“ဂျေရုဆလင်မြို့တွင် ငါ့နာမကိုတည်စေမည်”ဟု ထာဝရဘုရား မိန့်တော်မူရာနေရာဖြစ်သည့် ထာဝရဘုရား၏အိမ်တော်တွင် ယဇ်ပလ္လင်များကို တည်၏။
ယေဇကျေလ 5:11 - မြန်မာ့စံမီသမ္မာကျမ်း ဘုရားရှင်ထာဝရဘုရားက ‘စင်စစ် သင်ပြုသော စက်ဆုပ်ရွံရှာဖွယ်အမှုအပေါင်းတို့သည် ငါ၏သန့်ရှင်းရာဌာနကို ညစ်ညူးစေပြီဖြစ်၍ ငါအသက်ရှင်သည်နှင့်အညီ သင့်ကို မသနား၊ မညှာတာဘဲ သုတ်သင်ပစ်မည်။ Common Language Bible အရှင်ထာဝရဘုရားမိန့်တော်မူသည် မှာ``သင်တို့သည်ဆိုးညစ်စက်ဆုပ်ဖွယ်သော အမှုအပေါင်းကိုပြုလျက် ဗိမာန်တော်ကို ညစ်ညမ်းစေသဖြင့် ငါသည်အသက်ရှင် တော်မူသောဘုရားဖြစ်သည်နှင့်အညီ သင်တို့အားသနားညှာတာမှုမရှိဘဲ သုတ်သင်ပစ်မည်။- Garrad Bible အ သက် တော် ကို တိုင် တည်၍၊ ငါ အ ရှင် ထာ ဝ ရ ဘု ရား မိန့် ဆို သည့် အ တိုင်း၊ ငါ၏ သန့် ရှင်း ရာ ဌာ န ကို စက် ဆုပ် ရွံ ရှာ ဖွယ် ရုပ် ပွား ဆင်း တု များ ဖြင့်၊ သင် ညစ် ညူး စေ သော ကြောင့်၊ ငါ လည်း သ နား ကင်း လျက်၊ မျက် စောင်း နှင့် မ ညှာ တာ ဘဲ၊ တိမ် ကော စေ မည့် အ လျောက်၊ Judson Bible ထိုကြောင့်၊ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါအသက်ရှင်သည်အတိုင်း၊ စက်ဆုပ်ရွံရှာဖွယ်သော အမှုအရာအပေါင်းတို့နှင့် ငါ၏သန့်ရှင်းရာဌာနကို သင်သည် ညစ်ညူးစေသောကြောင့်၊ ငါသည်လည်း သင့်ကိုမနှမြော၊ မစုံမက်ဘဲမျက်နှာလွှဲမည်။ |
“ဂျေရုဆလင်မြို့တွင် ငါ့နာမကိုတည်စေမည်”ဟု ထာဝရဘုရား မိန့်တော်မူရာနေရာဖြစ်သည့် ထာဝရဘုရား၏အိမ်တော်တွင် ယဇ်ပလ္လင်များကို တည်၏။
မိမိကိုယ်တိုင်ထွင်းထုထားသော အာရှရနတ်ဘုရားမရုပ်တုကိုလည်း အိမ်တော်တွင် ထားရှိ၏။ ထာဝရဘုရားက ဤအိမ်တော်နှင့်ပတ်သက်၍ ဒါဝိဒ်မင်းကြီးနှင့် သူ၏သားတော်ရှောလမုန်မင်းကြီးတို့အား “အစ္စရေးအမျိုးအနွယ်တို့ပိုင်သောမြို့ထဲမှ ငါရွေးချယ်သောဂျေရုဆလင်မြို့၊ ဤအိမ်တော်တွင် ငါ့နာမကို အစဉ်တည်စေမည်။
ရှင်ဘုရင်သည် ယုဒဘုရင်တို့ တည်ထားခဲ့သည့် အာခတ်မင်းကြီး၏လေသာနန်းဆောင်ခေါင်မိုးပြင်ရှိ ယဇ်ပလ္လင်များ၊ ထာဝရဘုရား၏အိမ်တော်ဝင်းနှစ်ခုအတွင်းရှိ မနာရှေမင်းကြီးတည်ထားခဲ့သောယဇ်ပလ္လင်များကို ရှိသည့်နေရာမှ ဖြိုချအမှုန့်ချေပစ်ပြီး ကေဒြုန်ချိုင့်ဝှမ်းထဲသို့ ကြဲချလိုက်လေ၏။
