ယေဇကျေလ 43:17 - Common Language Bible17 အလယ်ဆင့်သည်လည်းစတုရန်းပုံသဏ္ဌာန် ပင်ဖြစ်၍အလျားအနံနှစ်ဆယ့်လေးပေစီ ရှိ၏။ ယင်းအဆင့်ပတ်လည်အနားတွင်အနက် ဆယ်ပေရှိသောဘောင်ရှိ၏။ (ရေစီးမြောင်းသည် လက်မနှစ်ဆယ်ကျယ်သတည်း။) ယဇ်ပလ္လင်သို့ တက်ရန်လှေကားမှာအရှေ့ဘက်၌ရှိ၏။ အခန်းကိုကြည့်ပါ။Garrad Bible17 ဗျက် တစ် ထွာ အ ကာ ရှိ သော၊ ကွက် လပ် အ နံ တစ် တောင် ကျယ် တ လင်း ထက် အ ရှေ့ ဘက်၌၊ လှေ ကား ရှိ ရ မည် ဟူ၍ တည်း။ အခန်းကိုကြည့်ပါ။Judson Bible17 အောက်အထစ်သည်လည်း စတုရန်းဖြစ်၍ အလျား တစ်ဆယ်လေးတောင်၊ အနံလည်း တစ်ဆယ်လေးတောင် ရှိရမည်။ အနားပတ်သည်လည်း အကျယ်တစ်ထွာရှိရမည်။ ဖိနပ်သည် ယဇ်ပလ္လင်ပတ်လည်၌ တစ်တောင်ထွက်၍၊ တက်ရာလမ်းသည် အရှေ့သို့ မျက်နှာပြုရမည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း17 ကိုယ်ထည်၏အောက်ခြေသည် စတုရန်းပုံဖြစ်၍ အလျားတစ်ဆယ့်လေးတောင်၊ အနံတစ်ဆယ့်လေးတောင် ရှိရမည်။ အနားကွပ်မှာ တစ်ထွာရှိရမည်။ အောက်ခြေပတ်ပတ်လည်မှာ တစ်တောင်ကျယ်ရမည်။ ယဇ်ပလ္လင်လှေကားထစ်များသည် အရှေ့ဘက်သို့မျက်နှာမူရမည်”ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
သို့ဖြစ်၍ကိုယ်တော်သည်ငါ့အား ဗိမာန်တော်အတွင်းတံတိုင်းသို့ခေါ်ဆောင်သွားတော်မူ၏။ ဗိမာန်တော်အဝင်ဝအနီးယဇ်ပလ္လင်နှင့်ဆင်ဝင်စပ်ကြား၌ လူနှစ်ဆယ့်ငါးယောက်ခန့်ရှိ၏။ သူတို့သည်ဗိမာန်တော်ကိုကျောခိုင်းလျက်အရှေ့ဘက်သို့မျက်နှာမူလျက် ထွက်ပြူလာသောနေမင်းအားရှိခိုးနေကြ၏။