ထာဝရဘုရားသည် အကျွန်ုပ်၏ဝေစုဖြစ်တော်မူ၏။ ကိုယ်တော်၏နှုတ်ကပတ်တော်တို့ကို စောင့်ထိန်းပါမည်ဟု အကျွန်ုပ်ကတိပြုပါ၏။
ယေရမိ 10:16 - မြန်မာ့စံမီသမ္မာကျမ်း ယာကုပ်အမျိုး၏ဝေစုဖြစ်သောဘုရားသခင်သည် ထိုကဲ့သို့မဟုတ်။ အကြောင်းမူကား ကိုယ်တော်သည် အရာခပ်သိမ်းကို ပုံဖော်ဖန်ဆင်းသောအရှင်ဖြစ်၏။ အစ္စရေးလူမျိုးသည် ကိုယ်တော်၏အမွေတော်အမျိုးအနွယ်ဖြစ်၏။ ကိုယ်တော်၏နာမတော်ကား ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားပေတည်း။ Common Language Bible ယာကုပ်၏ဘုရားသခင်ကားရုပ်တုများ ကဲ့သို့မဟုတ်။ ကိုယ်တော်သည်အရာခပ်သိမ်းကို ဖန်ဆင်းတော်မူသောအရှင်ဖြစ်၍၊ ဣသရေလအမျိုးသားတို့ကိုမိမိကိုယ်ပိုင် လူမျိုးတော်အဖြစ်ရွေးချယ်ထားတော်မူ လေပြီ။ ကိုယ်တော်၏နာမတော်ကားအနန္တတန်ခိုးရှင် ထာဝရဘုရားပေတည်း။ Garrad Bible ယာ ကုပ်၏ ပိုင် စု ဖြစ် သော ဘု ရား သည်၊ ထို ဆင်း တု များ နှင့် မ တူ ချေ။ ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား ဟူ သော နာ မ တော် ရှိ သည့် အ လျောက်၊ အ ရာ ခပ် သိမ်း ကို ဖန် ဆင်း တော် မူ သော ဘု ရား ဖြစ်၏။ ပိုင် တော် မူ ရာ အ မျိုး အ နွယ် ကား၊ ဣ သ ရေ လ တည်း။ Judson Bible ယာကုပ်အမျိုး၏အဖို့သည် ထိုသို့သောအရာနှင့် တူတော်မမူ။ ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းသောဘုရား ဖြစ်တော်မူ၏။ ဣသရေလအမျိုးသည် အမွေခံတော်မူရာဖြစ်၏။ နာမတော်သည် ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားပေတည်း။ |
ထာဝရဘုရားသည် အကျွန်ုပ်၏ဝေစုဖြစ်တော်မူ၏။ ကိုယ်တော်၏နှုတ်ကပတ်တော်တို့ကို စောင့်ထိန်းပါမည်ဟု အကျွန်ုပ်ကတိပြုပါ၏။
အကယ်စင်စစ် ထာဝရဘုရားသည် ယာကုပ်ကို မိမိအတွက်လည်းကောင်း၊ အစ္စရေးကို မိမိ၏ဘဏ္ဍာအဖြစ်လည်းကောင်း ရွေးချယ်တော်မူ၏။
အို ထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော့်ထံသို့အော်ဟစ်ပါ၏။ “ကိုယ်တော်သည် အကျွန်ုပ်၏ခိုလှုံရာဖြစ်တော်မူပြီး အသက်ရှင်သောသူတို့၏ပြည်၌ အကျွန်ုပ်၏ဝေစုဖြစ်တော်မူ၏”ဟု အကျွန်ုပ်ပြောဆိုပါ၏။
ကောင်းကင်သည် ထာဝရဘုရား၏ နှုတ်ကပတ်တော်အားဖြင့်လည်းကောင်း၊ ကောင်းကင်တန်ဆာရှိသမျှတို့သည် နှုတ်တော်မှထွက်သက်လေအားဖြင့်လည်းကောင်း ဖန်ဆင်းခြင်းခံရ၏။
အကျွန်ုပ်၏ကိုယ်ခန္ဓာနှင့်အကျွန်ုပ်၏စိတ်နှလုံးသည် အားအင်ကုန်ခန်းသော်လည်း ဘုရားသခင်သည် အစဉ်အမြဲ အကျွန်ုပ်စိတ်နှလုံး၏အစွမ်းသတ္တိ၊ အကျွန်ုပ်၏ဝေစုဖြစ်တော်မူ၏။
ရှေးကာလက ကိုယ်တော်ဝယ်ယူထားသော ကိုယ်တော်၏လူမျိုးတော်၊ အမွေတော်အဖြစ် ကိုယ်တော်ရွေးနုတ်တော်မူသောအမျိုးအနွယ်နှင့် ကိုယ်တော်ကိန်းဝပ်တော်မူခဲ့ရာ ဇိအုန်တောင်ကို အောက်မေ့တော်မူပါ။
