Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယော​လ 2:20 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

20 မြောက်ပိုင်း​ရန်သူ​ကို သင်​တို့​နှင့်​ဝေး​စေ​မည်​။ သူ့​ကို လူသူကင်းမဲ့​၍ တိတ်ဆိတ်​သော​ပြည်​သို့ နှင်ထုတ်​မည်​။ သူ​၏​တပ်ဦး​စစ်သည်​ကို အရှေ့​ပင်လယ်​ထဲသို့​လည်းကောင်း​၊ သူ​၏​နောက်ရံ​စစ်သည်​ကို အနောက်​ပင်လယ်​ထဲသို့​လည်းကောင်း နှင်ထုတ်​မည်​။ သူ့​ထံမှ​အပုပ်နံ့​၊ အသိုးနံ့​တို့ ထွက်​လိမ့်မည်​။ အကြောင်းမူကား သူ​သည် အမှု​ကြီး​ကို ပြု​လေ​ပြီ”​ဟု ပြန်လည်​မိန့်ဆို​တော်မူ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

20 ငါ​သည်​မြောက်​အ​ရပ်​မှ​လာ​သည့်​ကျိုင်း ကောင်​အုပ်​ကို ပယ်​ရှင်း​မည်။ ကျိုင်း​ကောင်​အ​ချို့​ကို​သဲ​ကန္တာ​ရ​ထဲ​သို့ နှင်​ထုတ်​မည်။ သူ​တို့​တပ်​ဦး​ပိုင်း​ကို​ပင်​လယ်​သေ​ထဲ​သို့ လည်း​ကောင်း၊ တပ်​နောက်​ပိုင်း​ကို​မြေ​ထဲ​ပင်​လယ် ထဲ​သို့​လည်း​ကောင်း​ကျ​စေ​မည်။ သူ​တို့​၏​ကိုယ်​ခန္ဓာ​များ​သည်​ပုပ်​စပ်​နံ​စော် လျက် နေ​လိမ့်​မည်။ သင်​တို့​အား​သူ​တို့​ပြု​ခဲ့​သည့်​အ​မှု​များ အ​တွက် ငါ​သည်​သူ​တို့​ကို​သုတ်​သင်​ဖျက်​ဆီး​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

20 အား ကြီး စွာ ပြု ခဲ့ သော ထို မြောက် ပိုင်း လာ တပ် ကို သင် တို့ မှ ကွာ ဝေး စေ လျက်၊ တပ် ဦး ကား၊ အ ရှေ့ ဘက် ပင် လယ်၊ တပ် မ ကား၊ အ နောက် ဘက် ပင် လယ်၌ မြုပ်၍၊ ပုပ် ညှီ နံ စော် သည့် တိုင် အောင်၊ သွေ့ ခြောက် ဆိတ် ညံ ရာ ပြည် သို့ မောင်း နှင် မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

20 မြောက်​မျက်​နှာ တပ်​သား​တို့​ကို သင်​တို့​နေ​ရာ​မှ ငါ​ပယ်​ရှား​မည်။ အ​ဘယ်​သူ​မျှ မ​ရှိ၊ သွေ့​ခြောက်​သော အ​ရပ်​သို့ နှင်​ထုတ်​မည်။ အ​ရှေ့​ပင်​လယ်​ကို မျက်​နှာ​ပြု​လျက်၊ အ​နောက်​ပင်​လယ်​ကို ကျော​ခိုင်း​လျက် ချီ​သွား​လိမ့်​မည်။ ပုပ်​စပ်​နံ​စော်​သော အ​နံ့​ထွက်​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် ကြီး​သော အ​မှု​တို့​ကို ပြု​တော်​မူ​မည်​ဟု မိန့်​တော်​မူ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယော​လ 2:20
15 ပူးပေါင်းရင်းမြစ်များ  

ဟာဇေလ​က​လည်း ဧလိရှဲ​အား “​ခွေး​မျှသာ​အဆင့်ရှိ​သော အရှင့်​အစေအပါး​အကျွန်ုပ်​က ဤ​အမှု​ကြီး​ကို အဘယ်သို့​ပြု​နိုင်​ပါ​မည်နည်း​”​ဟု ပြန်လျှောက်​လျှင် ဧလိရှဲ​က သူ့​အား “​သင်​သည် ဆီးရီးယား​ဘုရင် ဖြစ်လာ​မည်​ကို ငါ့​အား ထာဝရဘုရား​ဖော်ပြ​တော်မူ​ပြီ​”​ဟု ဆို​၏​။


