Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ရ​မိ 16:12 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

12 သင်​တို့​သည် သင်​တို့​၏​ဘိုးဘေး​တို့​ထက် ဆိုးညစ်​သော​အမှု​ကို သာ၍​ပြု​ကြ​၏​။ ကြည့်ရှု​လော့​။ သင်​တို့​သည် ငါ့​စကား​ကို နား​မ​ထောင်​၊ ဆိုးညစ်​မာကျော​သော​စိတ်သဘော​နောက်သို့ အသီးသီး​လိုက်သွား​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

12 သင်​တို့​သည်​မိ​မိ​တို့​ဘိုး​ဘေး​များ​ထက် ပင်​ဆိုး​ရွား​စွာ​ပြု​ကျင့်​ကြ​လေ​ပြီ။ သင်​တို့ အား​လုံး​သည်​ခေါင်း​မာ​ဆိုး​ညစ်​လျက် ငါ​၏ စ​ကား​ကို​နား​မ​ထောင်​ကြ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

12 ဗျာ ဒိတ် တော် ကို မ နာ ခံ သည့် တိုင် အောင်၊ ခက် မာ သော ကိုယ့် သ ဘော အ တိုင်း၊ အ သီး အ သီး တို့ လိုက် လျှောက် ကြ သည် မှာ၊ ဘိုး ဘေး တို့ ထက် ဆိုး သွမ်း သော ကြောင့် တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

12 ဘိုး​ဘေး​ကျင့်​သော အ​ကျင့်​ထက်၊ သင်​တို့​သည် သာ၍​ဆိုး​သော အ​ကျင့်​ကို ကျင့်​သ​ဖြင့်၊ ငါ့​စ​ကား​ကို နား​မ​ထောင်၊ မိ​မိ​တို့​ဆိုး​သော စိတ်​နှ​လုံး၊ ခိုင်​မာ​သော​သ​ဘော​သို့ လိုက်​သော​ကြောင့်​လည်း​ကောင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ရ​မိ 16:12
22 ပူးပေါင်းရင်းမြစ်များ  

မြေကြီး​ပေါ်တွင် လူ​၏​မကောင်းမှု​များပြား​၍ လူ့​စိတ်နှလုံး​၏​တွေးတော​ကြံစည်မှု​ရှိသမျှ​တို့​သည် အစဉ်အမြဲ​ဆိုးညစ်ခြင်း​သက်သက်​သာ​ဖြစ်ကြောင်း​ကို ထာဝရဘုရား​မြင်​တော်မူ​၏​။


ထာဝရဘုရား​သည် မွှေးကြိုင်​သော​ရနံ့​ကို​ခံယူ​တော်မူ​၏​။ ထိုအခါ ထာဝရဘုရား​က “​လူ​တို့​၏​စိတ်နှလုံး​အကြံအစည်​များ​သည် ငယ်ရွယ်စဉ်​ကတည်းက ဆိုးညစ်​သော်လည်း ငါ​သည် လူ​တို့​ကြောင့် မြေကြီး​ကို နောက်တစ်ဖန် မည်သည့်​အခါ​မျှ​ကျိန်​တော့​မည်​မ​ဟုတ်​။ ငါ​သည် သက်ရှိသတ္တဝါ​အပေါင်း​တို့​ကို ယခု​ပြု​သကဲ့သို့ နောက်တစ်ဖန် မည်သည့်​အခါ​မျှ​ဒဏ်ခတ်​တော့​မည်​မ​ဟုတ်​။


အပြစ်ပြု​သော​သူ​သည် မကောင်းမှု​ကို​အကြိမ်​တစ်ရာ​ပြု​လျက်ပင် အသက်ရှည်​သော်လည်း ဘုရားသခင်​ကို​ကြောက်ရွံ့​သော​သူ​တို့​သည် ကိုယ်တော်​၏​ရှေ့​တော်​၌ ကြောက်ရွံ့​ကြ​သောကြောင့် ကောင်းကျိုးချမ်းသာ​ကို​ခံစား​ရ​ကြောင်း ငါ​အမှန်​သိ​၏​။


အားလုံး​သည် တစ်ခုတည်း​သော​အဖြစ်​နှင့်​ကြုံတွေ့​ရ​သည်​ဟူသော​ဤ​အချက်​သည် နေ​အောက်​တွင်​ပြု​သမျှ​သော​အမှု​ထဲမှ မကောင်း​သော​အမှု​ဖြစ်​၏​။ လူသား​တို့​၏​စိတ်နှလုံး​သည်​လည်း မကောင်းမှု​နှင့်​ပြည့်နှက်​လျက်​ရှိ​၍ သူ​တို့​အသက်ရှင်​စဉ် သူ​တို့​၏​စိတ်နှလုံး​ထဲ၌ ရူးသွပ်​ခြင်း​ရှိ​၏​။ ထို့နောက်တွင် သူ​တို့​သည် သေဆုံး​ကြ​ရ​၏​။


