မြည်ဟိန်းသောအသံတော်ကြောင့် လူတို့ထွက်ပြေးကြ၏။ ကိုယ်တော်ထတော်မူသောအခါ လူမျိုးတို့သည် ကွဲလွင့်သွားကြ၏။
ယေရမိ 25:31 - မြန်မာ့စံမီသမ္မာကျမ်း ဆူညံပွက်လောရိုက်သောအသံသည် မြေကြီးစွန်းအထိ ပဲ့တင်ထပ်လိမ့်မည်။ အကြောင်းမူကား ထာဝရဘုရားသည် လူမျိုးအပေါင်းတို့ကို စွဲချက်တင်တော်မူမည်။ သတ္တဝါအားလုံးကို တရားစီရင်တော်မူမည်။ ဆိုးယုတ်သောသူတို့ကို ဓားလက်သို့ အပ်တော်မူမည်ဟူ၍ ထာဝရဘုရားမိန့်တော်မူသည်”ဟု ဆင့်ဆိုရမည်။ Common Language Bible ထာဝရဘုရားသည်လူမျိုးတကာတို့အား စွဲချက်တင်တော်မူမည်။ ကိုယ်တော်၏အသံတော်သည်ကမ္ဘာမြေကြီးစွန်း တိုင်အောင်ပဲ့တင်ထပ်၍သွားလိမ့်မည်။ ကိုယ်တော်သည်လူအပေါင်းတို့အားစစ်ဆေး စီရင်တော်မူ၍ သူယုတ်မာတို့အားကွပ်မျက်တော်မူလိမ့်မည်။ ဤကားထာဝရဘုရားမြွက်ဟသည့်စကား ဖြစ်၏' ဟုပြောကြားလော့'' ဟူ၍ဖြစ်၏။ Garrad Bible ထာ ဝ ရ ဘု ရား ၏ ဗျာ ဒိတ် တော် အ တိုင်း၊ လူ အ မျိုး မျိုး တို့ နှင့် ဘက် ပြိုင် ခြင်း၊ လူ သ တ္တ ဝါ အ ပေါင်း တို့ နှင့် တရား တွေ့ ခြင်း၊ လူ ဆိုး တို့ ကို ဓား ဘေး သို့ အပ် နှင်း ခြင်း များ ကို၊ ထာ ဝ ရ ဘု ရား စီ ရင် တော် မူ သည် နှင့် အ သံ ဗ လံ တော် သည်၊ မြေ ကြီး စွန်း တိုင် အောင် ရောက် လေ စွ ဟု ဆင့် ဆို လော့။ Judson Bible မြေကြီးစွန်းတိုင်အောင် အသံနှံ့ပြားလိမ့်မည်။ ထာဝရဘုရားသည် လူအမျိုးမျိုးတို့နှင့် တရားတွေ့စရာ အကြောင်းရှိ၍၊ ခပ်သိမ်းသော သတ္တဝါတို့ကို အမှုလုပ်တော်မူမည်။ ဆိုးသောသူတို့ကို ဓားနှင့်ကွပ်မျက်စေခြင်းငှာ အပ်တော်မူမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။ |
မြည်ဟိန်းသောအသံတော်ကြောင့် လူတို့ထွက်ပြေးကြ၏။ ကိုယ်တော်ထတော်မူသောအခါ လူမျိုးတို့သည် ကွဲလွင့်သွားကြ၏။
အကယ်စင်စစ် ထာဝရဘုရားသည် လူမျိုးအပေါင်းတို့ကို အမျက်ထွက်တော်မူ၍ အမျက်တော်သည် သူတို့၏စစ်သည်ဗိုလ်ပါအားလုံးအပေါ် သက်ရောက်လေပြီ။ ကိုယ်တော်သည် သူတို့ကို အကုန်အစင်ဖျက်ဆီးတော်မူမည်။ သူတို့ကို သတ်ဖြတ်သူလက်သို့ အပ်တော်မူမည်။
ထာဝရဘုရား၌ လက်စားချေရာနေ့၊ ဇိအုန်မြို့ကို ရန်ပြုသောသူကို ဒဏ်ပေးသောနှစ် ရှိ၏။