“ဂျေရုဆလင်မြို့တွင် ငါ့နာမကိုအစဉ်တည်စေမည်”ဟု ထာဝရဘုရား မိန့်တော်မူရာနေရာဖြစ်သည့် ထာဝရဘုရား၏အိမ်တော်တွင် ယဇ်ပလ္လင်များကို တည်၏။
မိမိကိုယ်တိုင်ထွင်းထုထားသော ရုပ်တုဆင်းတုကိုလည်း ဘုရားသခင်၏အိမ်တော်တွင် ထားရှိ၏။ ဘုရားသခင်က ဤအိမ်တော်နှင့်ပတ်သက်၍ ဒါဝိဒ်မင်းကြီးနှင့် သူ၏သားတော်ရှောလမုန်မင်းကြီးတို့အား “အစ္စရေးမျိုးနွယ်တို့ပိုင်သောမြို့ထဲမှ ငါရွေးချယ်သောဂျေရုဆလင်မြို့၊ ဤအိမ်တော်တွင် ငါ့နာမကို အစဉ်တည်စေမည်။
ယဇ်ပုရောဟိတ်အကြီးအကဲအပေါင်းတို့နှင့် ပြည်သူပြည်သားတို့သည်လည်း လူမျိုးခြားတို့ပြုသည့်စက်ဆုပ်ရွံရှာဖွယ်အမှုများအတိုင်း ဖောက်ပြန်မှားယွင်းကြ၏။ ဂျေရုဆလင်မြို့ရှိ ထာဝရဘုရားသန့်ရှင်းစေတော်မူခဲ့သောအိမ်တော်ကိုလည်း ညစ်ညူးစေကြ၏။
လေအရှိန်မှလွတ်အောင် အသည်းအသန်ထွက်ပြေးသော်လည်း လေသည် သူ့ကို မညှာမတာတိုက်သွားလိမ့်မည်။
ထို့နောက် သူတို့သည် ဖိစီးမှု၊ ဘေးအန္တရာယ်နှင့်ဝမ်းနည်းခြင်းကြောင့် လျော့နည်းလာ၍ နှိမ့်ချလျက်နေကြရ၏။
ထို့ကြောင့် “သူတို့သည် ငါ၏ငြိမ်ဝပ်ရာချမ်းသာထဲသို့ ဝင်ရကြမည်မဟုတ်”ဟု အမျက်တော်ဖြင့် ငါကျိန်ဆို၏။
အို ထာဝရဘုရား၊ အကျွန်ုပ်ကိုပဲ့ပြင်တော်မူသောအခါ အမျက်တော်ဖြင့်မဟုတ်ဘဲ တရားမျှတမှုဖြင့် ပဲ့ပြင်တော်မူပါ။ သို့မဟုတ်လျှင် အကျွန်ုပ်အကျိုးနည်းရပါလိမ့်မည်။
ငါ၏ပြည်ကို ရွံရှာဖွယ်လူသေကောင်ဖြင့် ညစ်ညူးစေ၍ ငါ၏အမွေမြေကို စက်ဆုပ်ရွံရှာဖွယ်ရာများဖြင့် ပြည့်စေသော သူတို့၏ဒုစရိုက်၊ သူတို့၏အပြစ်များကြောင့် ငါသည် သူတို့ကို နှစ်ဆတုံ့ပြန်မည်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။
ငါ့နာမဖြင့်ခေါ်ဝေါ်သော ငါ့အိမ်တော်၌ ရွံရှာဖွယ်ရာများကိုထားရှိခြင်းဖြင့် ငါ့အိမ်တော်ကို ညစ်ညူးစေကြပြီ။
ငါ့အစေအပါးပရောဖက်အပေါင်းတို့ကို သင်တို့ရှိရာသို့ အကြိမ်ကြိမ်စေလွှတ်၍ ငါမုန်းသော ဤစက်ဆုပ်ရွံရှာဖွယ်အမှုကို မပြုကြနှင့်ဟု ဆင့်ဆိုစေခဲ့၏။
ထာဝရဘုရားသည် ကြံစည်တော်မူသည့်အတိုင်း ပြုတော်မူပြီ။ ရှေးကာလက မိန့်တော်မူခဲ့သောစကားကို ပြည့်စုံစေတော်မူပြီ။ ညှာတာတော်မမူဘဲ ဖြိုဖျက်တော်မူပြီ။ ရန်သူက သင့်ကိုအနိုင်ရ၍ ဝမ်းမြောက်ရသောအခွင့်ကို ပေးတော်မူပြီ။ သင့်ရန်ဖက်တို့၏ဦးချိုကို ချီးမြှောက်တော်မူပြီ။