ထာဝရဘုရား​သည် ငါ​တို့​အတွက် ကြီးမြတ်​သော​အမှု​ကို​ပြု​တော်မူ​ပြီ​။ ငါ​တို့​သည် ဝမ်းမြောက်​ကြ​၏​။


ထာဝရဘုရား​သည် အနောက်​လေ​ကို အပြင်းအထန်​တိုက်ခတ်​စေ​၍ ထို​လေ​သည် ကျိုင်းကောင်​များ​ကို​ဆောင်ယူ​သွား​ပြီး ပင်လယ်နီ​ထဲသို့​ချလိုက်​သဖြင့် အီဂျစ်​ပြည်​တစ်ပြည်လုံး​တွင် ကျိုင်းကောင်​တစ်​ကောင်​မျှ​မ​ကြွင်းကျန်​တော့​ပေ​။


ဖားသေကောင်​တို့​ကို အပုံလိုက် အပုံလိုက်​စုပုံ​ထား​ကြ​သဖြင့် တစ်ပြည်လုံး အပုပ်နံ့ထွက်​လေ​၏​။


သူ​တို့​ထဲမှ အသတ်ခံရ​သူ​တို့​ကို အပြင်​သို့​ပစ်​လိုက်​၍ သူ​တို့​အလောင်း​များ​မှ အပုပ်နံ့​များ​ထွက်လာ​မည်​။ တောင်​များ​ပေါ်၌ သွေးချောင်း​စီး​မည်​။


အရှေ့​ဘက်ခြမ်း​တွင် ဟောရန်​မြို့​နှင့်​ဒမတ်စကပ်​မြို့​ကြား​၊ ဂျော်ဒန်​မြစ်​တစ်လျှောက် ဂိလဒ်​ပြည်​နှင့်​အစ္စရေး​ပြည်​ကြား​မှ မြေထဲပင်လယ်​အရှေ့ဘက်​နယ်နိမိတ်​တိုင်အောင် တိုင်းတာ​ရ​မည်​။ ဤသည်ကား အရှေ့ဘက်​နယ်နိမိတ်​ဖြစ်​၏​။


“အီဂျစ်​ပြည်​အပေါ် ကပ်ရောဂါ​ဘေး​ကျရောက်​စေ​ခဲ့​သည့်​နည်းတူ သင်​တို့​၌ ငါ​ဖြစ်​စေ​၏​။ လူပျို​တို့​ကို ဓား​ဖြင့်​ကွပ်မျက်​ပြီး မြင်း​တို့​ကို​လည်း ဖမ်းသွား​ခြင်း​ခံရ​စေ​ပြီ​။ တပ်စခန်း​ထဲတွင် အပုပ်နံ့​လျှံ​စေ​၍ သင်​တို့​လည်း ရှူ​ကြ​ရ​ပြီ​။ ထိုသို့​ဖြစ်​သော်လည်း သင်​တို့​သည် ငါ့​ထံသို့​ပြန်​မ​လာ​ကြ”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။


ထို​နေ့ရက်​တွင် ဂျေရုဆလင်​မြို့​မှ အသက်စမ်းရေ စီးထွက်​လိမ့်မည်​။ ထို​ရေ​သည် နွေရာသီ​ဖြစ်စေ​၊ ဆောင်းရာသီ​ဖြစ်စေ အရှေ့​ပင်လယ်​သို့ တစ်ဝက်​၊ အနောက်​ပင်လယ်​သို့ တစ်ဝက် စီးဆင်း​လိမ့်မည်​။


“လောင်မီးပိုး​ကို ငါ​တားဆီး​မည်​။ သင်​တို့​မြေ​မှ​အသီးအနှံ​ကို မ​ဖျက်ဆီး​စေ​ရ​။ သင်​တို့​မြေ​မှ​စပျစ်ပင်​သည် အသီး​မ​သီး​ဘဲ​မ​နေ​ရ”​ဟု ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား မိန့်​တော်မူ​၏​။


သင်​တို့​ခြေချ​ရာ​မြေ​ဟူသမျှ​ကို သင်​တို့​ပိုင်ဆိုင်​ရ​လိမ့်မည်​။ သင်​တို့​၏​နယ်မြေ​သည် တောကန္တာရ​မှ လက်ဘနွန်​တောင်​တိုင်အောင်​၊ ယူဖရေးတီး​မြစ်​မှ အနောက်ဘက်​ပင်လယ်​တိုင်အောင် ဖြစ်​လိမ့်မည်​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