ယေရမိ 2:35 - မြန်မာ့စံမီသမ္မာကျမ်း35 သင်က ‘ငါ၌ အပြစ်မရှိ။ အမျက်တော်သည် အမှန်ပင် ငါ့ထံမှလှည့်သွားပြီ’ဟု ဆို၏။ ငါသည်‘အပြစ်မပြု’ဟု သင်ဆိုသောကြောင့် သင့်ကို ငါတရားစီရင်မည်။ အခန်းကိုကြည့်ပါ။Common Language Bible35 `ငါ့တွင်အပြစ်မရှိ၊ ထာဝရဘုရားသည်အမှန် ပင် ငါ့အားအမျက်ထွက်တော်မမူတော့ပြီဟု' ဆို ချင်သည်။ သို့သော်သင်ကမိမိအပြစ်မကူး လွန်ပါဟုငြင်းဆိုသဖြင့် ငါသည်သင့်အား အပြစ်ဒဏ်ခတ်တော်မူမည်။- အခန်းကိုကြည့်ပါ။Garrad Bible35 သင် က ငါ အ ပြစ် ကင်း ၏။ အ မျက် တော် ငြိမ်း ပြီ ဟု ထင် မှတ် သည် တ ကား။ ငါ မ ပြစ် မှား ဟု သင် ငြင်း ဆို သည့် အ တွက်၊ ငါ ကိုယ် တိုင် တ ရား ဆိုင် လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible35 ထိုသို့သော အပြစ်များရှိသော်လည်း သင်က၊ ငါ၌အပြစ်မရှိသောကြောင့်၊ ဘုရားသခင်၏အမျက်တော်သည် ငါမှလွဲသွားလိမ့်မည်ဟု ဆိုပါသည်တကား။ ငါ၌အပြစ်မရှိဟုဆိုသောကြောင့်၊ သင့်ကို ငါစစ်ကြောစီရင်မည်။ အခန်းကိုကြည့်ပါ။ |
သူတို့က “အကျွန်ုပ်တို့ အဘယ်ကြောင့် အစာရှောင်ရမည်နည်း။ အကျွန်ုပ်တို့အစာရှောင်သည်ကို ကိုယ်တော်မြင်တော်မမူ။ အကျွန်ုပ်တို့ ကိုယ့်ကိုယ်ကိုယ် အဘယ်ကြောင့်နှိမ့်ချရမည်နည်း။ အကျွန်ုပ်တို့ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချသည်ကို ကိုယ်တော်သိမှတ်တော်မမူ”ဟု ဆိုကြ၏။ အကယ်စင်စစ် သင်တို့သည် အစာရှောင်ရာနေ့၌ ကိုယ့်အလိုရှိရာကို ကိုယ်လုပ်ကြ၏။ အလုပ်သမားများကို အဓမ္မစေခိုင်းကြ၏။