ထာဝရဘုရား၏နာမတည်ရာ ကျောက်ယဇ်ပလ္လင်ကို တည်ပြီးလျှင် ယဇ်ပလ္လင်ပတ်ပတ်လည်တွင် မျိုးစေ့နှစ်စေအာလောက်ဆန့်သည့်မြောင်းတစ်ခုကို တူး၏။
ယေဇကျေလ 43:17 - မြန်မာ့စံမီသမ္မာကျမ်း ကိုယ်ထည်၏အောက်ခြေသည် စတုရန်းပုံဖြစ်၍ အလျားတစ်ဆယ့်လေးတောင်၊ အနံတစ်ဆယ့်လေးတောင် ရှိရမည်။ အနားကွပ်မှာ တစ်ထွာရှိရမည်။ အောက်ခြေပတ်ပတ်လည်မှာ တစ်တောင်ကျယ်ရမည်။ ယဇ်ပလ္လင်လှေကားထစ်များသည် အရှေ့ဘက်သို့မျက်နှာမူရမည်”ဟု မိန့်တော်မူ၏။ Common Language Bible အလယ်ဆင့်သည်လည်းစတုရန်းပုံသဏ္ဌာန် ပင်ဖြစ်၍အလျားအနံနှစ်ဆယ့်လေးပေစီ ရှိ၏။ ယင်းအဆင့်ပတ်လည်အနားတွင်အနက် ဆယ်ပေရှိသောဘောင်ရှိ၏။ (ရေစီးမြောင်းသည် လက်မနှစ်ဆယ်ကျယ်သတည်း။) ယဇ်ပလ္လင်သို့ တက်ရန်လှေကားမှာအရှေ့ဘက်၌ရှိ၏။ Garrad Bible ဗျက် တစ် ထွာ အ ကာ ရှိ သော၊ ကွက် လပ် အ နံ တစ် တောင် ကျယ် တ လင်း ထက် အ ရှေ့ ဘက်၌၊ လှေ ကား ရှိ ရ မည် ဟူ၍ တည်း။ Judson Bible အောက်အထစ်သည်လည်း စတုရန်းဖြစ်၍ အလျား တစ်ဆယ်လေးတောင်၊ အနံလည်း တစ်ဆယ်လေးတောင် ရှိရမည်။ အနားပတ်သည်လည်း အကျယ်တစ်ထွာရှိရမည်။ ဖိနပ်သည် ယဇ်ပလ္လင်ပတ်လည်၌ တစ်တောင်ထွက်၍၊ တက်ရာလမ်းသည် အရှေ့သို့ မျက်နှာပြုရမည်။ |
ထာဝရဘုရား၏နာမတည်ရာ ကျောက်ယဇ်ပလ္လင်ကို တည်ပြီးလျှင် ယဇ်ပလ္လင်ပတ်ပတ်လည်တွင် မျိုးစေ့နှစ်စေအာလောက်ဆန့်သည့်မြောင်းတစ်ခုကို တူး၏။
မြေညီထပ်ရှိဝင်ပေါက်မှာ အိမ်တော်၏ယာဘက်ခြမ်းတွင်ရှိ၏။ ကြောင်လိမ်လှေကားဖြင့် အလယ်ထပ်၊ တတိယထပ်တို့သို့ တက်ရောက်နိုင်၏။
ထို့နောက် ယေရွှာ၊ ဗာနိ၊ ကပ်မျေလ၊ ရှေဗနိ၊ ဗုန္နိ၊ ရှေရဘိ၊ ဗာနိ၊ ခေနနိတို့သည် လေဝိအမျိုးတို့၏စင်ပေါ်တွင်ရပ်၍ ဘုရားသခင်ထာဝရဘုရားထံ ကျယ်လောင်သောအသံဖြင့် အော်ဟစ်ဆုတောင်းကြ၏။
သင်တို့၏အရှက်မပေါ်မည့်အကြောင်း ငါ၏ယဇ်ပလ္လင်ပေါ်သို့ လှေကားဖြင့်မတက်ရ’ဟု မိန့်တော်မူ၏။
အနားပတ်ပတ်လည်၌ လက်တစ်ဝါးအကျယ်ရှိသောဘောင်ကိုလုပ်၍ ထိုဘောင်ပတ်ပတ်လည်ကို ရွှေဖြင့်ခြယ်လှယ်ရမည်။
ယဇ်ပလ္လင်၏အပေါ်ပိုင်းကိုလည်းကောင်း၊ ဘေးပတ်ပတ်လည်ကိုလည်းကောင်း၊ ချိုများကိုလည်းကောင်း ရွှေစင်ဖြင့်မွမ်းမံရမည်။ ယဇ်ပလ္လင်အပေါ်ပိုင်းပတ်ပတ်လည်ကို ရွှေဖြင့်ခြယ်လှယ်ရမည်။
ထို့နောက် အရှေ့မုခ်ဆောင်တံခါးဝသို့သွား၍ လှေကားကိုတက်ပြီးမှ တံခါးဝရှိ တံခါးခုံကိုတိုင်းရာ အနံကျူချောင်းတစ်ပြန်စာရှိ၏။ နောက်တံခါးခုံတစ်ခုမှာလည်း အနံကျူချောင်းတစ်ပြန်စာရှိ၏။
မြေပေါ်ရှိ အောက်ခြေအဆင့်မှ နောက်အဆင့်ငယ်တစ်ဆင့်မှာ နှစ်တောင်မြင့်၍ တစ်တောင်ကျယ်ရမည်။ ထိုအဆင့်ငယ်မှ ပို၍မြင့်သောအဆင့်မှာ လေးတောင်မြင့်၍ တစ်တောင်ကျယ်ရမည်။
‘နွားထီးပျို၏သွေးအချို့ကိုယူ၍ ယဇ်ပလ္လင်၏ချိုလေးခု၊ အဆင့်၏ထောင့်လေးထောင့်နှင့် အကွပ်ပတ်လည်တို့၌ သုတ်လိမ်းရမည်။ ဤသို့ဖြင့် ယဇ်ပလ္လင်ကို စင်ကြယ်စေရမည်။ ယဇ်ပလ္လင်အဖို့ အပြစ်ဖြေလွှတ်ခြင်းကို ပြုရမည်။
ယဇ်ပုရောဟိတ်သည် အပြစ်ဖြေရာယဇ်၏သွေးအချို့ကိုယူ၍ အိမ်တော်၏တံခါးတိုင်၊ ယဇ်ပလ္လင်၏ထောင့်လေးထောင့်နှင့် အတွင်းဝင်းတံခါးတိုင်တွင် သုတ်ရမည်။
တစ်ဖန် ငါ့ကို ထာဝရဘုရား၏အိမ်တော်ဝင်းအတွင်းသို့ ဆောင်သွားရာ လူနှစ်ဆယ့်ငါးယောက်ခန့်သည် ဆင်ဝင်နှင့် ယဇ်ပလ္လင်ကြားရှိ ထာဝရဘုရား၏ဗိမာန်တော်တံခါးဝတွင် ထာဝရဘုရား၏ဗိမာန်တော်ကို ကျောခိုင်းပြီး အရှေ့အရပ်သို့မျက်နှာမူ၍ အရှေ့အရပ်ရှိနေမင်းအား ရှိခိုးကိုးကွယ်ကြသည်ကို တွေ့ရ၏။