အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ယေ​ရ​မိ 23:9 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ပရောဖက်​တို့​နှင့်​ပတ်သက်၍ ငါ့​စိတ်နှလုံး​သည် ကျိုးပဲ့​လျက်​၊ အရိုး​ရှိသမျှ​တို့​သည်​လည်း တုန်လှုပ်​လျက်​ရှိ​၏​။ ထာဝရဘုရား​ကြောင့်​၊ သန့်ရှင်း​သော​စကား​တော်​ကြောင့် ငါ​သည် အမူးသမား​ကဲ့သို့​၊ စပျစ်ဝိုင်​ယစ်မူး​သူ​ကဲ့သို့ ဖြစ်​၏​။

အခန်းကိုကြည့်ပါ။

Common Language Bible

ပ​ရော​ဖက်​များ​နှင့်​သက်​ဆိုင်​၍​ဤ​သို့​ဆို​၏။ ငါ​၏​စိတ်​နှ​လုံး​သည်​ကြေ​ကွဲ​လျက်​ငါ​၏ အ​ရိုး​တို့​သည်​တုန်​လှုပ်​လျက်​ရှိ​၏။ ထာ​ဝ​ရ​ဘု​ရား​၏​အ​တွက်​ကြောင့်​လည်း ကောင်း၊ ကိုယ်​တော်​၏​သန့်​ရှင်း​မြင့်​မြတ်​သည့် ဗျာ​ဒိတ်​တော်​များ​ကြောင့်​လည်း​ကောင်း ငါ​သည်​စ​ပျစ်​ရည်​သောက်​ကြူး​၍ ယစ်​မူး​လျက်​နေ​သူ​နှင့်​တူ​တော့​၏။

အခန်းကိုကြည့်ပါ။

Garrad Bible

ပ ရော ဖက် တို့ နှင့် စပ် လျဉ်း၍ ဆို ဦး အံ့။ ထာ ဝ ရ ဘု ရား ကြောင့်လည်း‌ ကောင်း၊ သန့် ရှင်း သော ဗျာ ဒိတ် တော် ချက် ကြောင့် လည်း‌ ကောင်း၊ အ တွင်း စိတ် နှ လုံး ကြေ ကွဲ လျက်၊ အ ရိုး ရှိ သ မျှ ဆွေး မြေ့ လျက်၊ စ ပျစ် ရည် သောက် ကြူး ၍ ယစ် မူး သူ ကဲ့ သို့ ငါ ဖြစ် ၏။

အခန်းကိုကြည့်ပါ။

Judson Bible

ပ​ရော​ဖက်​များ​နှင့် ဆိုင်​သော စ​ကား​ဟူ​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​ကြောင့်​လည်း​ကောင်း၊ သန့်​ရှင်း​သော စ​ကား​တော်​ကြောင့်​လည်း​ကောင်း ငါ့​စိတ်​ပျက်​လျက်​ရှိ၏။ ငါ့​အ​ရိုး​ရှိ​သ​မျှ​တို့​သည် လှုပ်​ရှား​ကြ၏။ ယစ်​မူး​သော​သူ​နှင့် စ​ပျစ်​ရည်​နိုင်​သော​သူ​ကဲ့​သို့ ငါ​ဖြစ်၏။

အခန်းကိုကြည့်ပါ။



ယေ​ရ​မိ 23:9
21 ပူးပေါင်းရင်းမြစ်များ  

ကိုယ်တော်​သည် မိမိ​၏​လူမျိုး​တော်​ကို ကြမ်းတမ်း​မှု​များ​နှင့် ကြုံတွေ့​စေ​ခဲ့​ပါ​၏​။ ဒယီးဒယိုင်​ဖြစ်​စေ​သော​စပျစ်ဝိုင်​ကို အကျွန်ုပ်​တို့​အား​တိုက်​ခဲ့​ပါ​၏​။


ကဲ့ရဲ့ပြစ်တင်​ခြင်း​သည် အကျွန်ုပ်​၏​စိတ်နှလုံး​ကို​ကျိုးပဲ့​စေ​၍ အကျွန်ုပ်​သည် အလွန်​စိတ်ပျက်​အားငယ်​လျက်​ရှိ​ပါ​၏​။ အကျွန်ုပ်​သည် စာနာထောက်ထား​မည့်​သူ​ကို စောင့်မျှော်​သော်လည်း မ​ရှိ​ခဲ့​ပါ​။ နှစ်သိမ့်ပေး​မည့်​သူ​များ​ကို​ရှာ​သော်လည်း မ​တွေ့​ခဲ့​ပါ​။


