အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ယေ​ရ​မိ 3:13 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

သင်​၏​ဒုစရိုက်​တို့​ကို ဝန်ခံ​လော့​။ သင်​သည် သင်​၏​ဘုရားသခင်​ထာဝရဘုရား​ကို​ပုန်ကန်​၍ စိမ်းလန်း​သော​သစ်ပင်​ရှိသမျှ​အောက်​၌ တစ်ပါးအမျိုးသား​တို့​နှင့် မွေ့လျော်​၏​။ ငါ့​စကား​ကို​လည်း သင်​နား​မ​ထောင်​’​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။

အခန်းကိုကြည့်ပါ။

Common Language Bible

သင်​သည်​မိ​မိ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ကို ပုန်​ကန်​မိ​ကြောင်း​နှင့်​အ​ပြစ်​ရှိ ကြောင်း​ကို​သာ​လျှင်​ဝန်​ခံ​လော့။ စိမ်း​လန်း သည့်​သစ်​ပင်​ရှိ​သ​မျှ​အောက်​တွင် သင်​သည် လူ​မျိုး​ခြား​တို့​၏​ဘု​ရား​များ​အား​မြတ်​နိုး ခဲ့​ကြောင်း​ကို​ဝန်​ခံ​လော့။ ငါ့​စ​ကား​ကို​နား မ​ထောင်​မိ​ခဲ့​ကြောင်း​ကို​လည်း​ဝန်​ခံ​လော့။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့် စ​ကား​ဖြစ်​၏။

အခန်းကိုကြည့်ပါ။

Garrad Bible

ကိုယ့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား အား ပုန် ကန် လျက်၊ အ ရပ် ရပ် ရှိ စိမ်း လန်း သော သစ် ပင် အောက် တွင်၊ အ ခြား ဘု ရား များ နောက် အ ဝ ဝ လိုက်လျှောက် ၍၊ ငါ့ ဗျာ ဒိတ် ကို မ နာ ခံ ဘဲ နေ သော ကိုယ့် ဒု စ ရိုက် ပြစ် ကို ဝန် ခံ လော့ ဟု၊ ထာ ဝ ရ ဘု ရား မိန့် တော် မူ ကြောင်း၊

အခန်းကိုကြည့်ပါ။

Judson Bible

သင်​သည် ငါ့​စ​ကား​ကို နား​မ​ထောင်။ သင်၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို​ပြစ်​မှား၍၊ စိမ်း​သော​သစ်​ပင်​ရှိ​သ​မျှ အောက်၌​တွေ့​သော ဧည့်​သည်​တို့​နှင့် မှား​ယွင်း​သော​အ​ပြစ်​ရှိ​ကြောင်း​ကို ဝန်​ချ​ရုံ​မျှ​သာ ပြု​လော့​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။



ယေ​ရ​မိ 3:13
22 ပူးပေါင်းရင်းမြစ်များ  

အစ္စရေး​အမျိုးအနွယ်​တို့​သည် တိုင်းတစ်ပါးသား​တို့​နှင့် ခပ်ခွာခွာ​နေ​၍ ရပ်​လျက် မိမိ​တို့​အပြစ်​၊ ဘိုးဘေး​တို့​၏​အပြစ်​များ​ကို ဝန်ချတောင်းပန်​ကြ​၏​။


မိမိ​ကျူးလွန်​သော​အပြစ်​များ​ကို ဖုံးကွယ်​ထား​သော​သူ​သည် ကြီးပွား​မည်​မ​ဟုတ်​။ ထို​အပြစ်​များ​ကို​ဖော်ပြ​ဝန်ခံ​၍ စွန့်ပယ်​သော​သူ​မူကား ကရုဏာ​တော်​ကို​ခံစား​ရ​လိမ့်မည်​။


