ယေရမိ 29:10 - မြန်မာ့စံမီသမ္မာကျမ်း10 တစ်ဖန် ထာဝရဘုရားက ဘေဘီလုံမြို့တွင် အနှစ်ခုနစ်ဆယ်ပြည့်သောအခါ ငါသည် သင်တို့ကို အကြည့်အရှုကြွလာမည်။ ဤပြည်သို့ သင်တို့ကို ပြန်ခေါ်လာမည်ဟူသော ငါ၏ကတိကို ပြည့်စုံစေမည်။ အခန်းကိုကြည့်ပါ။Common Language Bible10 ``ထာဝရဘုရားက`ဗာဗုလုန်မြို့၏သက်တမ်း အနှစ်ခုနစ်ဆယ်စေ့သောအခါ ငါသည်သင် တို့အားပြန်လည်ကြည့်ရှုမည်။ ငါ၏ကတိတော် ရှိသည့်အတိုင်းသင်တို့၏ပြည်သို့ပြန်လည် ပို့ဆောင်မည်။- အခန်းကိုကြည့်ပါ။Garrad Bible10-11 ထာ ဝ ရ ဘု ရား က လည်း၊ ဒု က္ခ နှင့် မ ဟုတ်။ သု ခ နှင့် ဆိုင် ရာ ကိုယ့် အ ကြံ အ စည်၊ သင် တို့ အား စောင့် မြော် ရာ နောင် အ ကျိုး ပေး ရန် အ ကြံ အ စည် ကို ငါ မှတ် သည့် အ လျောက်၊ ဗာ ဗု လုန် မြို့ ခေတ် နှစ် ပေါင်း ခု နစ် ဆယ် စေ့ သည့် ကာ လ၊ ငါ သည် သင် တို့ ကို အ ကြည့် အ ရှု လာ လျက်၊ ဤ အ ရပ် ဒေ သ သို့ ပြန် ပို့၍ က တိ တော် မြတ် ကို အ တည် ပြု မည်။ အခန်းကိုကြည့်ပါ။Judson Bible10 တစ်ဖန်မိန့်တော်မူသည်ကား၊ ဗာဗုလုန်မြို့၌ အနှစ်ခုနစ်ဆယ်စေ့သောအခါ၊ သင်တို့ကို ငါအကြည့်အရှု ကြွလာမည်။ ငါထားသော ကတိကောင်းကို တည်စေ၍၊ သင်တို့ကို ဤပြည်သို့ ငါပို့ဆောင်ဦးမည်။ အခန်းကိုကြည့်ပါ။ |
ယေရမိ၏နှုတ်အားဖြင့် ထာဝရဘုရားမိန့်တော်မူသောစကား ပြည့်စုံစေရန် ပါးရှားဘုရင် ကုရုမင်းကြီး နန်းစံသောပထမနှစ်တွင် ထာဝရဘုရားသည် ပါးရှားဘုရင်ကုရုမင်းကြီး၏စိတ်ကို နှိုးဆော်တော်မူသဖြင့် သူသည် မိမိနိုင်ငံတစ်ဝန်းလုံးသို့ လိုက်လံကြေညာစေ၍ စာဖြင့်လည်း မှတ်တမ်းတင်ထားသောစကားကား ဤသို့ဖြစ်၏။
ထာဝရဘုရားက နဟေလံအမျိုး ရှေမာယသည် ငါ့ကို ပုန်ကန်ပြောဆိုသောကြောင့် ကြည့်ရှုလော့။ ငါသည် သူနှင့်သူ၏သားစဉ်မြေးဆက်တို့ကို ဒဏ်ခတ်မည်။ ဤလူမျိုးထဲတွင် သူ၏သားစဉ်မြေးဆက်တစ်ယောက်မျှ အသက်ရှင်နေထိုင်ရမည်မဟုတ်ဟု မိန့်တော်မူ၏။ တစ်ဖန် ထာဝရဘုရားက ငါ့လူမျိုးတော်အတွက် ငါပြုပေးသောကောင်းကျိုးချမ်းသာကို သူတို့ခံစားရမည်မဟုတ်”ဟု မိန့်ဆို၏။
ထာဝရဘုရားမိန့်တော်မူသည်မှာ ‘ကြည့်ရှုလော့။ ဖမ်းခေါ်သွားခြင်းခံရသော ငါ့လူမျိုးတော်အစ္စရေးနှင့်ယုဒတို့ကို ငါပြန်လာစေသောနေ့ ရောက်လာပြီ။ ဘိုးဘေးတို့အား ငါပေးခဲ့သောပြည်သို့ သူတို့ကို ပြန်လာစေသဖြင့် ထိုပြည်ကို သူတို့ပြန်လည်ပိုင်ဆိုင်ရလိမ့်မည်’ဟူ၍ ဖြစ်၏”ဟု မိန့်တော်မူ၏။
ထိုနေရာသည် ကြွင်းကျန်သောယုဒအမျိုးအနွယ်တို့အတွက် ဖြစ်လိမ့်မည်။ သူတို့သည် ထိုနေရာတွင် ကျက်စား၍ နေဝင်ချိန်၌ အာရှကေလုန်မြို့ရှိအိမ်တို့တွင် လဲလျောင်းကြလိမ့်မည်။ စင်စစ် သူတို့၏ဘုရားသခင်ထာဝရဘုရားသည် သူတို့ကို အကြည့်အရှုကြွလာ၍ ဖမ်းခေါ်သွားခြင်းခံရာမှ ပြန်လာစေတော်မူမည်။