လူကြီးလူငယ်တို့သည် လမ်းမပေါ် ဖုန်တောထဲ၌ လဲနေလေပြီ။ အပျိုလူပျိုတို့သည်လည်း ဓားဖြင့် လဲကျသေဆုံးကြလေပြီ။ အမျက်ထွက်တော်မူသောနေ့၌ ကိုယ်တော်သည် သူတို့ကိုကွပ်မျက်တော်မူပြီ၊ မညှာမတာသတ်ဖြတ်တော်မူပြီ။
ဘုရားရှင်ထာဝရဘုရားက ‘သူတို့ပြန်လာကြသောအခါ ထိုပြည်ရှိ စက်ဆုပ်ရွံရှာဖွယ်အမှုရှိသမျှတို့ကို ဖယ်ရှားပစ်ကြလိမ့်မည်။
သို့သော် စက်ဆုပ်ရွံရှာဖွယ်ရာများနောက်သို့လိုက်လိုသော စိတ်ဆန္ဒပြင်းပြသောသူတို့ကိုမူ သူတို့ပြုကျင့်သည့်အတိုင်း သူတို့ခေါင်းပေါ်သို့ပြန်ရောက်စေမည်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆိုလေ၏။
တစ်ဖန် ဘုရားရှင်ထာဝရဘုရားက ‘သင်မုန်းတီးသောသူတို့လက်သို့၊ သင်စွန့်ပစ်သွားခဲ့သောသူတို့လက်သို့ သင့်ကိုငါအပ်မည်။
ထိုမျှသာမက ငါ့ကို သူတို့ပြုသောအမှုဟူမူကား ထိုနေ့တွင်ပင် သန့်ရှင်းရာဌာနကိုညစ်ညူးစေ၍ ဥပုသ်နေ့ကိုရှုတ်ချကြ၏။
သူတို့သည် သားသမီးများကိုသတ်ပြီး ရုပ်တုများအားပူဇော်သည့်နေ့တွင်ပင် သန့်ရှင်းရာဌာနထဲသို့ဝင်၍ ညစ်ညူးစေကြ၏။ ငါ့အိမ်တော်တွင်း၌ ဤသို့ပြုကြပါသည်တကား။
ငါထာဝရဘုရား မိန့်တော်မူပြီ။ ထိုသို့ပြုရမည့်နေ့ ရောက်လာပြီ။ ငါ့စိတ်ကို ငါမချုပ်တည်း၊ မသနား၊ စိတ်မပြောင်းလဲဘဲ သင့်အပြုအမူ၊ အကျင့်အကြံအတိုင်း သင့်ကိုစီရင်မည်’ဟူ၍ ဘုရားရှင်ထာဝရဘုရားမိန့်တော်မူသည်”ဟု မိန့်ဆို၏။
ပြည်တကာတို့တွင် အနိမ့်ကျဆုံးပြည်ဖြစ်မည်။ အခြားလူမျိုးတို့ကို လွှမ်းမိုးနိုင်တော့မည်မဟုတ်။ အခြားတိုင်းပြည်တို့ကို မအုပ်စိုးနိုင်အောင် ငါအားလျော့စေမည်။
ဘုရားရှင်ထာဝရဘုရားက ‘ငါအသက်ရှင်သည်နှင့်အညီ ဆိုးယုတ်သောသူတို့ သေရမည်ကို ငါအလိုမရှိ။ သူတို့သည် ဆိုးယုတ်သောလမ်းမှ ပြန်လှည့်၍ အသက်ချမ်းသာရာရသည်ကိုသာ ငါအလိုရှိ၏။ ပြန်လှည့်ကြ။ ဆိုးယုတ်သောလမ်းမှ ပြန်လှည့်ကြ။ အို အစ္စရေးအမျိုးတို့၊ အဘယ်ကြောင့် သင်တို့သေရမည်နည်း’ဟု မိန့်တော်မူကြောင်း သူတို့အား ဆင့်ဆိုလော့။
သူတို့၏တံခါးခုံများကို ငါ့တံခါးခုံနားမှာလည်းကောင်း၊ သူတို့၏တံခါးတိုင်များကို ငါ့တံခါးတိုင်နားမှာလည်းကောင်း ထားကြ၏။ သူတို့နှင့်ငါ့ကြား၌ နံရံတစ်ခုသာခြား၏။ သူတို့သည် စက်ဆုပ်ရွံရှာဖွယ်ရာများကိုပြု၍ သန့်ရှင်းသောငါ့နာမကို ရှုတ်ချကြ၏။ ထို့ကြောင့် ငါအမျက်ထွက်၍ သူတို့ကို ဖျက်ဆီးခဲ့၏။
