ကို​ပူ​ဇော် ရန်​ယဇ်​ပလ္လင်​များ​ကို​တည်​ထား​ကြ​လေ​သည်။-


ကျွန်​တော်​မျိုး​သည်​အ​ဘယ်​ကြောင့် ဆက်​လက် ၍​ဝေ​ဒ​နာ​ခံ​ရ​ပါ​သ​နည်း။ ကျွန်​တော်​မျိုး ၏​အနာ​များ​သည်​အ​ဘယ်​ကြောင့် ကု​သ​၍ မ​ပျောက်​နိုင်​ပါ​သ​နည်း။ အ​ဘယ်​ကြောင့်​ထို အ​နာ​များ​မ​ကျက်​ဘဲ​နေ​ပါ​သ​နည်း။ ကိုယ် တော်​ရှင်​သည်​နွေ​အ​ခါ​ခန်း​ခြောက်​သည့်​ချောင်း ရေ​မ​ထွက်​သည့်​စမ်း​ကဲ့​သို့​ကျွန်​တော်​မျိုး အား​စိတ်​ပျက်​စေ​လို​တော်​မူ​ပါ​သ​လော'' ဟု​လျှောက်​၏။


သင်​၏​ဒု​စ​ရိုက်​က​သင့်​ကို​ဒဏ်​ခတ်​လိမ့်​မည်။ သင်​၏​ဖောက်​ပြန်​မှု​က​သင့်​ကို​အ​ပြစ်​ဒဏ် ပေး​ပါ​လိမ့်​မည်။ မိ​မိ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား​သင် စွန့်​ပစ်​မှု၊ ငါ့​အား​မ​ကြောက်​မ​ရွံ့​တော့​ဘဲ​နေ​သော​အ​မှု​တို့​သည် အ​ဘယ်​မျှ​ဆိုး​ညစ်​မိုက်မဲ​သည်​ကို​သင်​သိ​ရှိ လာ​လိမ့်​မည်။ ဤ​ကား​အ​နန္တ​တန်​ခိုး​ရှင်​ငါ​ထာ​ဝ​ရ​ဘု​ရား မြွက်​ဟ​သည်​စ​ကား​ပင်​တည်း။


ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​လူ​မျိုး​တော်​အား ``သင်​တို့​၏​အ​နာ​များ​သည်​ကျက်​နိုင် တော့​မည်​မ​ဟုတ်။ သင်​တို့​၏​ဝေ​ဒ​နာ​များ​သည်​ကု​သ​၍ မ​ပျောက်​နိုင်​တော့​ပေ။


သင်​တို့​၏​ချစ်​ခင်​သူ​များ​သည်​သင်​တို့​အား မေ့​ပျောက်​၍ သွား​ကြ​လေ​ကုန်​ပြီ။ သူ​တို့​သည်​ဂ​ရု​မ​စိုက်​ကြ​တော့​ပေ။ သင်​တို့​အ​ပြစ်​သည်​များ​ပြား​လှ​၍​သင်​တို့ ဒု​စ​ရိုက်​သည် ကြီး​မား​လှ​သ​ဖြင့် ငါ​သည်​ရန်​သူ​သ​ဖွယ်​သင်​တို့​အား​ဒဏ်​ရာ​ရ စေ​ခဲ့​၏။ သင်​တို့​ခံ​ရ​သည့်​အ​ပြစ်​ဒဏ်​သည်​ပြင်း​ထန်​၏။


