နောက်တစ်နေ့တွင် သမီးအကြီးက သမီးအငယ်အား “မနေ့ညက ငါသည် ဖခင်နှင့်အိပ်ပြီးပြီ။ ယနေ့ညလည်း သူ့ကိုစပျစ်ဝိုင်တိုက်ကြစို့။ သင်သည်ဝင်၍ သူနှင့်အိပ်ပါ။ ငါတို့ဖခင်အားဖြင့် မျိုးဆက်ကိုထိန်းသိမ်းကြစို့”ဟု ဆိုလေ၏။
ယေရမိ 3:3 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် မိုးခေါင်၍ နွေဦးမိုးလည်း မရွာတော့ပေ။ ထိုသို့ဖြစ်သော်လည်း သင်သည် ပြည့်တန်ဆာကဲ့သို့ ခေါင်းမာ၍အရှက်အကြောက်မရှိ။ Common Language Bible ဤအကြောင်းကြောင့်ငါသည်မိုးဦးကိုခေါင် စေ၍ မိုးနှောင်းကိုလည်းမရွာဘဲနေစေခြင်း ဖြစ်၏။ သင်သည်ပြည့်တန်ဆာအသွင်ကိုဆောင် လျက်ရှိ၏။ သင်၌အရှက်အကြောက်မရှိ တော့ပေ။ Garrad Bible မိုး ဦး၊ မိုး နှောင်း ခေါင် သော် လည်း၊ ပြည် တန် ဆာ၏ န ဖူး သ ဖွယ် ပြောင် တိုက်၍ ရှက် ကြောက် ခြင်း မ ရှိ ချေ။ Judson Bible မိုးခေါင်၍ နောက်မိုးတိုင်အောင် မရွာသော်လည်း၊ သင်သည် ပြည့်တန်ဆာနဖူးရှိ၍၊ ရှက်ခြင်းသဘောကို ပယ်ရှားပြီ။ |
နောက်တစ်နေ့တွင် သမီးအကြီးက သမီးအငယ်အား “မနေ့ညက ငါသည် ဖခင်နှင့်အိပ်ပြီးပြီ။ ယနေ့ညလည်း သူ့ကိုစပျစ်ဝိုင်တိုက်ကြစို့။ သင်သည်ဝင်၍ သူနှင့်အိပ်ပါ။ ငါတို့ဖခင်အားဖြင့် မျိုးဆက်ကိုထိန်းသိမ်းကြစို့”ဟု ဆိုလေ၏။
သူတို့သည် ကိုယ်တော်၏စကားကို နားမထောင်။ သူတို့အလယ်တွင် ပြုတော်မူသော အံ့ဖွယ်အမှုတို့ကိုမအောက်မေ့ဘဲ ခေါင်းမာလျက် ကိုယ်တော်ကို ပုန်ကန်ကြ၍ ကျွန်ခံရာပြည်သို့ပြန်ရန် ခေါင်းဆောင်ကိုခန့်ထားကြ၏။ သို့သော် ကိုယ်တော်သည် ခွင့်လွှတ်တတ်သော၊ ကျေးဇူးပြုတတ်သော၊ သနားစုံမက်တတ်သော၊ စိတ်ရှည်သော၊ မေတ္တာကရုဏာတော်ကြီးမားသောဘုရားဖြစ်တော်မူ၍ သူတို့ကိုစွန့်ပစ်တော်မမူခဲ့။
ဆိုးယုတ်သောသူသည် မျက်နှာပြောင်တိုက်တတ်၏။ ဖြောင့်မှန်သောသူမူကား မိမိသွားရာလမ်းကို သိရှိနားလည်၏။
ရှင်းလင်းပြုစုခြင်း၊ တူးဆွပေါင်းသင်ခြင်းမခံရဘဲ ချုံပင်၊ ဆူးပင်များပေါက်ရောက်ရာ ဖုန်းဆိုးမြေဖြစ်မည်။ ထိုခြံအပေါ် မိုးမရွာသွန်းစေရန် တိမ်တိုက်တို့ကို ငါမိန့်မှာမည်။
မိုးခေါင်မည့်အကြောင်းနှင့်ပတ်သက်၍ ယေရမိထံသို့ရောက်လာသော ထာဝရဘုရား၏နှုတ်ကပတ်တော်ကား ဤသို့ဖြစ်၏။