သင်တို့သည် ငါ့ထံ စားဖွယ်ခဲဖွယ်၊ အဆီ၊ အသွေးတို့ကို ပူဇော်သောအခါ စိတ်နှလုံးအရေဖျားလှီးခြင်းကိုမခံ၊ အသားအရေဖျားလှီးခြင်းကိုလည်းမခံသော တိုင်းတစ်ပါးသားတို့ကို ငါ၏သန့်ရှင်းရာဌာနတော်ထဲသို့ ခေါ်ဆောင်လာ၍ ငါ့အိမ်တော်ကို ညစ်ညူးစေကြ၏။ စက်ဆုပ်ရွံရှာဖွယ်အမှုအလုံးစုံတို့ဖြင့် ငါ၏ပဋိညာဉ်ကို ချိုးဖောက်ကြပြီ။
ထို့ကြောင့် ဘုရားရှင်ထာဝရဘုရားက ‘သင်တို့သည် သင်တို့ဝန်းကျင်ရှိလူမျိုးတကာတို့ထက် သာ၍သောင်းကျန်း၏။ ငါ့စီရင်ထုံးဖွဲ့ချက်တို့ကို မလိုက်နာ၊ ငါ့ပြဋ္ဌာန်းချက်တို့ကို မစောင့်ထိန်းကြ။ သင်တို့ဝန်းကျင်ရှိ လူမျိုးတကာတို့၏စီရင်ထုံးဖွဲ့ချက်တို့ကိုပင် မပြုကျင့်နိုင်ကြ’ဟု မိန့်တော်မူ၏။
သူတို့၏လှပသောအဆင်တန်ဆာများကြောင့် မာနထောင်လွှားတတ်ကြ၏။ ထိုတန်ဆာများဖြင့် စက်ဆုပ်ရွံရှာဖွယ်ရုပ်တုများကို ထုလုပ်တတ်ကြ၏။ ထို့ကြောင့် ငါသည် ထိုတန်ဆာတို့ကို ညစ်ညူးသောအရာကဲ့သို့ ဖြစ်စေမည်။
သင့်ကို သနားညှာတာမည်မဟုတ်။ သင်ပြုခဲ့သည့်အတိုင်း သင်ပြန်ပေးဆပ်ရမည်။ သင်ပြုခဲ့သော စက်ဆုပ်ရွံရှာဖွယ်အမှုတို့သည် သင်နှင့်မကွာ ရှိနေလိမ့်မည်။ ထိုမှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သင်သိရမည်’ဟု မိန့်တော်မူ၏။
သင့်ကို သနားညှာတာမည်မဟုတ်။ သင်ပြုခဲ့သည့်အတိုင်း သင်ပြန်ပေးဆပ်ရမည်။ သင်ပြုခဲ့သော စက်ဆုပ်ရွံရှာဖွယ်အမှုတို့သည် သင်နှင့်မကွာ ရှိနေလိမ့်မည်။ ထိုမှ သင်တို့ကိုဒဏ်ခတ်သူမှာ ငါထာဝရဘုရားဖြစ်ကြောင်း သင်တို့သိရမည်။
တစ်ဖန် ငါ့အား “အချင်းလူသား၊ သင်မြင်ပြီမဟုတ်လော။ ဆက်သွားလျှင် ပို၍ဆိုးဝါးသော စက်ဆုပ်ရွံရှာဖွယ်တို့ကို သင်မြင်ရဦးမည်”ဟု မိန့်တော်မူ၏။
တစ်ဖန် ငါ့ကို ထာဝရဘုရား၏အိမ်တော်ဝင်းအတွင်းသို့ ဆောင်သွားရာ လူနှစ်ဆယ့်ငါးယောက်ခန့်သည် ဆင်ဝင်နှင့် ယဇ်ပလ္လင်ကြားရှိ ထာဝရဘုရား၏ဗိမာန်တော်တံခါးဝတွင် ထာဝရဘုရား၏ဗိမာန်တော်ကို ကျောခိုင်းပြီး အရှေ့အရပ်သို့မျက်နှာမူ၍ အရှေ့အရပ်ရှိနေမင်းအား ရှိခိုးကိုးကွယ်ကြသည်ကို တွေ့ရ၏။
ထို့ကြောင့် သူတို့ကို အမျက်ဒေါသဖြင့် စီရင်မည်။ သနားညှာတာမည်မဟုတ်။ ငါ့ထံ သူတို့အသံကုန်အော်ဟစ်တောင်းလျှောက်လျှင်လည်း ငါနားထောင်မည်မဟုတ်”ဟု မိန့်တော်မူ၏။
ထို့ကြောင့် ငါသည် သူတို့ကို သနားညှာတာမည်မဟုတ်။ သူတို့ပြုမူကျင့်ကြံခဲ့သည်တို့ကို သူတို့ခေါင်းပေါ်ပြန်ရောက်စေမည်”ဟု မိန့်တော်မူ၏။