ယ​ခု​မှာ​မူ​သင်​တို့​အား​ဝါး​မျို​သူ​အ​ပေါင်း တို့​သည် ဝါး​မျို​ခြင်း​ကို​ခံ​ရ​၍ သင်​တို့​၏​ရန်​သူ​အ​ပေါင်း​သည်​ဖမ်း​ဆီး ခေါ်​ဆောင်​ခြင်း​ကို​ခံ​ရ​ကြ​လိမ့်​မည်။ သင်​တို့​အား​နှိပ်​စက်​ညှဉ်း​ပန်း​သူ​အ​ပေါင်း​သည် နှိပ်​စက်​ညှဉ်း​ပန်း​ခြင်း​ကို​ခံ​ရ​၍၊ သင်​တို့​အား​တိုက်​ခိုက်​လု​ယက်​သူ​အ​ပေါင်း​သည် တိုက်​ခိုက်​လု​ယက်​ခြင်း​ကို​ခံ​ရ​ကြ​လိမ့်​မည်။


သင်​တို့​၏​ရန်​သူ​များ​က`ဇိ​အုန်​မြို့​သည် အ​ပယ်​ခံ​ဖြစ်​လေ​ပြီ။ ထို​မြို့​ကို​အ​ဘယ်​သူ​မျှ​ဂ​ရု​မ​စိုက်​ကြ​တော့' ဟု​ဆို​သော်​လည်း ငါ​သည်​သင်​တို့​အား​တစ်​ဖန်​ပြန်​၍​ကျန်း​မာ လာ​စေ​မည်။ သင်​တို့​၏​အ​နာ​များ​ကို​ကျက်​စေ​မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့် စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။


အီ​ဂျစ်​ပြည်​သူ​ပြည်​သား​တို့၊ ဂိ​လဒ်​ပြည်​သို့​သွား​၍ ဆေး​ဝါး​များ​ကို​ရှာ​ကြ​လော့။ သင်​တို့​၏​ဆေး​များ​သည်​တန်​ခိုး​အာ​နိ​သင် မ​ရှိ။ သင်​တို့​၏​အ​နာ​ရော​ဂါ​ကို​မ​ပျောက်​ကင်း​စေ​နိုင်။


ကြီး​ငယ်​မ​ဟူ​လူ​အ​ပေါင်း​တို့​သည်​မ​တ​ရား စီး​ပွား​ရှာ​ကြ​၏။ ပ​ရော​ဖက်​များ​နှင့်​ယဇ်​ပု ရော​ဟိတ်​များ​ပင်​လျှင်​လူ​တို့​ကို​လှည့်​ဖြား ကြ​၏။-


သူ​၏​ရန်​သူ​များ​သည်​သူ့​ကို​အ​နိုင်​ရ​ကာ​မိ​မိ​တို့ အာ​ဏာ​စက်​အောက်​တွင်​ထား​ရှိ​ကြ​၏။ သူ​သည်​မြောက်​များ​စွာ​သော​အ​ပြစ်​တို့​ကို ကူး​ခဲ့​သည်​ဖြစ်​၍ ထာ​ဝ​ရ​ဘု​ရား​သည်​သူ့​အား​ဆင်း​ရဲ​ဒုက္ခ ရောက်​စေ​တော်​မူ​၏။ သူ​၏​သား​သ​မီး​များ​သည်​သုံ့​ပန်း​များ ဖြစ်​ရ​ကြ​လေ​ပြီ။


အို ယေ​ရု​ရှ​လင်​မြို့၊ ငါ​ချစ်​မြတ်​နိုး​သော​မြို့၊ အ​ဘယ်​သို့​ပြော​ဆို​ရ​ပါ​မည်​နည်း။ အ​ဘယ်​သို့​နှစ်​သိမ့်​မှု​ကို​ပေး​ရ​ပါ​မည်​နည်း။ အ​ဘယ်​သူ​မျှ​ဤ​ကဲ့​သို့​ဒုက္ခ​မ​ရောက်​ခဲ့​ဘူး​ပါ။ သင်​၏​ဘေး​အန္တ​ရာယ်​သည်​သ​မုဒ္ဒ​ရာ​သ​ဖွယ် အ​တိုင်း​မ​သိ​ကျယ်​ဝန်း​ပါ​၏။ မျှော်​လင့်​စ​ရာ​မ​ရှိ​နိုင်​ပါ။


