အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ယေ​ဇ​ကျေ​လ 36:9 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ငါ​သည် သင်​တို့​နှင့်အတူ​ရှိ​မည်​။ သင်​တို့​ထံ ပြန်လှည့်​လာ​မည်​။ သင်​တို့​ပေါ်တွင် ထွန်ယက်​စိုက်ပျိုး​မည်​။

အခန်းကိုကြည့်ပါ။

Common Language Bible

ငါ​သည်​သင်​တို့​ကို​ဂ​ရု​စိုက်​၍​သင်​တို့​ဘက် ၌​ရှိ​၏။ သင်​တို့​၏​လယ်​ယာ​များ​ကို ဧ​ကန် မု​ချ​ထွန်​ယက်​စိုက်​ပျိုး​လုပ်​ကိုင်​စေ​မည်။-

အခန်းကိုကြည့်ပါ။

Garrad Bible

သင့် ဘက်၌ နေ သော ငါ သည် လှည့် ဝင်၍၊ လယ် လုပ် ခြင်း၊ မျိုး ကြဲ ခြင်း ခံ ရ မည့် သင့် အ ပေါ် တွင်၊

အခန်းကိုကြည့်ပါ။

Judson Bible

ငါ​သည် သင်​တို့​ဘက်၌​နေ၍ သင်​တို့​ရှိ​ရာ​သို့ ပြန်​လာ​သ​ဖြင့်၊ သင်​တို့​အ​ပေါ်​မှာ လယ်​လုပ်၍ မျိုး​စေ့​ကြဲ​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။



ယေ​ဇ​ကျေ​လ 36:9
13 ပူးပေါင်းရင်းမြစ်များ  

ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​သည် ငါ​တို့​နှင့်အတူ​ရှိ​တော်မူ​၏​။ ယာကုပ်​၏​ဘုရားသခင်​သည် ငါ​တို့​၏​ခိုကိုး​ရာ​ဖြစ်​တော်မူ​၏​။(​စေလာ)


အကျွန်ုပ်​တို့​၏​ဘုရားသခင် ထာဝရဘုရား​၊ ကိုယ်တော်​သည် သူ​တို့​ကို ထူး​တော်မူ​၏​။ ကိုယ်တော်​သည် သူ​တို့​ပြု​သော​မကောင်းမှု​များ​အတွက် အပြစ်ပေး​သော်လည်း သူ​တို့​ကို ခွင့်လွှတ်​သော ဘုရားသခင်​ဖြစ်​တော်မူ​၏​။


ထာဝရဘုရား​က “​ကြည့်ရှု​လော့​။ အစ္စရေး​အမျိုးအနွယ်​နှင့်​ယုဒ​အမျိုးအနွယ်​တို့​တွင် လူသား​မျိုးစေ့​နှင့်​တိရစ္ဆာန်​မျိုးစေ့​တို့​ကို ငါ​ကြဲ​မည့်​အချိန် ရောက်လာ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။


ထို​ပြည်​တွင် ဘေးကင်းလုံခြုံ​စွာ​နေ​ရ​လိမ့်မည်​။ အိမ်​များ​ကို ဆောက်​ကြ​လိမ့်မည်​။ စပျစ်ခြံ​များ စိုက်ပျိုး​ကြ​လိမ့်မည်​။ သူ​တို့​ဝန်းကျင်​တွင်​နေထိုင်​၍ သူ​တို့​ကို မထီမဲ့မြင်ပြု​ခဲ့​သော​လူ​များ​ကို ငါ​ဒဏ်ခတ်​သောအခါ သူ​တို့​သည် စိတ်အေးလက်အေး နေထိုင်​ရ​လိမ့်မည်​။ သို့မှ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း သူ​တို့​သိ​ကြ​လိမ့်မည်​’​ဟူ၍ မိန့်​တော်မူ​သည်”​ဟု မိန့်ဆို​၏​။


ကောင်း​သော​စားကျက်မြေ​တွင် သူ​တို့​ကို ကျွေးမွေး​မည်​။ မြင့်မား​သော​အစ္စရေး​တောင်တန်း​များ​သည် သူ​တို့​ကျက်စား​ရာ​နေရာ​ဖြစ်​လိမ့်မည်​။ ကောင်း​သော​စားကျက်မြေ​တွင်​နေ​ရ​၍ စိမ်းလန်း​သော​ကျက်စား​ရာ အစ္စရေး​တောင်တန်း​များ​ပေါ်တွင် သူ​တို့​ကျက်စား​ရ​ကြ​လိမ့်မည်’​ဟု မိန့်​တော်မူ​၏​။


ဖြတ်သန်းသွားလာ​သော​သူ​တို့​၏​အမြင်​တွင် တိတ်ဆိတ်​ခြောက်ကပ်​၍ လူသူကင်းမဲ့​သော​မြေ​ကို ထွန်ယက်​စိုက်ပျိုး​သော​မြေ ဖြစ်​စေ​မည်​။


ထို​နေ့ရက်​ကာလ​တွင် တောင်​များ​ပေါ်မှ စပျစ်ဝိုင်​အသစ်​ယိုစီး​၍ တောင်ကုန်း​များ​မှ နို့ရည်​စီးကျ​လိမ့်မည်​။ ယုဒ​မြစ်ချောင်း​ရှိသမျှ​တို့​သည် ရေ​များ​စီးဆင်း​နေ​လိမ့်မည်​။ စမ်းရေ​သည်​လည်း ထာဝရဘုရား​အိမ်​တော်​မှ စီးထွက်​၍ ရှိတ္တိမ်​လွင်ပြင်​ကို ရေဝ​စေ​လိမ့်မည်​။


ငါ​သည် သင်​တို့​ကို ကြည့်ရှု​မည်​။ သင်​တို့​ကို တိုးပွား​များပြား​စေ​မည်​။ သင်​တို့​နှင့်​ဖွဲ့​ခဲ့​သော​ငါ​၏​ပဋိညာဉ်​ကို ငါ​တည်​စေ​မည်​။


စပါးကျီ​ထဲ၌ မျိုးစေ့​ရှိ​သေး​သလော​။ စပျစ်ပင်​၊ သဖန်းပင်​၊ သလဲပင်​နှင့် သံလွင်ပင်​တို့ အသီး​မ​သီး​လျှင်​လည်း ယနေ့​မှစ၍ သင်​တို့​ကို ငါ​ကောင်းချီးပေး​မည်’​ဟူ၍ ထာဝရဘုရား​မိန့်​တော်မူ​ပြီ”​ဟု ပြန်ပြော​၏​။


အေးချမ်း​စွာ​မျိုးစေ့​ကြဲ​ရ​လိမ့်မည်​။ စပျစ်ပင်​သည် အသီး​သီး​လိမ့်မည်​။ မြေကြီး​သည်​လည်း အသီးအနှံ​ကို ဖြစ်ထွန်း​စေ​လိမ့်မည်​။ မိုးကောင်းကင်​မှ နှင်းကျ​လိမ့်မည်​။ ငါ​သည် ကြွင်းကျန်​သော​ဤ​လူမျိုး​တို့​အား ဤ​အရာ​အားလုံး​တို့​ကို အမွေ​ခံစား​ရ​စေ​မည်​။


သို့ဖြစ်လျှင် ဤ​အရာ​များ​ကို​ထောက်၍ မည်သို့​ဆို​ရ​မည်နည်း။ ဘုရားသခင်​သည် ငါ​တို့​ဘက်​၌​ရှိ​တော်မူ​လျှင် မည်သူ​သည် ငါ​တို့​ကို ဆန့်ကျင်​နိုင်​မည်နည်း။