လူမျိုးခြားတို့၏ရုပ်တုတို့သည် မိုးကိုရွာစေနိုင်သလော။ ကောင်းကင်သည်လည်း မိုးကိုရွာစေနိုင်သလော။ အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်သာလျှင် တတ်နိုင်တော်မူသည်မဟုတ်လော။ ကိုယ်တော်သည် အလုံးစုံကို တတ်နိုင်တော်မူသည်ဖြစ်၍ အကျွန်ုပ်တို့သည် ကိုယ်တော်ကိုစောင့်မျှော်ပါ၏။
မှူးမတ်တို့က ငယ်သားများအား ရေခပ်စေ၍ သူတို့သည် ရေတွင်းသို့ရောက်သောအခါ ရေမတွေ့ရလျှင် စိတ်ပျက်လျက် ရှက်ရှက်နှင့် မျက်နှာဖုံးလျက် အိုးချည်းသက်သက်ဖြင့် ပြန်လာကြရ၏။
မြေကြီးပေါ်၌ မိုးမရွာဘဲ မြေအက်ကွဲသောကြောင့် လယ်သမားတို့သည် ရှက်ရှက်နှင့် ခေါင်းခြုံထားကြ၏။
“သင်သည် စာလိပ်တစ်လိပ်ကို ယူပြီးလျှင် ယောရှိမင်းကြီးလက်ထက်မှစ၍ ယနေ့တိုင်အောင် အစ္စရေးလူမျိုး၊ ယုဒလူမျိုးအပါအဝင်လူမျိုးအပေါင်းတို့နှင့်ပတ်သက်၍ သင့်အား ငါမိန့်မှာခဲ့သောစကားအလုံးစုံတို့ကို ရေးမှတ်လော့။
မိုးဦး၊ မိုးနှောင်းကို အချိန်မှန် ရွာစေတော်မူပြီး ငါတို့အဖို့ သီးနှံရိတ်သိမ်းရမည့်သီတင်းပတ်များကို သတ်မှတ်ပေး၍ တည်မြဲစေတော်မူသောငါတို့၏ဘုရားသခင် ထာဝရဘုရားကို ကြောက်ရွံ့ကြကုန်စို့ဟု စိတ်ထဲ၌ပင် သူတို့မတွေးကြပေ။
သင်တို့ပြုသောဒုစရိုက်များကြောင့် ထိုအရာတို့နှင့် သင်တို့လွဲသွားရလေပြီ။ သင်တို့၏အပြစ်များသည် ကောင်းကျိုးချမ်းသာကို တားဆီးလေပြီ’ဟု ထာဝရဘုရား သင်တို့ကို မိန့်ဆိုပြီ။
အို ထာဝရဘုရား၊ ကိုယ်တော်သည် သစ္စာတရားကို လိုလားတော်မူသည်မဟုတ်လော။ ကိုယ်တော်သည် သူတို့ကိုဒဏ်ခတ်သော်လည်း သူတို့မနာကြ။ သူတို့ကိုဖျက်ဆီးသော်လည်း ဆုံးမပဲ့ပြင်ခြင်းကိုမခံယူကြ။ သူတို့သည် မိမိတို့၏မျက်နှာကို ကျောက်တုံးထက်ပင် မာကျောစေကြ၏။ ကိုယ်တော့်ထံ ပြန်လာရန် ငြင်းဆိုကြ၏။
သူတို့သည် စက်ဆုပ်ရွံရှာဖွယ်သောအမှုကိုပြုသောအခါ ရှက်ကြသလော။ လုံးဝမရှက်ကြ။ ရှက်ကြောက်ရမည်ကို မသိကြ။ ထို့ကြောင့် အခြားသူတို့လဲကျရာသို့ သူတို့လည်း လဲကျကြလိမ့်မည်။ ငါသည် သူတို့ကို ဒဏ်ခတ်သောအခါ ပြိုလဲသွားကြလိမ့်မည်”ဟု ထာဝရဘုရားမိန့်တော်မူ၏။
သူတို့သည် မိမိတို့ပြုခဲ့သောစက်ဆုပ်ရွံရှာဖွယ်သောအမှုကိုပြုသောအခါ ရှက်ကြသလော။ လုံးဝမရှက်ကြ။ ရှက်ကြောက်ရမည်ကို မသိကြ။ ထို့ကြောင့် အခြားသူတို့လဲကျရာသို့ သူတို့လည်း လဲကျကြလိမ့်မည်။ ငါသည် သူတို့ကို ဒဏ်ခတ်သောအခါ ပြိုလဲသွားကြလိမ့်မည်”ဟု ထာဝရဘုရားမိန့်တော်မူ၏။