ငါ​တို့​သည်​မိ​မိ​တို့​အ​ပြစ်​အ​တွက် ဒဏ်​ခတ်​ခြင်း​ခံ​ရ​ကြ​သော​အ​ခါ အ​ဘယ်​ကြောင့်​ညည်း​တွား​ရ​ကြ​ပါ​မည်​နည်း။


သို့​ရာ​တွင်​ယင်း​သို့​ချင်း​နင်း​ဝင်​ရောက်​မှု​ကား ဖြစ်​ပွား​ခဲ့​ပြီ။ ထို​မြို့​၏​ပ​ရော​ဖက်​များ​နှင့်​ယဇ်​ပု​ရော​ဟိတ် များ​သည် အ​ပြစ်​ကူး​ကြ​သ​ဖြင့်​အ​ပြစ်​မဲ့​သူ​တို့​သည် သေ​ရ​ကြ​လေ​ပြီ။


ရှ​မာ​ရိ​မြို့​၏​ဒဏ်​ရာ​ဒဏ်​ချက်​တို့​ကို​ကု​သ ၍​မ​ရ​နိုင်။ ယု​ဒ​ပြည်​သည်​လည်း​ထို​ကဲ့​သို့ သော​ကံ​ကြမ္မာ​နှင့်​တွေ့​ကြုံ​ရ​တော့​မည်။ ငါ ၏​အ​မျိုး​သား​တို့​နေ​ထိုင်​ရာ​ယေ​ရု​ရှ​လင် မြို့​တံ​ခါး​များ​သို့​ဘေး​အန္တ​ရာယ်​ဆိုက် ရောက်​လာ​သည်'' ဟု​ဆို​လေ​၏။


ငါ​တို့​သည်​အပြစ်​ကူး​လွန်​ခဲ့​သော​ကြောင့် အ​ခိုက်​အ​တန့်​အား​ဖြင့် ထာ​ဝ​ရ​ဘု​ရား ၏​အ​မျက်​တော်​ဒဏ်​ကို​ခံ​ရ​ကြ​မည်။ သို့ ရာ​တွင်​နောက်​ဆုံး​၌​ကိုယ်​တော်​သည် ငါ​တို့ အ​မှု​ကို​လျှောက်​လဲ​၍​တ​ရား​မျှ​တ​စွာ စီ​ရင်​ဆုံး​ဖြတ်​တော်​မူ​လိမ့်​မည်။ ကိုယ်​တော် သည်​ငါ​တို့​အား​အ​လင်း​ထဲ​သို့​ထုတ်​ဆောင် တော်​မူ​လိမ့်​မည်။ ငါ​တို့​အား​ကိုယ်​တော် ကယ်​တင်​တော်​မူ​ခြင်း​ကို​ငါ​တို့​ဒိ​ဌ မြင်​ရ​လိမ့်​မည်။-


သင်​၏​အ​နာ​များ​အ​တွက်​ဆေး​မ​ရှိ။ သင် ၏​ဒဏ်​ရာ​များ​ကို​လည်း​ပျောက်​ကင်း​အောင် ကု​သ​၍​မ​ရ​နိုင်။ သင်​ဆုံး​ပါး​ပျက်​စီး သည့်​သ​တင်း​ကို​ကြား​သိ​ကြ​သူ​အ​ပေါင်း တို့​သည်​ဝမ်း​မြောက်​ဝမ်း​သာ​လက်​ခုပ်​တီး ကြ​၏။ အ​ဘယ်​သူ​မျှ​သင်​၏​အ​တိုင်း​မ​သိ ရက်​စက်​ကြမ်း​ကြုတ်​မှု​နှင့်​ကင်း​လွတ်​ခဲ့​သည် ဟူ​၍​မ​ရှိ။ ပ​ရော​ဖက်​နာ​ဟုံ​စီ​ရင်​ရေး​ထား​သော အ​နာ​ဂတ္တိ​ကျမ်း​ပြီး​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