အရှေ့ဘက်ခြမ်းတွင် ဟောရန်မြို့နှင့်ဒမတ်စကပ်မြို့ကြား၊ ဂျော်ဒန်မြစ်တစ်လျှောက် ဂိလဒ်ပြည်နှင့်အစ္စရေးပြည်ကြားမှ မြေထဲပင်လယ်အရှေ့ဘက်နယ်နိမိတ်တိုင်အောင် တိုင်းတာရမည်။ ဤသည်ကား အရှေ့ဘက်နယ်နိမိတ်ဖြစ်၏။
``အရှေ့ဘက်နယ်နိမိတ်ကားဒမာသက် ပြည်နှင့်ဟောရန်ပြည်စပ်ကြားမှပင်လယ် သေကမ်းပေါ်ရှိတာမာမြို့အထိဖြစ်၍ ယော်ဒန်မြစ်အနောက်ဘက်တွင်ရှိသော ဣသရေလပြည်နှင့်အရှေ့ဘက်တွင်ရှိ သောဂိလဒ်ပြည်တို့၏နယ်ခြားအမှတ် အသားဖြစ်၏။
အ ရှေ့ ဘက်၌ ဟော ရန်၊ ဒ မာ သက်၊ ဂိ လဒ် နယ် များ နှင့် ဣ သ ရေ လ ပြည် စပ် ကြား ယော ဒန် မြစ် ကို၊ မြောက် ဘက် အ လား က ရေ ငံ အိုင် အ ထိ နယ် ခြား ရ မည်။ အ ရှေ့ ဘက် အ လား ကား၊ ထို သို့ တည်း။
အရှေ့ဘက်အပိုင်းအခြားသည် ဟောရန်မြို့၊ ဒမာသက်မြို့၊ ဂိလဒ်ပြည်၊ ယော်ဒန်မြစ်နား ဣသရေလပြည်နယ်ကို လျှောက်၍၊ အရှေ့ပင်လယ်၌ ဆုံးရမည်။ ဤရွေ့ကား၊ အရှေ့ဘက်အပိုင်းအခြား ဖြစ်သတည်း။
လောတသည် မျှော်ကြည့်ရာ ဇောရမြို့သို့သွားသောလမ်းတစ်လျှောက်၊ ဂျော်ဒန်မြစ်ဝှမ်းတစ်ဝှမ်းလုံးသည် ထာဝရဘုရား၏ဥယျာဉ်တော်ကဲ့သို့လည်းကောင်း၊ အီဂျစ်ပြည်ကဲ့သို့လည်းကောင်း ရေပေါများလျက်ရှိသည်ကိုမြင်လေ၏။ (ထိုအချိန်က သောဒုံမြို့နှင့်ဂေါမောရမြို့တို့ကို ထာဝရဘုရားဖျက်ဆီးတော်မမူသေးချေ။)
ထို့ကြောင့် လောတသည် ဂျော်ဒန်မြစ်ဝှမ်းတစ်ဝှမ်းလုံးကို မိမိအတွက် ရွေးချယ်လေ၏။ ထို့နောက် လောတသည် အရှေ့ဘက်သို့ရွှေ့ပြောင်းသဖြင့် သူတို့သည် တစ်ဦးနှင့်တစ်ဦး ခွဲခွာသွားကြ၏။
မိမိဆွေမျိုးသားချင်းတို့ကိုခေါ်၍ ယာကုပ်နောက်သို့ ခုနစ်ရက်ခရီးလိုက်ပြီးမှ ဂိလဒ်ပြည်တောင်ပေါ်ဒေသ၌ သူ့ကိုမီလေ၏။
ထိုကျောက်ပုံကို လာဗန်က ယေဂါသဟာဒုသ ဟုခေါ်၏။ ယာကုပ်မူကား ဂိလဒ် ဟုခေါ်၏။
ထို့နောက် သူတို့သည် အစားအစာစားသောက်ရန် ထိုင်လိုက်ကြစဉ် ဣရှမေလလူမျိုး ခရီးသွားလူတစ်စုသည် နံ့သာမျိုးများ၊ လိမ်းဆေးများနှင့် မုရန်စေးများကို ကုလားအုတ်များပေါ်တင်ဆောင်လျက် ဂိလဒ်ပြည်ဘက်မှ အီဂျစ်ပြည်သို့ဆင်းသွားနေသည်ကို လှမ်းမြင်ရ၏။
မြစ်ရေကြီးသော်လည်း သူသည် ထိတ်လန့်ခြင်းမရှိ။ ဂျော်ဒန်မြစ်ရေသည် သူ့နှုတ်သီးကို အရှိန်နှင့်တိုက်သွားလျှင်ပင် သူမမှုပါ။
အစ္စရေးလူမျိုးကိုကား သူတို့စားကျက်မြေသို့ ပြန်ခေါ်လာမည်။ သူတို့သည် ကရမေလတောင်၊ ဗာရှန်တောင်၌ ကျက်စားကြလိမ့်မည်။ ဧဖရိမ်ပြည်၊ ဂိလဒ်ပြည်ရှိတောင်ကုန်းတို့၌ ဝလင်စွာစားရလိမ့်မည်”ဟု မိန့်တော်မူ၏။
ဟာမတ်မြို့၊ ဗေရောသာမြို့၊ ဒမတ်စကပ်မြို့နှင့် ဟာမတ်နယ်နိမိတ်ကြားရှိ သိဗရိမ်မြို့အထိရောက်၍ ဟောရန်နယ်နိမိတ်ရှိ ဟာဇာဟတ္တိကုန်မြို့အထိ ရောက်၏။
မြောက်ပိုင်းရန်သူကို သင်တို့နှင့်ဝေးစေမည်။ သူ့ကို လူသူကင်းမဲ့၍ တိတ်ဆိတ်သောပြည်သို့ နှင်ထုတ်မည်။ သူ၏တပ်ဦးစစ်သည်ကို အရှေ့ပင်လယ်ထဲသို့လည်းကောင်း၊ သူ၏နောက်ရံစစ်သည်ကို အနောက်ပင်လယ်ထဲသို့လည်းကောင်း နှင်ထုတ်မည်။ သူ့ထံမှအပုပ်နံ့၊ အသိုးနံ့တို့ ထွက်လိမ့်မည်။ အကြောင်းမူကား သူသည် အမှုကြီးကို ပြုလေပြီ”ဟု ပြန်လည်မိန့်ဆိုတော်မူမည်။
ရုဗင်သားမြေး၊ ဂဒ်သားမြေးတို့၌ တိရစ္ဆာန်မြောက်မြားစွာရှိ၏။ ယာဇာပြည်နှင့်ဂိလဒ်ပြည်ကို တိရစ္ဆာန်တို့အတွက် စားကျက်ကောင်းသောအရပ်ဖြစ်သည်ကို တွေ့မြင်လျှင်
အရှေ့ဘက်နယ်နိမိတ်ကို ဟာဇရေနန်မှရှေဖံအထိ ပိုင်းခြားရမည်။
ထိုအချိန်မှစ၍ သူတို့သည် ဂျော်ဒန်မြစ်တစ်ဖက်၊ အာမောရိလူမျိုးတို့၏နေရာဂိလဒ်ပြည်ရှိ အစ္စရေးအမျိုးသားတို့ကို တစ်ဆယ့်ရှစ်နှစ်ဖိနှိပ်ညှဉ်းဆဲကြ၏။