စပျစ်ဝိုင်​သောက်ကြူးသူ​၊ သေသောက်ကြူး​သူ​ဧဖရိမ်​အမျိုး​တို့​၏​မာန​သရဖူ​သည် အမင်္ဂလာ​ရှိ​၏​။ မြေဆီမြေနှစ်​ကောင်း​သော​ချိုင့်ဝှမ်း​ထိပ်​မှ ဂုဏ်ကျက်သရေ​အလှ ညှိုးနွမ်း​သွား​သော​ပန်းပွင့်​သည် အမင်္ဂလာ​ရှိ​၏​။


မိန်းမောတွေဝေ​ကြ​လော့​။ အံ့အားသင့်​ကြ​လော့​။ ကိုယ့်​မျက်စိ​ကို ကိုယ်​ကန်း​စေ​၍ မျက်မမြင်​ဖြစ်​ကြ​လော့​။ သူ​တို့​သည် စပျစ်ဝိုင်​မ​သောက်​ဘဲ ယစ်မူး​ကြ​၏​။ သေရည်သေရက်​မ​သောက်​ဘဲ ယိမ်းထိုး​ကြ​၏​။


ထို့ကြောင့် အဖိနှိပ်​ခံရ​သော​သူ​၊ စပျစ်ဝိုင်​မ​သောက်​ဘဲ ယစ်မူး​သော​သူ​၊ ယခု နားထောင်​လော့​။


ထိုအခါ “​ငါ​၌​အမင်္ဂလာ​ရှိ​၏​။ ငါ​သည် ပျက်စီးဆုံးရှုံး​ပြီ​။ အကြောင်းမူကား ငါ​သည် နှုတ်ခမ်း​ညစ်ညူး​လျက်​၊ နှုတ်ခမ်း​ညစ်ညူး​သော​လူမျိုး​အလယ်​တွင်​နေထိုင်​လျက်ပင် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​တည်းဟူသော ရှင်ဘုရင်​ကို ငါ့​မျက်စိ​နှင့်​မြင်​လေ​ပြီ​တကား​”​ဟု ငါ​ဆို​၏​။


ငါ​က “​ကိုယ်တော်​ကို မ​အောက်မေ့​၊ နာမ​တော်​ဖြင့် မ​ဟောပြော​လို​တော့​ပြီ​”​ဟု ဆို​သော်လည်း ငါ့​စိတ်နှလုံး​ထဲ၌ မီး​တောက်လောင်​သကဲ့သို့ ပူလောင်​၏​။ ငါ့​အရိုး​ထဲထိ ပူလောင်​၏​။ ငါ​မ​ခံ​မ​ရပ်​နိုင်​အောင် ပင်ပန်း​လှ​၏​။


သူ​တို့​သည် စကား​တော်​အလုံးစုံ​ကို ကြား​ရ​သောအခါ အသီးသီး​ကြောက်ရွံ့တုန်လှုပ်​ကြ​၏​။ ဗာရုတ်​အား​လည်း “​ဤ​စကား​အလုံးစုံ​တို့​ကို ရှင်ဘုရင်​ထံ မဖြစ်မနေ​တင်ပြ​ရ​မည်​”​ဟု ဆို​ပြီး


ပရောဖက်​တို့​သည် မဟုတ်မမှန်​ပရောဖက်ပြု​ကြ​၏​။ ယဇ်ပုရောဟိတ်​တို့​သည်​လည်း မိမိ​တို့​သဘော​အတိုင်း အုပ်ချုပ်​ကြ​၏​။ ထိုသို့သော​အမှုအရာ​တို့​ကို ငါ့​လူမျိုး​တော်​သည် နှစ်သက်​ကြ​၏​။ အဆုံး​၌ သင်​တို့ မည်သို့​ပြု​ကြ​မည်နည်း​။


ငါ​သည် ဖြေမဆည်​နိုင်​လောက်အောင် ဝမ်းနည်း​၏​။ ငါ့​စိတ်နှလုံး​သည် ညှိုးနွမ်း​လျက်​ရှိ​၏​။


