ယေဇကျေလ 34:14 - မြန်မာ့စံမီသမ္မာကျမ်း14 ကောင်းသောစားကျက်မြေတွင် သူတို့ကို ကျွေးမွေးမည်။ မြင့်မားသောအစ္စရေးတောင်တန်းများသည် သူတို့ကျက်စားရာနေရာဖြစ်လိမ့်မည်။ ကောင်းသောစားကျက်မြေတွင်နေရ၍ စိမ်းလန်းသောကျက်စားရာ အစ္စရေးတောင်တန်းများပေါ်တွင် သူတို့ကျက်စားရကြလိမ့်မည်’ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Common Language Bible14 တောင်ပေါ်မြက်ခင်းများ၊ ဣသရေလပြည် စိမ်းလန်းသောစားကျက်များတွင်ကျက်စား စေမည်။ ကောင်းသောစားကျက်များတွင်လဲ လျောင်းစေ၍ စိမ်းလန်းသောစားကျက်များ တွင်ကျက်စားစေမည်။- အခန်းကိုကြည့်ပါ။Garrad Bible14 ကောင်း မွန် သော စား ကျက် များ တွင် ငါ ထိန်း ကျောင်း၍၊ ဣ သ ရေ လ တောင် တန်း အ ထွဋ် ပေါ် မှာ ခြံ သွင်း မည့် အ လျောက်၊ ကောင်း မွန် သော ခြံ၌ ဝပ် နေ ခွင့်၊ ဣ သ ရေ လ တောင် တန်း ရှိ စိမ်း လန်း သော စား ကျက်၌ ကျက် စား ခွင့် ရ ကြ လ တ္တံ့။ အခန်းကိုကြည့်ပါ။Judson Bible14 ကောင်းသော ကျက်စားရာအရပ်၌ ကျွေးမွေးမည်။ မြင့်သော ဣသရေလတောင်တို့အပေါ်မှာ သူတို့ခြံရှိလိမ့်မည်။ သူတို့သည် ဣသရေလတောင်တို့အပေါ်မှာ ကောင်းသောခြံ၌အိပ်၍၊ ကြွယ်ဝသော ကျက်စားရာ၌ ကျက်စားကြလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
ထိုပြည်တွင် ဘေးကင်းလုံခြုံစွာနေရလိမ့်မည်။ အိမ်များကို ဆောက်ကြလိမ့်မည်။ စပျစ်ခြံများ စိုက်ပျိုးကြလိမ့်မည်။ သူတို့ဝန်းကျင်တွင်နေထိုင်၍ သူတို့ကို မထီမဲ့မြင်ပြုခဲ့သောလူများကို ငါဒဏ်ခတ်သောအခါ သူတို့သည် စိတ်အေးလက်အေး နေထိုင်ရလိမ့်မည်။ သို့မှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သူတို့သိကြလိမ့်မည်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။
တောထဲရှိအပင်တို့သည် အသီးသီးလိမ့်မည်။ မြေကြီးသည် အသီးအနှံကို ဖြစ်ထွန်းစေမည်။ သူတို့သည် နေရင်းပြည်တွင် ဘေးကင်းလုံခြုံစွာနေရလိမ့်မည်။ သူတို့ထမ်းထားရသောထမ်းပိုးကိုချိုး၍ သူတို့အားကျွန်ပြုသောသူတို့လက်မှ သူတို့ကို ကယ်နုတ်သောအခါ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သူတို့သိကြလိမ့်မည်။
ငြိမ်းချမ်းသောကာလတွင် သူသည် ချမ်းသာကြွယ်ဝသောနိုင်ငံကြီးကို ဝင်တိုက်လိမ့်မည်။ သူ၏ဘိုးဘေးများနှင့် ဘိုးဘေးတို့၏ဘိုးဘေးများပင် မပြုသောအမှုကို သူပြုလိမ့်မည်။ တိုက်ခိုက်သိမ်းပိုက်ထားသောဥစ္စာပစ္စည်းတို့ကို ခွဲဝေပေးလိမ့်မည်။ ခံတပ်မြို့တို့ကို လုပ်ကြံသိမ်းယူလိမ့်မည်။ သို့သော် တစ်ခဏသာ ဖြစ်လိမ့်မည်။