ယေရမိ 17:25 - Common Language Bible25 သူတို့၏ဘုရင်များနှင့်မင်းညီမင်းသားများ သည်ယေရုရှလင်မြို့ကိုမြို့တံခါးများဖြင့် ဝင်၍ ဒါဝိဒ်မင်းကဲ့သို့ရာဇတန်ခိုးအာဏာ ကိုရရှိကြလိမ့်မည်။ သူတို့သည်ယုဒပြည် သားများ၊ ယေရုရှလင်မြို့သားများနှင့် အတူ မြင်းရထားများနှင့်မြင်းများကို စီး၍သွားလာရကြလိမ့်မည်။ ယေရုရှလင် မြို့သည်လည်းအစဉ်အမြဲလူများနှင့် ပြည့်နှက်၍နေလိမ့်မည်။- အခန်းကိုကြည့်ပါ။Garrad Bible25 ဒါ ဝိဒ် မင်း၏ နန်း ဆက် ဘု ရင် တို့ သည်၊ မှူး မတ် တို့ နှင့် ယု ဒ ပြည် သူ ယေ ရု ရှ လင် ဤ မြို့ သား တို့ ပါ၊ ရ ထား စီး လျက်၊ မြင်း စီး လျက်၊ ဤ မြို့ တံ ခါး များ ဖြင့် ဝင် ထွက် လေ့ ရှိ သည့် ပြင်၊ မြို့ လည်း အ စဉ် တည် တံ့ မည့် အ လျောက်၊ အခန်းကိုကြည့်ပါ။Judson Bible25 ဒါဝိဒ်မင်းကြီး၏ရာဇပလ္လင်ပေါ်မှာထိုင်သော ရထားစီး၊ မြင်းစီးရှင်ဘုရင်၊ မင်းသားမှစ၍ သူတို့မှူးမတ်၊ ယုဒပြည်သူ၊ ယေရုရှလင်မြို့သားတို့သည် ဤမြို့တံခါးများသို့ ဝင်လျက်ရှိကြလိမ့်မည်။ ဤမြို့သည်လည်း အစဉ်အမြဲ တည်လိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း25 ဒါဝိဒ်မင်းကြီး၏ရာဇပလ္လင်ပေါ်တွင် စိုးစံတော်မူသောရှင်ဘုရင်နှင့် မင်းညီမင်းသားတို့သည် ရထားစီးလျက်၊ မြင်းစီးလျက် သူတို့၏အကြီးအကဲများ၊ ယုဒပြည်သူဂျေရုဆလင်မြို့သားများပါလျက် ဤမြို့တံခါးကို ဖြတ်၍ဝင်ရလိမ့်မည်။ ဤပြည်၌ အစဉ်နေထိုင်ရလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
သူ၏ရာဇအာဏာသည်ဆက်လက်တိုး တက်လျက် သူ၏နိုင်ငံတော်သည်လည်း၊အစဉ်အမြဲ ငြိမ်းချမ်းသာယာလိမ့်မည်။ သူသည်ဒါဝိဒ်မင်း၏အရိုက်အရာကို ဆက်ခံကာ ယခုမှစ၍ကပ်ကာလကုန်ဆုံးချိန်တိုင်အောင် တရားတော်နှင့်အညီမျှတစွာအုပ်စိုးလိမ့်မည်။ အနန္တတန်ခိုးရှင်ထာဝရဘုရားသည် ဤ အမှုအရာအလုံးစုံတို့အားဖြစ်ပျက်စေ ရန်သန္နိဋ္ဌာန်ချမှတ်တော်မူပြီးဖြစ်သတည်း။
``ဤသူသည်သားမဲ့သမီးမဲ့သူဟူ၍ အပြစ်ဒဏ်စီရင်ခြင်းကိုခံရပြီ။ အဘယ်အခါ၌မျှမအောင်မြင်သူဟူ၍ဖြစ် လိမ့်မည်။ ဒါဝိဒ်မင်းကိုဆက်ခံရန်ယုဒပြည်တွင်စိုးစံ နိုင်မည့် သားမြေးများကိုမရရှိနိုင်ဖြစ်ရလိမ့်မည်။ ဤကားငါထာဝရဘုရားမြွက်ဟသည့် စကား ဖြစ်၏'' ဟုမိန့်တော်မူလေပြီ။
သင်တို့သည်ငါပညတ်တော်မူသည့်အ တိုင်းအကယ်ပင်လိုက်လျှောက်ပြုကျင့်ကြ မည်ဆိုပါမူ ဒါဝိဒ်မင်း၏ရာဇပလ္လင်တွင် ထိုင်လျက်ရှိသောဘုရင်တို့သည် ဆက်လက် ၍မင်းပြုရကြလိမ့်မည်။ ထို့ပြင်သူတို့ သည်မိမိတို့၏မှူးမတ်များ၊ ပြည်သူများ နှင့်အတူမြင်းရထားများ၊ မြင်းများကို စီး၍ဤနန်းတော်ဝင်းတံခါးများကို ဝင်ထွက်သွားလာရကြလိမ့်မည်။-