ငါ့​စကား​ကို နားမထောင်​၊ ဆိုးညစ်​မာကျော​သော​စိတ်သဘော​နောက်သို့​လိုက်​၍ အခြား​သော​ဘုရား​များ​ကို ဝတ်ပြု​ကိုးကွယ်​သော ဤ​လူမျိုး​တို့​သည် သုံး​မ​ရ​သော​ခါးပတ်​ကဲ့သို့ ဖြစ်​ကြ​မည်”​ဟု မိန့်​တော်မူ​၏​။


စိတ်နှလုံး​သည် အရာ​အားလုံး​ထက် စဉ်းလဲ​၏​။ ကုသ​၍​မ​ရ​သော​ရောဂါ​ဖြစ်​၏​။ စိတ်နှလုံး​သဘော​ကို မည်သူ​နားလည်​နိုင်​သနည်း​။


သို့သော် သူ​တို့​က “မျှော်လင့်စရာ​မ​ရှိ​။ ထို့ကြောင့် ငါ​တို့​သည် ကိုယ့်​အကြံအစည်​နောက်​သို့ ကိုယ်​လိုက်​မည်​။ ဆိုးညစ်​မာကျော​သော​စိတ်သဘော​အတိုင်း ပြု​မည်”​ဟု ပြောဆို​ကြ​၏​။


“​ခေါနိ​ဟူသော ဤ​လူ​သည် အသုံးမဝင်​သော​အိုး​ကွဲ​လော​။ မည်သူ​မျှ​အလို​မ​ရှိ​သော​အိုး​လော​။ အဘယ်ကြောင့် သူ​နှင့်​သူ့​အမျိုးအနွယ်​ကို စွန့်ပစ်​ရ​သနည်း​။ အဘယ်ကြောင့် သူ​တို့​မ​သိ​သော​ပြည်​သို့ သူ​တို့​ကို နှင်ထုတ်​ရ​သနည်း​။


သို့သော် သူ​တို့ နား​မ​ထောင်​ကြ​။ ဂရု​မ​စိုက်​ကြ​။ သူ​တို့​၏​အကျင့်အကြံ​၊ သူ​တို့​၏​ဆိုးညစ်​မာကျော​သော​စိတ်သဘော​အတိုင်း လိုက်လျှောက်​ကြ​၏​။ ရှေ့​မ​တိုး​ဘဲ နောက်ဆုတ်​သွား​ကြ​၏​။


သို့သော် သူ​တို့​သည် ငါ့​စကား​ကို နား​မ​ထောင်​ကြ​၊ ဂရု​မ​စိုက်​ကြ​၊ ခေါင်းမာ​ကြ​၏​။ သူ​တို့​၏​ဘိုးဘေး​တို့​ထက် သာ၍​ဆိုးညစ်​ကြ​၏​။


သူ​တို့​၏​စိတ်​တပ်မက်မှု​နောက်သို့​လိုက်​ကြ​၏​။ သူ​တို့​ဘိုးဘေး​များ သင်ကြား​ပေး​ခဲ့​သည့်​အတိုင်း ဗာလ​ဘုရား​နောက်သို့​လိုက်​ကြ​၏​”​ဟု မိန့်​တော်မူ​၏​။


အကျွန်ုပ်​တို့​ဘိုးဘေး​တို့​သည် အပြစ်ပြု​ပြီး သေဆုံး​သွား​ကြ​ပြီ​။ သူ​တို့​၏​အပြစ်ဝန်​ကို အကျွန်ုပ်​တို့ ထမ်း​ရ​ကြ​ပါ​ပြီ​။


ထို့ကြောင့် အစ္စရေး​အမျိုးအနွယ်​အား ဘုရားရှင်​ထာဝရဘုရား​က ‘သင်​တို့​သည် ဘိုးဘေး​တို့​၏​အပြုအမူ​အကျင့်အကြံ​အတိုင်း ကိုယ့်ကိုယ်ကိုယ် ညစ်ညူး​စေ​ကြ​သလော​။ သူ​တို့​ပြု​သော ရွံရှာဖွယ်​ရာ​နောက်သို့​လိုက်​၍ ဖောက်ပြန်မှားယွင်း​ကြ​သလော’​ဟု မိန့်​တော်မူ​၏​။


တစ်ဖန် ထာဝရဘုရား​က “​ယုဒ​ပြည်​သည် အပြစ်​သုံး​လေး​မျိုး​မက ကျူးလွန်​သောကြောင့် ငါ​အပြစ်​မ​ပေး​ဘဲ​မ​နေ​။ အကြောင်းမူကား သူ​တို့​သည် ထာဝရဘုရား​၏​ပညတ်တရားတော်​ကို စွန့်ပယ်​ကြ​ပြီး ပြဋ္ဌာန်းချက်​တို့​ကို​လည်း မ​စောင့်ထိန်း​ကြ​။ သူ​တို့​၏​ဘိုးဘေး​တို့​လိုက်လျှောက်​ခဲ့​သည့်​အတိုင်း လိုက်လျှောက်​ကြ​၏​။ သူ​တို့​သည် လိမ်လည်မှု​များ​အားဖြင့် လမ်းလွဲ​ကြ​ပြီ​။


