ယောယကိမ်မင်းကြီးလက်ထက်တွင် ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီး ချီလာ၍တိုက်ခိုက်သဖြင့် ယောယကိမ်မင်းကြီးသည် သူ့လက်အောက်ခံအဖြစ် သုံးနှစ်နေရ၏။ ထို့နောက် သူ့ကို ပြန်လည်ပုန်ကန်ခဲ့၏။
ယေရမိ 25:12 - မြန်မာ့စံမီသမ္မာကျမ်း အနှစ်ခုနစ်ဆယ်ပြည့်ပြီးမှ ဘေဘီလုံဘုရင်မှစ၍ သူ၏လူမျိုးများနှင့်တကွ ခါလဒဲပြည်ကိုပါ သူတို့အပြစ်များကြောင့် သူတို့ကို ငါဒဏ်ခတ်မည်။ ထိုပြည်ကို အစဉ်လူသူကင်းမဲ့ရာအရပ်ဖြစ်စေမည်’ဟု မိန့်တော်မူ၏။ Common Language Bible ထိုနောက်ငါသည်ဗာဗုလုန်ဘုရင်နှင့်ပြည်သူ တို့အား မိမိတို့ကူးလွန်သည့်အပြစ်အတွက် ဆုံးမမည်။ သူတို့၏ပြည်ကိုဖျက်ဆီးကာ ထာဝစဉ်ယိုယွင်းပျက်စီးလျက်နေစေမည်။- Garrad Bible ငါ ထာ ဝ ရ ဘု ရား မိန့် ဆို သည့် အ တိုင်း၊ ထို နှစ် ပေါင်း ခု နစ် ဆယ် ကုန် လွန် ပြီး နောက်၊ ငါ သည် ဗာ ဗု လုန် ဘု ရင် မှ စ ၍၊ လူ တစ် မျိုး လုံး ကို ခါ လ ဒဲ ပြည် ပါ၊ ချင်း တို့ ဒု စ ရိုက် အ တွက် အ စီ အ ရင် လာ လျက်၊ အ စဉ် ဆိတ် ညံ ရာ ဖြစ် စေ ၍၊ Judson Bible ထာဝရဘုရား မိန့်တော်မူသည်ကား၊ အနှစ်ခုနစ်ဆယ်စေ့သောအခါ၊ ဗာဗုလုန်ရှင်ဘုရင်နှင့် သူ၏နိုင်ငံတည်းဟူသော ခါလဒဲတိုင်းနိုင်ငံ၏ အပြစ်ကြောင့်၊ ငါသည် သူတို့ကိုဒဏ်ပေး၍၊ ထိုနိုင်ငံကို အစဉ်အမြဲ လူဆိတ်ညံရာအရပ် ဖြစ်စေမည်။ |
ယောယကိမ်မင်းကြီးလက်ထက်တွင် ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီး ချီလာ၍တိုက်ခိုက်သဖြင့် ယောယကိမ်မင်းကြီးသည် သူ့လက်အောက်ခံအဖြစ် သုံးနှစ်နေရ၏။ ထို့နောက် သူ့ကို ပြန်လည်ပုန်ကန်ခဲ့၏။
ယေရမိ၏နှုတ်အားဖြင့် ထာဝရဘုရားမိန့်တော်မူသောစကား ပြည့်စုံစေရန် ပါးရှားဘုရင်ကုရုမင်းကြီး နန်းစံပထမနှစ်တွင် ထာဝရဘုရားသည် ပါးရှားဘုရင်ကုရုမင်းကြီး၏စိတ်ကို နှိုးဆော်တော်မူသဖြင့် သူသည် မိမိနိုင်ငံအားလုံးသို့ လိုက်လံကြေညာစေ၍ ထိုစကားကို စာဖြင့်လည်း မှတ်တမ်းတင်ထားလေ၏။
အို ပျက်စီးခြင်းသို့ရောက်မည့် ဘေဘီလုံ၏သမီး၊ ငါတို့အပေါ် သင်ပြုခဲ့သည့်အတိုင်း သင်၌ဆပ်ပေးမည့်သူသည် မင်္ဂလာရှိ၏။
တိုင်းနိုင်ငံတို့၏ဂုဏ်သရေ၊ ခါလဒဲလူမျိုးတို့ဂုဏ်ယူဝါကြွားရာဖြစ်သော ဘေဘီလုံမြို့သည် ဘုရားသခင်ဖြိုဖျက်ခဲ့သော သောဒုံမြို့နှင့်ဂေါမောရမြို့ကဲ့သို့ဖြစ်လိမ့်မည်။
တစ်ဖန် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ငါသည် ထိုမြို့ကို ဖြူကောင်နေရာအရပ်၊ ရေအိုင်ထွန်းရာအရပ်ဖြစ်စေမည်။ ဖျက်ဆီးခြင်းတံမြက်စည်းဖြင့် လှည်းကျင်းမည်”ဟု မိန့်တော်မူ၏။
နိမရိမ်မြို့၏ရေတို့သည် ခန်းခြောက်၍ မြက်ပင်သည် ညှိုးနွမ်းလေ၏။ မြက်နုတို့လည်းမရှိ။ စိမ်းလန်းသောအပင်လည်း မရှိတော့ပေ။
