ယေရမိ 3:17 - မြန်မာ့စံမီသမ္မာကျမ်း
“ထိုကာလ၌ သူတို့သည် ဂျေရုဆလင်မြို့ကို ‘ထာဝရဘုရား၏ပလ္လင်’ဟု ခေါ်ဆိုကြလိမ့်မည်။ လူမျိုးအပေါင်းတို့သည် ထာဝရဘုရား၏နာမတော်အတွက် ဂျေရုဆလင်မြို့၌ စုဝေးကြလိမ့်မည်။ သူတို့သည် ဆိုးညစ်မာကျောသောစိတ်သဘောနောက်သို့ လိုက်ကြတော့မည်မဟုတ်။
အခန်းကိုကြည့်ပါ။
ထိုအချိန်ကာလကျရောက်လာသောအခါ ယေရုရှလင်မြို့သည်`ထာဝရဘုရား၏ရာဇ ပလ္လင်တော်' ဟုခေါ်ဝေါ်သမုတ်ခြင်းကိုခံရ လိမ့်မည်။ လူမျိုးတကာတို့သည်လည်း ထိုမြို့ တွင်စုရုံး၍ ငါ၏နာမတော်ကိုဂုဏ်ပြုကြ လိမ့်မည်။ သူတို့သည်မိမိတို့၏ဆိုးညစ်ခက် မာသည့်စိတ်အလိုကိုလိုက်၍ပြုကျင့်ကြ တော့မည်မဟုတ်။-
အခန်းကိုကြည့်ပါ။
ထို ကာ လ၌၊ ယေ ရု ရှ လင် မြို့ ကို ထာ ဝ ရ ဘု ရား၏ ရာ ဇ ပ လ္လင် တော် ဟု၊ ခေါ် ဝေါ် လေ့ ရှိ သည့် အ လျောက်၊ ထာ ဝ ရ ဘု ရား ၏ နာ မ တော် ကြောင့်၊ ထို မြို့ သို့ လူ အ မျိုး မျိုး စု ရုံး လျက် ခက် မာ ဆိုး သွမ်း သော ကိုယ့် သ ဘော အ တိုင်း၊ လိုက် လျှောက် တော့ မည် မ ဟုတ်။
အခန်းကိုကြည့်ပါ။
ထိုအခါ ယေရုရှလင်မြို့ကို ထာဝရဘုရား၏ပလ္လင်ဟူ၍ ခေါ်ကြလိမ့်မည်။ လူမျိုးအပေါင်းတို့သည်လည်း၊ ထာဝရဘုရား၏ နာမတော်ကိုအမှီပြု၍၊ ထိုပလ္လင်သို့ စည်းဝေးကြလိမ့်မည်။ နောက်တစ်ဖန် မိမိတို့၌ ဆိုးသောစိတ်နှလုံး ခိုင်မာခြင်းသဘောသို့လိုက်၍ မကျင့်ရကြ။
အခန်းကိုကြည့်ပါ။