ဝက်သစ်ချပင်​တို့​ကြား​၊ စိမ်းလန်း​သော​သစ်ပင်​ရှိသမျှ​တို့​အောက်​တွင် ရမ္မက်မီး​တောက်လောင်​သော​သူ​များ​၊ လျှိုမြောင်​ရှိ ကျောက်တောင်​အက်ကွဲကြောင်း​များ​တွင် သားသမီး​များ​ကို သတ်ဖြတ်​ပူဇော်​သော​သူ​များ ဖြစ်​ကြ​သည်​မ​ဟုတ်​လော​။


ထာဝရဘုရား​က ဤ​လူမျိုး​အား “​သူ​တို့​သည် ဟိုဟိုသည်သည်​သွားလာ​ရ​သည်​ကို နှစ်သက်အားရ​ကြ​၏​။ ကိုယ့်​ခြေ​ကိုယ်​မ​ထိန်းချုပ်​ကြ​။ ထို့ကြောင့် ထာဝရဘုရား​သည် သူ​တို့​ကို နှစ်သက်​တော်​မ​မူ​။ သူ​တို့​၏​ဒုစရိုက်​များ​ကို မှတ်​တော်မူ​မည်​။ သူ​တို့​အပြစ်​များ​ကြောင့် သူ​တို့​ကို​ဒဏ်ခတ်​တော်မူ​မည်​”​ဟု မိန့်​တော်မူ​၏​။


အို ထာဝရဘုရား​၊ အကျွန်ုပ်​တို့​၏​ဆိုးယုတ်မှု​၊ ဘိုးဘေး​တို့​၏​အပြစ်​တို့​ကို ဝန်ခံ​ပါ​၏​။ အကယ်စင်စစ် အကျွန်ုပ်​တို့​သည် ကိုယ်တော်​ကို ပြစ်မှား​မိ​ကြ​ပါ​ပြီ​။


“​ရှေးကာလ​၌ သင်​၏​ထမ်းပိုး​ကို ငါ​ချိုး​၍ သင်​၏​အချည်အနှောင်​တို့​ကို ငါ​ဖြတ်​ခဲ့​၏​။ သင်​က ‘​အကျွန်ုပ် ဝတ်​မ​ပြု​ပါ​’​ဟု ဆို​၏​။ အကယ်စင်စစ် သင်​သည် ရှိရှိသမျှ​ကုန်း​မြင့်​ပေါ်တွင်​လည်းကောင်း​၊ ရှိရှိသမျှ​စိမ်းလန်း​သော​သစ်ပင်​အောက်​တွင်​လည်းကောင်း ပြည့်တန်ဆာ​လုပ်​၏​။


‘​ဖိနပ်မပါ​ဘဲ​မသွား​နှင့်​၊ အာခေါင်​မ​ခြောက်​စေ​နှင့်​’​ဟု သတိပေး​သော်လည်း သင်​က ‘​မမျှော်လင့်​နှင့်​။ သူစိမ်း​ကို ငါ​တကယ်​ချစ်​မိ​ပြီ​ဖြစ်၍ သူ​တို့​နောက်သို့​လိုက်​တော့​မည်​’​ဟု ဆို​၏​။


တောင်ကတုံး​များ​ပေါ်သို့ မျှော်ကြည့်​လော့​။ ယောက်ျား​တို့​နှင့် သင်​မ​အိပ်​ဖူး​သော​နေရာ ရှိ​သလော​။ တောကန္တာရ​မှ အာရပ်​လူမျိုး​ကဲ့သို့ သင်​သည် လမ်း​များ​၌​ထိုင်​၍ သူ​တို့​ကို စောင့်​နေ​၏​။ သင်​သည် ဖောက်ပြန်​သော​အပြစ်​အားဖြင့်​လည်းကောင်း​၊ မကောင်းမှု​အားဖြင့်​လည်းကောင်း ပြည်​ကို​ညစ်ညူး​စေ​ပြီ​။