သင်​တို့​၏​ဘိုးဘေး​တို့​လက်ထက်​မှစ၍ သင်​တို့​သည် ငါ့​ပြဋ္ဌာန်းချက်​တို့​ကို မ​စောင့်ထိန်း​ဘဲ ရှောင်လွှဲ​သွား​ကြ​ပြီ​။ ငါ့​ထံ ပြန်လာ​ကြ​လော့​။ ငါ​သည်​လည်း သင်​တို့​ထံ ပြန်လာ​မည်”​ဟု ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား မိန့်ဆို​သည်​ကို​ပင် သင်​တို့​က “ငါ​တို့ မည်သို့​ပြန်လာ​ရ​မည်နည်း”​ဟု ပြောဆို​ကြ​၏​။


အကြောင်းမူကား မကောင်း​သော​တွေးတော​ကြံစည်​မှု​များ၊ တရားနှင့်မညီ​မေထုန်ပြု​ခြင်း၊ ခိုးယူ​ခြင်း၊ လူ​သတ်​ခြင်း၊


ဤ​ကျိန်ဆို​သော​စကား​များ​ကို​ကြား​သောအခါ ‘​ငါ​သည် ငါ့​စိတ်သဘော​အတိုင်း လိုက်လျှောက်​သော်လည်း ငါ​သည် ဘေးကင်း​လျက်​ရှိ​၏​’​ဟု ဆို​လျက် စိတ်​ထဲ၌ ကိုယ့်ကိုယ်ကိုယ်​ကောင်းချီးပေး​တတ်​သော​သူ​သည် ရေဝ​သော​မြေ ခြောက်သွေ့​သွား​သကဲ့သို့ ဖျက်ဆီး​ခြင်း​ခံရ​မည်​။


ကိုယ်တော်​၏​အစေအပါး အာဗြဟံ​၊ ဣဇက်​၊ ယာကုပ် တို့​ကို​အောက်မေ့​တော်မူ​ပါ​။ ဤ​လူမျိုး​၏​ခေါင်းမာ​ခြင်း​၊ ဆိုးယုတ်​ခြင်း​၊ အပြစ်ပြု​ခြင်း တို့​ကို မှတ်​တော်​မ​မူ​ပါ​နှင့်​။


ဆိုးညစ်​သော​သူ​တို့​နှင့် လိမ်လည်​လှည့်ဖြား​သော​သူ​တို့​သည် သူတစ်ပါး​ကို​လှည့်ဖြား​လျက် လှည့်ဖြား​ခြင်း​ကို​လည်း​ခံရ​လျက် ပို၍​ဆိုးရွား​သော​အဖြစ်​သို့ ကျဆင်း​သွား​ကြ​လိမ့်မည်။


ညီအစ်ကို​တို့၊ သင်​တို့​တွင် မ​ယုံကြည်​တတ်​သော​ဆိုးညစ်​သည့်​စိတ်နှလုံး​ရှိ​သဖြင့် အသက်ရှင်​သော​ဘုရားသခင်​ထံ​တော်​မှ ထွက်ခွာ​သွား​မည့်​သူ​တစ်စုံတစ်ဦး​မျှ​မ​ရှိ​စေရန် သတိပြု​ကြ​လော့။


သို့သော် ထို​တရားသူကြီး သေလွန်​သွား​သောအခါ သူ​တို့​သည် အခြား​ဘုရား​များ​ဘက်​သို့​ပြန်လှည့်​၍ ထို​ဘုရား​များ​နောက်သို့​လိုက်​လျက် ထို​ဘုရား​များ​ကို ဝတ်ပြု​ကိုးကွယ်​ကြ​ပြန်​၏​။ ဘိုးဘေး​တို့​ထက် သာ၍​အကျင့်ပျက်ပြား​ကြ​၏​။ သူ​တို့​၏​အကျင့်စရိုက်​၊ ဆိုးညစ်​သော​အပြုအမူ​များ​ကို မ​စွန့်ပစ်​ကြ​။


ပုန်ကန်​ခြင်း​အပြစ်​သည် ဂမ္ဘီရပညာ​သုံး​ခြင်း​အပြစ်​နှင့် အတူတူပင်​ဖြစ်​၏​။ ခေါင်းမာ​ခြင်း​သည် မကောင်းမှု​ပြု​ခြင်း​၊ ရုပ်တုကိုးကွယ်​ခြင်း​ပင်​ဖြစ်​၏​။ သင်​သည် ထာဝရဘုရား​၏​စကား​ကို​ပယ်​သောကြောင့် ထာဝရဘုရား​သည်​လည်း သင့်​ကို ဘုရင်​အဖြစ်​မှ​ပယ်​တော်မူ​ပြီ​”​ဟု သူ့​အား ဆို​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