ထာဝရဘုရားသည် လူသားအားလုံးကို မီးဖြင့်လည်းကောင်း၊ ဓားဖြင့်လည်းကောင်း တရားစီရင်တော်မူမည်။ ထာဝရဘုရားကွပ်မျက်သောသူတို့သည် များပြားလိမ့်မည်။
သင်က ‘ငါ၌ အပြစ်မရှိ။ အမျက်တော်သည် အမှန်ပင် ငါ့ထံမှလှည့်သွားပြီ’ဟု ဆို၏။ ငါသည်‘အပြစ်မပြု’ဟု သင်ဆိုသောကြောင့် သင့်ကို ငါတရားစီရင်မည်။
ကြည့်ရှုလော့။ ထာဝရဘုရား၏ဒေါသမုန်တိုင်း တိုက်ခတ်လိမ့်မည်။ ပြင်းစွာသောမုန်တိုင်းသည် ဆိုးယုတ်သောသူတို့၏ခေါင်းပေါ်သို့ ကျရောက်လိမ့်မည်။
ထာဝရဘုရားက ‘ကြီးမြတ်သောအရာကို သင်ရှာနေသလော။ မရှာပါနှင့်။ ကြည့်ရှုလော့။ ငါသည် လူအပေါင်းတို့ကို ဘေးအန္တရာယ်သင့်စေမည်။ သင့်ကိုကား သင်ရောက်လေရာရာအရပ်တို့၌ တိုက်ယူပစ္စည်းကဲ့သို့ သင့်အသက်ကို ငါပေးမည်’ဟူ၍ မိန့်တော်မူသည်”ဟု ဆိုလေ၏။
နေ့ရက်အချိန် နီးလာပြီ။ စင်စစ် ထာဝရဘုရား၏နေ့ နီးလာပြီ။ ထိုနေ့သည် မိုးတိမ်ထူထပ်သောနေ့၊ လူမျိုးတကာတို့ပျက်စီးရာနေ့ ဖြစ်လိမ့်မည်။
ငါသည် သူ့ကို ကပ်ရောဂါဘေး၊ သေဘေးဖြင့် စီရင်မည်။ သူနှင့်သူ့စစ်သည်များအပါအဝင် သူ၌ပါလာသောလူအမြောက်အမြားတို့အပေါ် ရေလွှမ်းမိုးစေမည်၊ မိုးသီးနှင့်တကွ မီးနှင့်ကန့် ရွာကျစေမည်။
ထာဝရဘုရားသည် ယုဒကို စွဲချက်တင်တော်မူပြီ။ ယာကုပ်ကို သူကျင့်ကြံခဲ့သည့်အတိုင်း သူ့ကိုဒဏ်ခတ်တော်မူမည်။ သူလုပ်ဆောင်ခဲ့သည့်အတိုင်း သူ့ကိုပြန်ပေးဆပ်စေမည်။
အို အစ္စရေးအမျိုးသားတို့၊ ထာဝရဘုရား၏စကားတော်ကို နားထောင်ကြလော့။ ထာဝရဘုရားသည် ပြည်သူပြည်သားတို့ကို စွဲချက်တင်လေပြီ။ “တိုင်းပြည်တွင် သစ္စာတရားမရှိ၊ မေတ္တာကရုဏာမရှိ၊ ဘုရားသခင်ကိုသိကျွမ်းခြင်းမရှိ။
လူမျိုးတကာတို့ကို စုရုံးပြီး ယောရှဖတ်ချိုင့်ဝှမ်းလွင်ပြင်သို့ ငါခေါ်ဆောင်လာမည်။ သူတို့သည် ငါ့လူမျိုးတော်ကို လူမျိုးတကာတို့ထံသို့ ကွဲလွင့်စေပြီး ငါ့ပြည်ကို ကွဲပြားစေခဲ့သောကြောင့် ငါ့လူမျိုးတော်ဖြစ်သည့် ငါ့အမွေတော်အစ္စရေးတို့အတွက် သူတို့ကို ထိုအရပ်၌ ငါတရားစီရင်မည်။
အို တောင်များတို့၊ အို ခိုင်ခံ့သောမြေကြီးအုတ်မြစ်တို့၊ ထာဝရဘုရား၏စွဲချက်ကိုနားထောင်ကြလော့။ အကြောင်းမူကား ထာဝရဘုရားသည် မိမိလူမျိုးတော်ကို စွဲချက်တင်တော်မူပြီ။ အစ္စရေးလူမျိုးနှင့် အချေအတင်ပြောဆိုတော်မူမည်။