ယေရမိ 12:15 - မြန်မာ့စံမီသမ္မာကျမ်း15 ငါသည် သူတို့ကို ထုတ်ပစ်ပြီးမှ ပြန်၍သနားစုံမက်ဦးမည်။ သူတို့ကို သူတို့ပိုင်သောအမွေမြေအသီးသီး၊ သူတို့ပြည်အသီးသီးသို့ ပြန်ခေါ်လာမည်”ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Common Language Bible15 သို့ရာတွင်ငါသည်သူတို့အားယင်းသို့ဆွဲ ထုတ်ပြီးနောက်ကရုဏာပြမည်။ ထိုလူမျိုး အသီးသီးကိုမိမိတို့ပိုင်သည့်နယ်မြေသို့ လည်းကောင်း၊ မိမိတို့၏ပြည်သို့လည်းကောင်း ပြန်လည်ပို့ဆောင်မည်။- အခန်းကိုကြည့်ပါ။Garrad Bible15 ထို သို့ ဆွဲ နုတ် ပြီး လျှင်၊ ငါ သည် စိတ် တော် လည်၍ က ရု ဏာ သက် သည့် အ လျောက်၊ အ သီး အ သီး တို့ ကို ကိုယ့် ပိုင် ရာ ပြည် သို့ ပြန် ခေါ် လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible15 နုတ်ပြီးမှ တစ်ဖန်ငါသနား၍၊ အသီးအသီးတို့ကို မိမိတို့ ပိုင်ထိုက်သောမြေ၊ မိမိတို့နေရင်းပြည်သို့ ငါပြန်ပို့မည်။ အခန်းကိုကြည့်ပါ။ |
“ဖမ်းခေါ်သွားခြင်းခံရသည့် ငါ့လူမျိုးတော်အစ္စရေးအမျိုးသားတို့ကို ငါပြန်လာစေမည်။ သူတို့သည် ဖျက်ဆီးခြင်းခံရသောမြို့များကို ပြန်လည်တည်ဆောက်၍ နေထိုင်ကြလိမ့်မည်။ စပျစ်ပင်များကို စိုက်၍ စပျစ်ဝိုင်ကို သောက်ရလိမ့်မည်။ ဥယျာဉ်ခြံများကို စိုက်ပျိုး၍ အသီးအနှံတို့ကို စားရလိမ့်မည်။
ထာဝရဘုရားသည် သင်တို့ကဲ့သို့ သင်တို့၏အမျိုးသားချင်းတို့ကို အေးအေးချမ်းချမ်းနေထိုင်ရသောအခွင့်ပေး၍ သူတို့အား ဂျော်ဒန်မြစ်တစ်ဖက်၌ သင်တို့၏ဘုရားသခင်ထာဝရဘုရားပေးတော်မူသောပြည်ကို ပိုင်ဆိုင်ပြီးမှ သင်တို့အား ငါအပိုင်ပေးသောပြည်အသီးသီးသို့ သင်တို့ပြန်လာခွင့်ရှိ၏’ဟု ဆိုခဲ့၏။
ထို့ကြောင့် သင်သည် မြောက်အရပ်သို့သွား၍ ဤသတင်းစကားတို့ကို ဟစ်ကြော်ပြောဆိုလော့။ ‘အို လမ်းလွဲဖောက်ပြန်သောအစ္စရေးလူမျိုး၊ ပြန်လာလော့’ဟု ထာဝရဘုရားမိန့်တော်မူ၏။ ‘ငါသည် ကရုဏာထားသည်ဖြစ်၍ သင့်အပေါ် အမျက်ကျရောက်စေမည်မဟုတ်’ဟု ထာဝရဘုရားမိန့်တော်မူ၏။ ‘ငါသည် အမျက်အစဉ်ထွက်မည်မဟုတ်။
သင်တို့သည် ငါ့ကို တွေ့လိမ့်မည်ဟု ထာဝရဘုရားမိန့်တော်မူ၏။ ဖမ်းဆီးခေါ်ဆောင်သွားရာမှ သင်တို့ကို ငါပြန်ခေါ်လာမည်။ လူမျိုးတကာတို့ထံမှလည်းကောင်း၊ ငါနှင်ထုတ်၍ ရောက်လေရာအရပ်ရပ်မှလည်းကောင်း သင်တို့အား ပြန်စုဝေးစေမည်ဟုလည်း ထာဝရဘုရားမိန့်တော်မူ၏။ သင်တို့ကို ဖမ်းခေါ်သွား၍ သင်တို့ရောက်ရာအရပ်မှ သင်တို့ကိုပြန်ခေါ်လာမည်။
သူပေါ်လာပြီးမကြာမီမှာပင် သူ့နိုင်ငံသည် ပျက်စီးသွား၍ မိုးကောင်းကင်အောက်အရပ်လေးမျက်နှာသို့ ကွဲပြားသွားလိမ့်မည်။ ထိုနိုင်ငံကို သူ၏သားစဉ်မြေးဆက်တို့ ဆက်ခံရကြမည်မဟုတ်။ သူအုပ်စိုးခဲ့သည့်အာဏာစက်မျိုး ရှိတော့မည်မဟုတ်။ သူ၏နိုင်ငံကို သူ့လက်မှနုတ်ယူ၍ အခြားသူတို့လက်သို့ ပေးအပ်လိမ့်မည်။
မြောက်ဘက်အရပ်သို့လည်းကောင်း၊ အပြည်ပြည်သို့လည်းကောင်း နှင်ထုတ်ခံရသော အစ္စရေးအမျိုးသားတို့ကို ပြန်လည်ခေါ်ဆောင်လာသောထာဝရဘုရားသည် အသက်ရှင်တော်မူသည်ဟု ပြောဆိုရမည့်အချိန် ရောက်လာမည်။ ငါသည် သူတို့၏ဘိုးဘေးတို့အား ပေးခဲ့သောပြည်သို့ သူတို့ကိုပြန်လည်ခေါ်ဆောင်လာမည်’ဟု မိန့်တော်မူ၏။