ဤအမှုအရာကို နားလည်နိုင်အောင် မည်သူပညာရှိသနည်း။ ဤအမှုအရာကို ပြောကြားနိုင်အောင် ထာဝရဘုရားသည် မည်သူ့အား ဖော်ပြတော်မူသနည်း။ ပြည်သည် ဖြတ်သန်းသွားလာသူမရှိသောတောကန္တာရကဲ့သို့ အဘယ်ကြောင့် ပျက်စီး၍ ဆိတ်ညံရသနည်း။
ယခုမူ အစ္စရေးလူမျိုးတို့သည် ငါ့စကားကို နားထောင်လိုသောဆန္ဒမရှိသောကြောင့် သင့်စကားကိုလည်း နားထောင်လိုသောဆန္ဒရှိမည်မဟုတ်။ အစ္စရေးလူမျိုးတို့သည် ခေါင်းမာသူ၊ စိတ်နှလုံးမာကျောသူများ ဖြစ်ကြ၏။
ငါသည် သင်တို့၏မာနတန်ခိုးကိုချိုး၍ သင်တို့၏မိုးကောင်းကင်ကို သံကဲ့သို့လည်းကောင်း၊ သင်တို့၏မြေကို ကြေးဝါကဲ့သို့လည်းကောင်း ဖြစ်စေမည်။
“ငါသည် ရိတ်သိမ်းချိန်မရောက်မီသုံးလအတွင်း သင်တို့အတွက် မိုးကိုမရွာစေခဲ့။ တစ်မြို့တွင် မိုးရွာစေပြီး အခြားတစ်မြို့တွင် မိုးခေါင်စေ၏။ လယ်မြေတစ်ကွက်တွင် မိုးရွာစေပြီး အခြားတစ်ကွက်တွင် မိုးခေါင်၍ ခြောက်သွေ့စေ၏။
မြို့နှစ်မြို့သုံးမြို့မှလူတို့သည် ရေသောက်ရန် မြို့တစ်မြို့သို့သွားသော်လည်း ရေကို အလုံအလောက်မသောက်ရ။ ထိုသို့ဖြစ်သော်လည်း သင်တို့သည် ငါ့ထံသို့ပြန်မလာကြ”ဟု ထာဝရဘုရားမိန့်တော်မူ၏။
ထိုမြို့တွင် စံနေတော်မူသောထာဝရဘုရားမူကား မတရားမှုကို မပြု၊ ဖြောင့်မတ်တော်မူသောဘုရားဖြစ်၏။ နံနက်အရုဏ်လင်းချိန်တိုင်းတွင် မိမိ၏ဖြောင့်မတ်ခြင်းကို မပျက်မကွက်ဖော်ပြတော်မူ၏။ သို့သော် မတရားသောသူသည် ရှက်ကြောက်ရမည်ကို မသိပါတကား။
မြေကြီးနှင့် တောင်များအပေါ်၌လည်းကောင်း၊ ကောက်ပဲသီးနှံ၊ စပျစ်ဝိုင်အသစ်၊ ဆီ၊ မြေ၌ ပေါက်သောအပင်များ၊ လူနှင့်တိရစ္ဆာန်များနှင့် ပင်ပန်းခက်ခဲစွာလုပ်ဆောင်ထားသောအရာအားလုံးအပေါ်၌လည်းကောင်း မိုးခေါင်ခြင်းဘေးကျရောက်စေလေပြီ”ဟု မိန့်ဆို၏။
သင့်ဦးခေါင်းအထက်ရှိမိုးကောင်းကင်သည် ကြေးနီကဲ့သို့လည်းကောင်း၊ သင့်အောက်ရှိမြေသည် သံကဲ့သို့လည်းကောင်း ဖြစ်မည်။
သင်တို့သည် မိန့်တော်မူသောအရှင်ကို မငြင်းပယ်မိစေရန် သတိပြုကြလော့။ အကြောင်းမူကား မြေကြီးပေါ်တွင် ဗျာဒိတ်တော်ပေးသောသူကို ငြင်းပယ်သောသူတို့သည် အပြစ်ဒဏ်မှမလွတ်ပါက ကောင်းကင်ဘုံမှဗျာဒိတ်တော်ပေးသောသူကို ငါတို့ငြင်းပယ်လျှင် ပို၍ပင် လွတ်စရာအကြောင်းမရှိ။