ယခု သင်တို့သည် ငါ့စကားကိုသေချာစွာနားထောင်၍ ငါ၏ပဋိညာဉ်ကိုစောင့်ထိန်းလျှင် လူမျိုးတကာတို့တွင် သင်တို့သည် ငါပိုင်တော်မူရာဘဏ္ဍာတော်ဖြစ်ကြလိမ့်မည်။ အကယ်စင်စစ် ကမ္ဘာမြေတစ်ခွင်လုံးကို ငါပိုင်၏။
“အို ဘုရားရှင်၊ အကျွန်ုပ်သည် ကိုယ်တော်၏ရှေ့တော်၌ မျက်နှာရလျှင် အကျွန်ုပ်တို့နှင့်အတူ ဘုရားရှင်ကြွတော်မူပါ။ အကယ်စင်စစ် ဤသူတို့သည် ခေါင်းမာသောလူမျိုးဖြစ်ပါ၏။ သို့သော် အကျွန်ုပ်တို့၏ဒုစရိုက်အပြစ်တို့ကို ဖြေလွှတ်လျက် အကျွန်ုပ်တို့ကို အမွေတော်အဖြစ်သိမ်းယူတော်မူပါ”ဟု လျှောက်လေ၏။
ထာဝရဘုရားသည် ခပ်သိမ်းသောအရာတို့ကို မိမိရည်ရွယ်ချက်အတွက် ပြင်ဆင်တော်မူ၏။ ဆိုးယုတ်သောသူကိုပင်လျှင် ဒုက္ခခံရာနေ့ရက်အတွက် ပြင်ဆင်တော်မူ၏။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ငါ၏လူဖြစ်သောအီဂျစ်လူမျိုး၊ ငါ့လက်ဖြင့်ပုံဖော်ဖန်ဆင်းထားသူဖြစ်သောအဆီးရီးယားလူမျိုး၊ ငါ့အမွေဥစ္စာဖြစ်သောအစ္စရေးလူမျိုးတို့၌ မင်္ဂလာရှိကြစေသတည်း”ဟု သူတို့ကို ကောင်းချီးပေးတော်မူမည်။
ငါသည် အလင်းကိုပုံဖော်ဖန်ဆင်း၏၊ အမှောင်ကိုလည်းဖန်ဆင်း၏။ ငြိမ်းချမ်းမှုကိုဖြစ်စေ၏၊ ဘေးအန္တရာယ်ကိုလည်း ဖြစ်ပေါ်စေ၏။ ဤအရာအားလုံးတို့ကို ငါထာဝရဘုရား စီရင်၏။
ငါတို့ကို ရွေးနုတ်သောအရှင်သည် အစ္စရေးလူမျိုး၏သန့်ရှင်းသောအရှင် ဖြစ်တော်မူ၏။ နာမတော်ကား ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားပေတည်း။
ငါ၏လူမျိုးတော်ကို ငါအမျက်ထွက်၏။ ငါ၏အမွေခံကို ငါရှုတ်ချ၍ သူတို့ကို သင့်လက်သို့ငါအပ်လိုက်၏။ သို့သော် သင်သည် သူတို့ကို သနားစုံမက်ခြင်းမရှိ။ အသက်ကြီးသူတို့ကိုပင် အလွန်လေးလံသောထမ်းပိုးကို ထမ်းစေ၏။
ငါသည် ပင်လယ်ရေကိုထကြွစေ၍ လှိုင်းတံပိုးတို့ကိုမြည်ဟိန်းစေသော သင်၏ဘုရားသခင်ထာဝရဘုရားဖြစ်၏။ နာမတော်သည် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားဖြစ်၏။
အကြောင်းမူကား သင့်ကိုဖန်ဆင်းတော်မူသောအရှင်သည် သင်၏ခင်ပွန်းဖြစ်၏။ နာမတော်ကား ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားပေတည်း။ သင့်ကိုရွေးနုတ်တော်မူသောအရှင်သည် အစ္စရေးလူမျိုး၏သန့်ရှင်းသောအရှင်ဖြစ်၏။ မြေကြီးတစ်ပြင်လုံး၏ဘုရားဟု ခေါ်ဝေါ်ခြင်းခံရ၏။
ကိုယ်တော်သည် တန်ခိုးတော်အားဖြင့် မြေကြီးကိုဖန်ဆင်းတော်မူ၏။ ဉာဏ်ပညာအားဖြင့် ကမ္ဘာကြီးကို တည်တော်မူ၏။ ထိုးထွင်းဉာဏ်အားဖြင့် ကောင်းကင်ကို ဖြန့်ကြက်တော်မူ၏။
အို ထာဝရဘုရား၊ ကိုယ်တော်နှင့်တူသောသူမရှိပါ။ ကိုယ်တော်သည် ကြီးမြတ်တော်မူ၏။ နာမတော်သည် တန်ခိုးတော်ကြောင့် ကြီးမြတ်ပါ၏။