မည်သူ​သည် ငါ့​ခေါင်း​ကို ရေ​တွင်း​ဖြစ်စေ​မည်နည်း​။ မည်သူ​သည် ငါ့​မျက်စိ​ကို မျက်ရည်​ထွက်​သော​စမ်း​ဖြစ်​စေ​မည်နည်း​။ သို့ဖြစ်လျှင် အသတ်ခံရ​သော​ငါ့​လူမျိုး​သမီးပျို​အတွက် ငါ​သည် နေ့​ည​မပြတ်​ငိုကြွေး​နိုင်​လိမ့်မည်​။


ကိုယ်တော်​သည် ငါ့​ကို ခါး​သော​ဟင်းရွက်​ဖြင့် ဝအီ​စေ​တော်မူ​ပြီ​။ ဒေါနရည်​ဖြင့် မူး​စေ​တော်မူ​ပြီ​။


ဘုရားရှင်​ထာဝရဘုရား​က ‘ဗျာဒိတ်နိမိတ်​ကို​မ​မြင်​ရ​ဘဲ ကိုယ့်​စိတ်သဘော​အတိုင်း​ဟောပြော​တတ်​သည့် မိုက်မဲ​သော​ပရောဖက်​တို့​၌ အမင်္ဂလာ​ရှိ​၏​။


ထိုအခါ ထာဝရဘုရား​က သူ့​အား “​ဂျေရုဆလင်​မြို့​လယ်ခေါင်​သို့ သွား​လော့​။ မြို့​လယ်ခေါင်​တွင် စက်ဆုပ်ရွံရှာဖွယ်​လုပ်ရပ်​များ​အတွက် ညည်းတွား​မြည်တမ်း​သူ​များ​၏​နဖူး​ကို အမှတ်အသား​ပြု​ထား​ခဲ့​လော့​”​ဟု မိန့်​တော်မူ​၏​။


လူကြီး​လူငယ်​၊ အပျို​လူပျို​၊ အမေ​နှင့်​ကလေး​ပါမကျန် သတ်​ပစ်​လော့​။ သို့သော် အမှတ်အသား​ပြု​ထား​ခဲ့​သော​သူ​တစ်ဦးတစ်ယောက်​ကို​မျှ မ​ထိ​ကြ​နှင့်​။ ငါ​၏​သန့်ရှင်းရာဌာန​မှ​စတင်​ပြု​လော့​”​ဟု မိန့်​တော်မူ​၏​။ သူ​တို့​သည် အမိန့်​တော်​အတိုင်း အိမ်​တော်​ရှေ့​ရှိ သက်ကြီးဝါကြီး​တို့​ကို စတင်​သတ်ပစ်​ကြ​လေ​၏​။


ငါ​ဒံယေလ​သည် ရက်​အနည်းငယ်​မျှ နာမကျန်း​ဖြစ်​ခဲ့​ရ​၏​။ နေကောင်း​ပြန်​လျှင် ရှင်ဘုရင်​၏​အမှု​တော်​ကို ဆက်လက်​ထမ်းရွက်​၏​။ သို့သော် ဤ​ဗျာဒိတ်အာရုံ​ကြောင့် ငါ​သည် တုန်လှုပ်ချောက်ချား​ပြီး နား​မ​လည်​နိုင်​ဘဲ​ရှိ​နေ​၏​။


အကျွန်ုပ်​သည် အသံ​တော်​ကို​ကြား​ရ​သောအခါ ရင်တုန်​ရ​ပါ​၏​၊ အသံ​တော်​ကြောင့် နှုတ်ခမ်း​လည်း တုန်ခါ​ပါ​၏​။ အရိုး​များ​လည်း ဆွေးမြည့်​ပါ​၏​။ ခြေ​များ​လည်း မခိုင်​တော့​ပါ​။ အကြောင်းမူကား အကျွန်ုပ်​တို့​သည် ဆင်းရဲဒုက္ခ​ရောက်​၍ အကျွန်ုပ်​တို့​အား ကျူးကျော်တိုက်ခိုက်​သော​လူမျိုး​တို့​ရောက်လာ​သော​နေ့​တိုင်အောင် အကျွန်ုပ်​သည် နေရစ်​ရ​ပါ​မည်​။


ငါ​သည် တစ်ချိန်က ပညတ်​တရား​မ​ပါ​ဘဲ အသက်ရှင်​ခဲ့​၏။ သို့သော် ပညတ်​တော်​ရောက်လာ​သောအခါ အပြစ်​သည် ပြန်လည်​ရှင်သန်​လာ​ပြီး ငါ​မူကား သေဆုံး​ခဲ့​သဖြင့်