သင့်အမျိုးအနွယ်နှင့် သင့်နိုင်ငံသည် သင့်ရှေ့မှာ အစဉ်အမြဲတည်မြဲလိမ့်မည်။ သင်၏ရာဇပလ္လင်သည်လည်း အစဉ်အမြဲတည်လိမ့်မည်ဟု မိန့်တော်မူသည်’ဟူ၍ ဆင့်ဆိုလော့”ဟု မိန့်ဆို၏။
ယေရမိ 17:25 - မြန်မာ့စံမီသမ္မာကျမ်း ဒါဝိဒ်မင်းကြီး၏ရာဇပလ္လင်ပေါ်တွင် စိုးစံတော်မူသောရှင်ဘုရင်နှင့် မင်းညီမင်းသားတို့သည် ရထားစီးလျက်၊ မြင်းစီးလျက် သူတို့၏အကြီးအကဲများ၊ ယုဒပြည်သူဂျေရုဆလင်မြို့သားများပါလျက် ဤမြို့တံခါးကို ဖြတ်၍ဝင်ရလိမ့်မည်။ ဤပြည်၌ အစဉ်နေထိုင်ရလိမ့်မည်။ Common Language Bible သူတို့၏ဘုရင်များနှင့်မင်းညီမင်းသားများ သည်ယေရုရှလင်မြို့ကိုမြို့တံခါးများဖြင့် ဝင်၍ ဒါဝိဒ်မင်းကဲ့သို့ရာဇတန်ခိုးအာဏာ ကိုရရှိကြလိမ့်မည်။ သူတို့သည်ယုဒပြည် သားများ၊ ယေရုရှလင်မြို့သားများနှင့် အတူ မြင်းရထားများနှင့်မြင်းများကို စီး၍သွားလာရကြလိမ့်မည်။ ယေရုရှလင် မြို့သည်လည်းအစဉ်အမြဲလူများနှင့် ပြည့်နှက်၍နေလိမ့်မည်။- Garrad Bible ဒါ ဝိဒ် မင်း၏ နန်း ဆက် ဘု ရင် တို့ သည်၊ မှူး မတ် တို့ နှင့် ယု ဒ ပြည် သူ ယေ ရု ရှ လင် ဤ မြို့ သား တို့ ပါ၊ ရ ထား စီး လျက်၊ မြင်း စီး လျက်၊ ဤ မြို့ တံ ခါး များ ဖြင့် ဝင် ထွက် လေ့ ရှိ သည့် ပြင်၊ မြို့ လည်း အ စဉ် တည် တံ့ မည့် အ လျောက်၊ Judson Bible ဒါဝိဒ်မင်းကြီး၏ရာဇပလ္လင်ပေါ်မှာထိုင်သော ရထားစီး၊ မြင်းစီးရှင်ဘုရင်၊ မင်းသားမှစ၍ သူတို့မှူးမတ်၊ ယုဒပြည်သူ၊ ယေရုရှလင်မြို့သားတို့သည် ဤမြို့တံခါးများသို့ ဝင်လျက်ရှိကြလိမ့်မည်။ ဤမြို့သည်လည်း အစဉ်အမြဲ တည်လိမ့်မည်။ |
သင့်အမျိုးအနွယ်နှင့် သင့်နိုင်ငံသည် သင့်ရှေ့မှာ အစဉ်အမြဲတည်မြဲလိမ့်မည်။ သင်၏ရာဇပလ္လင်သည်လည်း အစဉ်အမြဲတည်လိမ့်မည်ဟု မိန့်တော်မူသည်’ဟူ၍ ဆင့်ဆိုလော့”ဟု မိန့်ဆို၏။
ထိုဘုရင်ထံမှ မြင်းစီးသူရဲအယောက်တစ်ထောင့်ခုနစ်ရာနှင့် ခြေလျင်တပ်သား အယောက်နှစ်သောင်းကိုသိမ်းပိုက်လိုက်၏။ ထို့နောက် ဒါဝိဒ်မင်းကြီးသည် မိမိအဖို့ စစ်ရထားမြင်းအကောင်တစ်ရာကိုချန်ထားပြီး ကျန်စစ်ရထားမြင်းအားလုံးကို တံကောက်ကြော ဖြတ်ပစ်လေ၏။
ဤနေ့သည် သင်တို့အတွက် အောက်မေ့ဖွယ်နေ့ဖြစ်၏။ ဤနေ့တွင် ထာဝရဘုရားအဖို့ ပွဲတော်ကျင်းပရမည်။ ထိုပွဲတော်ကို အစဉ်အမြဲလိုက်နာရမည့်ပြဋ္ဌာန်းချက်အဖြစ် သင်တို့၏မျိုးဆက်အစဉ်အဆက် ကျင်းပရမည်။
သူ၏အာဏာစက်သည် အစဉ်တိုးပွား၍ ငြိမ်သက်ခြင်းသည် အဆုံးမရှိ။ ဒါဝိဒ်၏ရာဇပလ္လင်ပေါ်တွင်ထိုင်၍ နိုင်ငံတော်ကို ယခုမှစ၍ နောင်ကာလအစဉ် တရားမျှတခြင်း၊ ဖြောင့်မတ်ခြင်းတို့ဖြင့် တည်တံ့ခိုင်မြဲစေမည်။ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် စိတ်အားထက်သန်စွာဖြင့် ဤအမှုကို ပြုတော်မူလိမ့်မည်။