အခြားသူတို့ကိုလည်း “သူ့နောက်သို့လိုက်၍ မြို့လယ်ခေါင်မှ လူတို့ကိုသတ်လော့။ သူတို့ကို လုံးဝမသနားနှင့်၊ မညှာတာနှင့်။
ထိုသို့ အစ္စရေးအမျိုးသားတို့သည် သူတို့အလယ်ရှိ ငါကိန်းဝပ်တော်မူရာတဲတော်ကို သူတို့၏မစင်ကြယ်ခြင်းဖြင့် ညစ်ညူးစေ၍ သေရမည့်အဖြစ်သို့ မရောက်ကြစေရန် သူတို့၏မစင်ကြယ်ခြင်းမှ သူတို့ကိုကင်းစင်စေရမည်။
ထာဝရဘုရားသည် ယာကုပ်၏မာနကြောင့် ဤသို့ ကျိန်ဆိုတော်မူပြီ။ “သူတို့ပြုသောအမှုတို့ကို ငါ ဘယ်တော့မှမမေ့။
တစ်ဖန် ထာဝရဘုရားက “ဤပြည်ရှိ ပြည်သူပြည်သားတို့ကို ငါသနားတော့မည်မဟုတ်။ ကြည့်ရှုလော့။ လူအသီးသီးတို့ကို သူတို့၏အိမ်နီးချင်းလက်သို့လည်းကောင်း၊ သူတို့၏ရှင်ဘုရင်လက်သို့လည်းကောင်း ငါအပ်မည်။ ထိုသူတို့သည် ဤပြည်ကိုချေမှုန်းတိုက်ဖျက်ကြမည်ဖြစ်သော်လည်း ထိုသူတို့လက်မှ ငါကယ်တင်မည်မဟုတ်”ဟု မိန့်တော်မူ၏။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ငါတရားစီရင်သောနေ့၌ ထိုသူတို့သည် ငါပိုင်တော်မူရာဘဏ္ဍာတော် ဖြစ်ကြလိမ့်မည်။ ဖခင်၏အမှုကို ဆောင်သောသားအား ဖခင်က ကရုဏာထားသကဲ့သို့ သူတို့ကို ငါကရုဏာထားမည်”ဟု မိန့်တော်မူ၏။
သို့သော် သူတို့ကျူးလွန်သောအပြစ်သည် လောကီသားတို့၏ကြွယ်ဝမှုဖြစ်ခဲ့ပြီး သူတို့၏ရှုံးနိမ့်ခြင်းသည် လူမျိုးခြားတို့၏ကြွယ်ဝခြင်းဖြစ်ခဲ့လျှင် သူတို့၏ပြည့်စုံခြင်းသည် မည်မျှပို၍များသောအကျိုးကို ဖြစ်စေလိမ့်မည်နည်း။
အကြောင်းမူကား ဘုရားသခင်သည် မူလအကိုင်းအခက်များကို ညှာတာတော်မမူခဲ့လျှင် သင့်ကိုလည်း ညှာတာတော်မူလိမ့်မည်မဟုတ်။
မိမိသားတော်ရင်းကိုပင် ချန်လှပ်မထားဘဲ ငါတို့အားလုံးအတွက် စွန့်တော်မူသောအရှင်သည် သားတော်နှင့်တကွ အရာခပ်သိမ်းတို့ကိုလည်း ငါတို့အားမပေးဘဲနေတော်မူမည်လော။
ထာဝရဘုရားသည် ထိုသူကို ခွင့်လွှတ်တော်မူမည်မဟုတ်။ အကယ်စင်စစ် ထာဝရဘုရား၏အမျက်တော်၊ သဝန်တိုစိတ်သည် ထိုသူကို တငွေ့ငွေ့လောင်ကျွမ်းမည်။ ဤကျမ်း၌ရေးသားထားသောကျိန်ခြင်းရှိသမျှတို့သည် သူ့အပေါ်သို့ ကျရောက်မည်။ ထာဝရဘုရားသည် သူ၏အမည်ကို မိုးကောင်းကင်အောက်မှ ပယ်ဖျက်တော်မူမည်။
ဘုရားသခင်သည် အာဗြဟံအား ကတိပေးတော်မူသောအခါ တိုင်တည်ပြောဆိုရန် မိမိထက် ကြီးမြတ်သောသူမရှိသောကြောင့် မိမိကိုယ်ကိုတိုင်တည်ပြောဆို၍