အကျွန်ုပ်​တို့​သည် အရှက်ကွဲ​ခြင်း​၌ လဲလျောင်း​ရ​ပါစေ​။ အသရေပျက်​ခြင်း​သည် အကျွန်ုပ်​တို့​ကို ဖုံးလွှမ်း​ပါစေ​။ အကြောင်းမူကား အကျွန်ုပ်​တို့​သည် ငယ်စဉ်​မှစ၍ ယနေ့​တိုင်အောင် အကျွန်ုပ်​တို့​နှင့်​အကျွန်ုပ်​တို့​ဘိုးဘေး​များ​သည် ဘုရားသခင်​ထာဝရဘုရား​ကို ပြစ်မှား​ကြ​ပါ​ပြီ​။ ဘုရားသခင်​ထာဝရဘုရား​၏​အသံ​တော်​ကို နား​မ​ထောင်​ကြ​ပါ​”​ဟု ဆို​ကြ​၏​။


ယောရှိ​မင်းကြီး​လက်ထက်​တွင်​လည်း ငါ့​အား ထာဝရဘုရား​မိန့်ဆို​တော်မူ​၏​။ “​လမ်းလွဲဖောက်ပြန်​သော​အစ္စရေး​လူမျိုး​ပြု​သော​အမှု​ကို သင်​မြင်​ပြီ​လော​။ သူ​သည် မြင့်မား​သော​တောင်​ပေါ်​နှင့် စိမ်းလန်း​သော​သစ်ပင်​အောက် ရှိသမျှ​တို့​သို့​သွား​၍ ပြည့်တန်ဆာလုပ်​လေ​ပြီ​။


သို့သော် သူ​တို့ နား​မ​ထောင်​ကြ​။ ဂရု​မ​စိုက်​ကြ​။ သူ​တို့​၏​အကျင့်အကြံ​၊ သူ​တို့​၏​ဆိုးညစ်​မာကျော​သော​စိတ်သဘော​အတိုင်း လိုက်လျှောက်​ကြ​၏​။ ရှေ့​မ​တိုး​ဘဲ နောက်ဆုတ်​သွား​ကြ​၏​။


သို့သော် သူ​တို့​သည် ငါ့​စကား​ကို နား​မ​ထောင်​ကြ​၊ ဂရု​မ​စိုက်​ကြ​၊ ခေါင်းမာ​ကြ​၏​။ သူ​တို့​၏​ဘိုးဘေး​တို့​ထက် သာ၍​ဆိုးညစ်​ကြ​၏​။


‘သို့သော် သင်​သည် အလှဂုဏ်မောက်​၍ သင်​၏​ကျော်ကြားမှု​သည် သင့်​ကို ပြည့်တန်ဆာ​အဖြစ်​သို့ တွန်းပို့​လေ​ပြီ​။ ရာဂစိတ်​ပြင်းထန်​၍ သင့်​အနား​ဖြတ်သန်းသွားလာ​သော​သူ​တို့​နှင့် ဖောက်ပြန်မှားယွင်း​၏​။ သင့်​အလှ​သည် သူ​တို့​အဖို့​ဖြစ်သွား​၏​။


သူ​တို့​သည် ကိုယ့်​အပြစ်​ကို​မ​ဝန်ခံ​မ​ချင်း​၊ ငါ့​မျက်နှာ​ကို​မ​ရှာ​မ​ချင်း စံမြန်း​ရာ​သို့ ငါ​ပြန်သွား​နေ​မည်​။ သူ​တို့​သည် ဆင်းရဲဒုက္ခ​ရောက်​သောအခါ ငါ့​ကို ကြိုးစားရှာ​ကြ​လိမ့်မည်​။”


သင်​တို့​နှင်ထုတ်​မည့်​လူမျိုး​တို့​သည် မြင့်မား​သော​တောင်​များ​ပေါ်၌​လည်းကောင်း​၊ တောင်ကုန်း​များ​ပေါ်၌​လည်းကောင်း​၊ စိမ်းလန်း​သော​သစ်ပင်​ရှိသမျှ​အောက်​၌​လည်းကောင်း မိမိ​တို့​၏​ဘုရား​များ​ကို ဝတ်ပြု​တတ်​ကြ​၏​။ ထို​အရပ်​ရှိသမျှ​တို့​ကို သင်​တို့ လုံးလုံး​ဖျက်ဆီး​ပစ်​ရ​မည်​။