နေ့အချိန်၌ အလင်းရောင်ရရှိရန် နေကိုပေးသောအရှင်၊ ညအချိန်၌ အလင်းရောင်ပေးရန် လနှင့်ကြယ်များကို ပြဋ္ဌာန်းသောအရှင်၊ ပင်လယ်ရေကိုထကြွစေသောအရှင်၊ လှိုင်းတံပိုးကိုမြည်ဟိန်းစေသောအရှင်၊ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားဟု ဘွဲ့နာမရှိတော်မူသော ထာဝရဘုရားက ဤသို့မိန့်တော်မူ၏။
ကိုယ်တော်သည် မျိုးဆက်အထောင်အသောင်းကို မေတ္တာကရုဏာပြသောအရှင်ဖြစ်သကဲ့သို့ ဘိုးဘေးတို့၏အပြစ်ကို သားသမီးတို့အား အပြည့်အဝပြန်ပေးဆပ်စေသောအရှင်လည်းဖြစ်၏။ နာမတော်ကား ကြီးမြတ်သော၊ တန်ခိုးကြီးသောဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားပေတည်း။
“ကမ္ဘာမြေကြီးကို ဖန်ဆင်းတော်မူသောထာဝရဘုရား၊ ပုံဖော်ဖြစ်တည်စေတော်မူသောထာဝရဘုရား၊ ယေဟောဝါအမည်ရှိသော ထာဝရဘုရားက
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားဟူသည့် နာမတော်ရှိသောရှင်ဘုရင်က “အကယ်စင်စစ် ငါအသက်ရှင်သည်နှင့်အညီ တောင်များတွင် တာဗော်တောင်ကဲ့သို့၊ ပင်လယ်ကမ်းနားတွင် ကရမေလတောင်ကဲ့သို့ ထင်ပေါ်သောသူတစ်ဦး ရောက်လာမည်”ဟု မိန့်တော်မူ၏။
သူတို့ကို ရွေးနုတ်တော်မူသောအရှင်သည် တန်ခိုးကြီးသောအရှင်ဖြစ်တော်မူ၏။ နာမတော်ကား ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားပေတည်း။ ကိုယ်တော်သည် သူတို့အမှုကို ဖြေရှင်းပေးမည်ဖြစ်၍ သူတို့ပြည်သည် အေးချမ်းမည်။ ဘေဘီလုံမြို့သားတို့မူကား ဆောက်တည်ရာမရဖြစ်လိမ့်မည်”ဟု မိန့်တော်မူ၏။
ယာကုပ်အမျိုး၏ဝေစုဖြစ်သောဘုရားသခင်သည် ထိုကဲ့သို့မဟုတ်။ အရာခပ်သိမ်းကို ပုံဖော်ဖန်ဆင်းသောအရှင်ဖြစ်၏။ ယာကုပ်အမျိုးအနွယ်သည် ကိုယ်တော်၏အမွေတော်ဖြစ်၏။ ကိုယ်တော်၏နာမတော်ကား ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားပေတည်း။
“ထာဝရဘုရားသည် ငါ၏ဝေစုဖြစ်တော်မူ၏”ဟု ငါ့စိတ်ထဲ၌ဆိုလျက် ကိုယ်တော်ကို မျှော်လင့်ကိုးစားပါမည်။
ကြည့်ရှုလော့။ တောင်တို့ကို ပုံဖော်၍ လေကို ဖန်ဆင်းတော်မူသောအရှင်၊ လူ၏အတွေးကို လူအား သိမြင်စေသောအရှင်၊ အရုဏ်ဦးကို အမှောင်ကျစေပြီး မြေကြီးပေါ်ရှိ အထွတ်အမြတ်ထားရာကုန်းမြင့်တို့ကို နင်းနယ်တော်မူသောအရှင်၏နာမတော်ကား ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင်ထာဝရဘုရားဟူ၍ဖြစ်၏။
ထာဝရဘုရားသည် သန့်ရှင်းရာပြည်၌ မိမိ၏ဝေစုအဖြစ် ယုဒပြည်ကို သိမ်းယူလိမ့်မည်။ ဂျေရုဆလင်မြို့ကိုလည်း ပြန်လည်ရွေးချယ်တော်မူလိမ့်မည်။
ထာဝရဘုရား၏ဝေစုကား မိမိလူမျိုးတော်ဖြစ်၏။ ကိုယ်တော်၏အမွေဝေစုကား ယာကုပ်ဖြစ်၏။