ထိုအခါ သင်က သူတို့အား “ထာဝရဘုရားက ‘ကြည့်ရှုလော့။ ငါသည် ဤပြည်၌နေထိုင်သောသူအားလုံးအပါအဝင် ဒါဝိဒ်မင်းကြီး၏ရာဇပလ္လင်ပေါ်တွင်စိုးစံသောရှင်ဘုရင်များ၊ ယဇ်ပုရောဟိတ်များ၊ ပရောဖက်များ၊ ဂျေရုဆလင်မြို့သားအားလုံးတို့ကို ယစ်မူးသောသူဖြစ်စေမည်။
‘ဤမြို့တံခါးကိုဖြတ်သန်းသွားလာသော ဒါဝိဒ်မင်းကြီး၏ရာဇပလ္လင်ပေါ်တွင်စိုးစံသည့် ယုဒဘုရင်မှစ၍ အစေအပါးများ၊ ပြည်သူပြည်သားများတို့၊ ထာဝရဘုရား၏စကားတော်ကို နားထောင်ကြလော့။
‘ဤလူကို သားသမီးမထွန်းကားသောသူ၊ တစ်သက်လုံး အောင်မြင်မှုမရသောသူ’ဟု မှတ်တမ်းတင်ကြလော့။ သူ၏အမျိုးအနွယ်တစ်စုံတစ်ယောက်မျှ ဒါဝိဒ်မင်းကြီး၏ရာဇပလ္လင်ပေါ်၌ စံမြန်းခွင့်၊ ယုဒပြည်ကို အုပ်စိုးခွင့် ရတော့မည်မဟုတ်”ဟု ထာဝရဘုရားမိန့်တော်မူ၏။
ဤစကားအတိုင်း သင်တို့အမှန်တကယ်လိုက်နာလျှင် ဒါဝိဒ်မင်းကြီး၏ရာဇပလ္လင်ပေါ်တွင် စိုးစံသောရှင်ဘုရင်တို့သည် ရထားစီးလျက်၊ မြင်းစီးလျက် သူတို့၏အမှုထမ်းများ၊ ပြည်သူပြည်သားများပါလျက် ဤနန်းတော်တံခါးကို ဖြတ်သန်းသွားလာရလိမ့်မည်။
သူတို့က ‘သင်တို့၏အကျင့်ဆိုး၊ စရိုက်ဆိုးများကိုစွန့်၍ ပြန်လာကြလော့။ သင်တို့နှင့်သင်တို့၏ဘိုးဘေးတို့အား ထာဝရဘုရားပေးတော်မူသောပြည်တွင် ကာလအစဉ်အဆက်နေထိုင်ကြလော့။
ထိုနေ့ ထိုအချိန်၌ ဖြောင့်မတ်ခြင်းအကိုင်းကို ဒါဝိဒ်အမျိုးထဲမှ ငါပေါ်ထွက်စေမည်။ သူသည် မြေကြီးပေါ်၌ တရားမျှတစွာ၊ ဖြောင့်မတ်စွာ စီရင်လိမ့်မည်။
ထာဝရဘုရားက ‘အစ္စရေးအမျိုးအနွယ်၏ရာဇပလ္လင်ပေါ်တွင်စိုးစံသော ဒါဝိဒ်မင်းမျိုးမပြတ်ရ။
ငါ၏အစေအပါးဒါဝိဒ်နှင့်ဖွဲ့သောပဋိညာဉ်ပျက်ပြီး သူ၏ရာဇပလ္လင်ပေါ် စိုးစံသောမင်းမျိုးပြတ်မည်။ ငါ့အမှုကိုထမ်းဆောင်သောလေဝိအမျိုး ယဇ်ပုရောဟိတ်တို့နှင့်ဖွဲ့သောပဋိညာဉ်လည်း ပျက်မည်။
အစ္စရေးလူမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “သင်တို့၏အပြုအမူအကျင့်အကြံတို့ကို ပြုပြင်ကြလော့။ သို့ပြုလျှင် ငါသည် သင်တို့ကို ဤအရပ်၌ နေထိုင်စေမည်။
သင်တို့ဘိုးဘေးတို့အား ငါအပိုင်ပေးသော ဤပြည်၊ ဤအရပ်၌ သင်တို့ကို နေထိုင်စေမည်”ဟု မိန့်တော်မူ၏။
ထိုဘုရင်သည် မိမိအတွက် မြင်းတို့ကို မစုဆောင်းရ။ မြင်းများကိုစုဆောင်းရရှိရန် လူတို့ကိုအီဂျစ်ပြည်သို့ ထပ်၍ပြန်မသွားစေနှင့်။ အကြောင်းမူကား ထာဝရဘုရားက ‘သင်တို့သည် ထိုလမ်းသို့ နောက်တစ်ဖန် လုံးဝပြန်မသွားရ’ဟု သင်တို့အားမိန့်တော်မူခဲ့၏။
သို့သော် သင်တို့သည် ဇိအုန်တောင်သို့လည်းကောင်း၊ အသက်ရှင်တော်မူသောဘုရားသခင်၏မြို့တော်တည်းဟူသော အထက်ကောင်းကင်အရပ်ရှိ ဂျေရုဆလင်မြို့သို့လည်းကောင်း၊ အတိုင်းမသိများစွာသော ကောင်းကင်တမန်တို့စုဝေးရာအခမ်းအနားသို့လည်းကောင်း၊
“သင်တို့ကို အုပ်စိုးမည့်ရှင်ဘုရင်၏ထုံးနည်းကား ဤသို့ဖြစ်၏။ သူသည် သင်တို့၏သားများကိုခေါ်၍ သူ၏ရထားမောင်းနှင်သူများ၊ မြင်းစီးသူရဲများအဖြစ် ခန့်ထားလိမ့်မည်။ သူတို့ကို သူ့ရထားရှေ့တွင် ပြေးစေလိမ့်မည်။