အဆီးရီးယားဘုရင်သာဂုန်မင်းကြီးစေလွှတ်သော တာတန်သည် အာဇုတ်မြို့သို့လာပြီး အာဇုတ်မြို့ကိုတိုက်ခိုက်သိမ်းပိုက်သော ထိုနှစ်၊
ကိုယ်တိုင်ဖျက်ဆီးခြင်းမခံရဘဲ သူတစ်ပါးကို ဖျက်ဆီးသောသူ၊ ကိုယ်တိုင် သစ္စာဖောက်မခံရဘဲ သူတစ်ပါးကို သစ္စာဖောက်သောသူ၊ သင်သည် အမင်္ဂလာရှိ၏။ သင်သည် သူတစ်ပါးကိုဖျက်ဆီးပြီးလျှင် ပြန်၍အဖျက်ဆီးခံရမည်။ သူတစ်ပါးကို သစ္စာဖောက်ပြီးလျှင် ပြန်၍သစ္စာအဖောက်ခံရမည်။
ဗေလဘုရားသည် ညွတ်တွားရလေပြီ။ နေဗောဘုရားသည် ခါးကိုင်းရလေပြီ။ ထိုဘုရားရုပ်တုတို့ကို တောရိုင်းတိရစ္ဆာန်များ၊ သိုးနွားတိရစ္ဆာန်များအပေါ် တင်ကြ၏။ သင်တို့ယူဆောင်သောထိုအရာတို့သည် တိရစ္ဆာန်တို့အတွက် လေးလံစွာထမ်းရသောဝန်ထုပ်ဝန်ပိုးများဖြစ်ကြ၏။
အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားက မိမိလူမျိုးတော်ကိုထိန်းကျောင်းသော သိုးထိန်းတို့အား “သင်တို့သည် ငါ၏သိုးစုကိုကွဲလွင့်စေ၏။ နှင်ထုတ်၏။ သူတို့ကို ဂရုမစိုက်။ ကြည့်ရှုလော့။ သင်တို့ပြုသောဆိုးညစ်မှုကြောင့် သင်တို့ကို ငါဒဏ်ခတ်မည်”ဟု မိန့်တော်မူ၏။
လူမျိုးတကာတို့နှင့် တန်ခိုးကြီးသောရှင်ဘုရင်တို့သည် သူတို့အား စေခိုင်းကြလိမ့်မည်။ သူတို့၏အကျင့်အတိုင်း၊ သူတို့၏လုပ်ရပ်အတိုင်း သူတို့ကို ငါပြန်ပေးဆပ်စေမည်’ဟူ၍ မိန့်တော်မူသည်”ဟု ဆင့်ဆိုလေ၏။
‘ထိုအသုံးအဆောင်တို့ကို ဘေဘီလုံမြို့သို့ ယူဆောင်သွားကြလိမ့်မည်။ ငါအကြည့်အရှုကြွလာမည့်နေ့အထိ ထိုမြို့တွင် ထားကြလိမ့်မည်။ ထို့နောက်မှ ထိုအသုံးအဆောင်တို့ကို ပြန်ယူဆောင်လာ၍ ဤနေရာ၌ထားမည်’ဟူ၍ မိန့်တော်မူသည်”ဟု ဆင့်ဆို၏။
သူ၏နိုင်ငံအဆုံးမရောက်မီအထိ လူမျိုးအပေါင်းတို့သည် သူနှင့်သူ၏သားမြေးတို့ထံ၌ အစေခံရလိမ့်မည်။ ထို့နောက်မှ သူသည် လူမျိုးကြီးများ၊ တန်ခိုးကြီးသောဘုရင်များထံ အစေခံရလိမ့်မည်’ဟု မိန့်တော်မူ၏။
တစ်ဖန် ထာဝရဘုရားက ဘေဘီလုံမြို့တွင် အနှစ်ခုနစ်ဆယ်ပြည့်သောအခါ ငါသည် သင်တို့ကို အကြည့်အရှုကြွလာမည်။ ဤပြည်သို့ သင်တို့ကို ပြန်ခေါ်လာမည်ဟူသော ငါ၏ကတိကို ပြည့်စုံစေမည်။
လူသူကင်းမဲ့ရာ အစဉ်ဖြစ်စေမည်။ မြို့တို့တွင် နေထိုင်မည့်သူ ရှိတော့မည်မဟုတ်။ သို့မှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သင်တို့သိကြလိမ့်မည်။
ဒါရိမင်းကြီးနန်းစံပထမနှစ်တွင် ငါဒံယေလသည် ဂျေရုဆလင်မြို့ပျက်စီးမည့်နှစ်ပေါင်းမှာ အနှစ်ခုနစ်ဆယ်ဖြစ်ကြောင်း ပရောဖက်ယေရမိပြောကြားခဲ့သောထာဝရဘုရား၏နှုတ်ကပတ်တော်ကို ကျမ်းစာလိပ်အားဖြင့် သိခဲ့ရ၏။
ဤသို့ဖြင့် သူတို့သည် မိမိတို့ပိုက်ကွန်ကို အမြဲသွန်ချနေရမည်လော။ လူမျိုးတကာတို့ကို မညှာမတာ အမြဲသတ်ဖြတ်နေရမည်လော။