ယေရမိ 22:4 - မြန်မာ့စံမီသမ္မာကျမ်း4 ဤစကားအတိုင်း သင်တို့အမှန်တကယ်လိုက်နာလျှင် ဒါဝိဒ်မင်းကြီး၏ရာဇပလ္လင်ပေါ်တွင် စိုးစံသောရှင်ဘုရင်တို့သည် ရထားစီးလျက်၊ မြင်းစီးလျက် သူတို့၏အမှုထမ်းများ၊ ပြည်သူပြည်သားများပါလျက် ဤနန်းတော်တံခါးကို ဖြတ်သန်းသွားလာရလိမ့်မည်။ အခန်းကိုကြည့်ပါ။Common Language Bible4 သင်တို့သည်ငါပညတ်တော်မူသည့်အ တိုင်းအကယ်ပင်လိုက်လျှောက်ပြုကျင့်ကြ မည်ဆိုပါမူ ဒါဝိဒ်မင်း၏ရာဇပလ္လင်တွင် ထိုင်လျက်ရှိသောဘုရင်တို့သည် ဆက်လက် ၍မင်းပြုရကြလိမ့်မည်။ ထို့ပြင်သူတို့ သည်မိမိတို့၏မှူးမတ်များ၊ ပြည်သူများ နှင့်အတူမြင်းရထားများ၊ မြင်းများကို စီး၍ဤနန်းတော်ဝင်းတံခါးများကို ဝင်ထွက်သွားလာရကြလိမ့်မည်။- အခန်းကိုကြည့်ပါ။Garrad Bible4 ထို အ တိုင်း ပြု ကြ သည် မှန် လျှင်၊ ဒါ ဝိဒ် မင်း ၏ နန်း ဆက် ဘု ရင် တို့ သည်၊ ကျေး ကျွန် သင်း ပင်း နှင့် ပြည် သူ ပြည် သား တို့ ပါ၊ ရ ထား စီး လျက်၊ မြင်း စီး လျက်၊ ဤ နန်း မြို့ ရိုး တံ ခါး များ ဖြင့် ဝင် ထွက် ခွင့် ရ ကြ လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible4 အကြောင်းမူကား၊ သင်တို့သည် ဤပညတ်တော်အတိုင်း အမှန်ပြုလျှင်၊ ဒါဝိဒ်မင်းကြီး၏ ရာဇပလ္လင်ပေါ်မှာထိုင်သော ရထားစီး၊ မြင်းစီးရှင်ဘုရင်တို့သည် ကျွန်များ၊ နိုင်ငံတော်သားများနှင့်တကွ၊ ဤနန်းတော်တံခါးများကို ထွက်ဝင်ရကြလိမ့်မည်။ အခန်းကိုကြည့်ပါ။ |