အကြောင်းမူကား ကိုယ်တော်သည် လူကို သူ၏လုပ်ဆောင်မှုအတိုင်း ပြန်ပေးဆပ်စေမည်။ လူကို သူ၏အကျင့်အတိုင်း ပြန်ခံရစေမည်။
ယေဇကျေလ 33:20 - မြန်မာ့စံမီသမ္မာကျမ်း သင်တို့က ‘ထာဝရဘုရား၏နည်းလမ်းတော်သည် မတရား’ဟု ဆိုတတ်ကြပါသည်တကား။ အို အစ္စရေးအမျိုးအနွယ်တို့၊ သင်တို့လျှောက်သည့်လမ်းများအတိုင်း သင်တို့အသီးသီးကို ငါစီရင်မည်”ဟု မိန့်ဆို၏။ Common Language Bible သို့ရာတွင်အချင်းဣသရေလအမျိုး သားတို့၊ သင်တို့ကထာဝရဘုရားပြု သောအမှုသည်မဖြောင့်မတ်ဟုဆိုကြ ၏။ ငါသည်သင်တို့ပြုသောအမှုကိုထောက် ၍ သင်တို့အားတရားစီရင်မည်'' ဟုမိန့် တော်မူ၏။ Garrad Bible အ ရှင် ဘု ရား၏ တ ရား နည်း လမ်း တော် မ ဖြောင့် ဟု ဆို လေ့ ရှိ သော၊ အို ဣ သ ရေ လ အ မျိုး သား တို့၊ အ သီး အ သီး အ လေ့ အ လာ အ လိုက်၊ သင် တို့ ကို ငါ တ ရား စီ ရင် မည့် အ ကြောင်း၊ ဆင့် ဆို လော့ ဟူ၍ တည်း။ Judson Bible သို့သော်လည်း၊ သင်တို့က၊ ထာဝရဘုရား စီရင်ချက်မဖြောင့်ဟု ဆိုကြသည်တကား။ အို ဣသရေလအမျိုးသားတို့၊ သင်တို့အသီးအသီး ပြုကြသည်အတိုင်း ငါစီရင်မည်ဟု မိန့်တော်မူ၏။ |
အကြောင်းမူကား ကိုယ်တော်သည် လူကို သူ၏လုပ်ဆောင်မှုအတိုင်း ပြန်ပေးဆပ်စေမည်။ လူကို သူ၏အကျင့်အတိုင်း ပြန်ခံရစေမည်။
အို ဘုရားရှင်၊ မေတ္တာကရုဏာကို ကိုယ်တော်ပိုင်တော်မူ၏။ အကြောင်းမူကား ကိုယ်တော်သည် လူအသီးသီးတို့အား မိမိတို့ပြုသောအမှုနှင့်အညီ အကျိုးအပြစ်ကို ဆပ်ပေးတော်မူ၏။
လူသည် မိမိ၏မိုက်မဲမှုကြောင့် မိမိလမ်းခရီးမှားယွင်းချွတ်ချော်သောအခါပင် သူ၏စိတ်နှလုံးတွင် ထာဝရဘုရားကိုစိတ်ဆိုးတတ်၏။
အကြောင်းမူကား ဘုရားသခင်သည် ကောင်းသောအမှုဖြစ်စေ၊ မကောင်းသောအမှုဖြစ်စေ၊ ဝှက်ထားသောအမှုအားလုံးအပါအဝင် ခပ်သိမ်းသောအမှုတို့ကို တရားသဖြင့်စီရင်တော်မူလိမ့်မည်။
သင်တို့က ဘုရားရှင်၏နည်းလမ်းတော်သည် မတရားဟု ဆိုတတ်ကြပါသည်တကား။ အို အစ္စရေးအမျိုး၊ နားထောင်လော့။ ငါ့နည်းလမ်းက မတရားသလော။ သင်တို့နည်းလမ်းကသာ မတရားဖြစ်သည်မဟုတ်လော။
အချင်းလူသား၊ သင်၏အမျိုးသားချင်းတို့အား ‘ဖြောင့်မတ်သောသူသည် သူအပြစ်ကျူးလွန်မိသောအခါ သူ၏ဖြောင့်မတ်ခြင်းသည် သူ့ကို ကယ်တင်မည်မဟုတ်။ ဆိုးယုတ်သောသူသည်လည်း သူ၏ဆိုးယုတ်ခြင်းလမ်းမှ ပြန်လှည့်သောအခါ သူပြုခဲ့သောဆိုးယုတ်မှုသည် သူ့အား ပြိုလဲစေမည်မဟုတ်။ ဖြောင့်မတ်သောသူ အပြစ်ပြုသောအခါ အသက်ရှင်ခွင့်ရမည်မဟုတ်’ဟု ပြောကြားလော့။
သင့်အမျိုးသားချင်းတို့က ‘ဘုရားရှင်၏နည်းလမ်းတော်သည် တရားမျှတမှုမရှိ’ဟု ဆိုတတ်ကြ၏။ စင်စစ် သူတို့၏နည်းလမ်းကသာ တရားမျှတမှုမရှိ။
ဆိုးယုတ်သောသူသည်လည်း ဆိုးယုတ်မှုမှပြန်လှည့်၍ တရားသောအမှု၊ ဖြောင့်မတ်သောအမှုကိုပြုလျှင် ထိုအမှုကြောင့် သူအသက်ရှင်ရမည်။
မကြာမီ ငါ့ဒေါသကို သင့်အပေါ် သွန်ချမည်။ ငါ့အမျက်ကို သင့်အပေါ် အကုန်ဖွင့်ချမည်။ သင်ပြုခဲ့သည့်အတိုင်း သင့်ကို ငါစီရင်မည်။ သင်ပြုခဲ့သော စက်ဆုပ်ရွံရှာဖွယ်အလုံးစုံကို သင့်အား ပြန်ပေးဆပ်စေမည်။
အကြောင်းမူကား လူ့သားသည် မိမိ၏ကောင်းကင်တမန်များနှင့်အတူ မိမိခမည်းတော်၏ဘုန်းအသရေကိုဆောင်လျက် ကြွလာလိမ့်မည်။ ထိုအခါ လူအသီးသီးတို့အား သူတို့၏လုပ်ဆောင်မှုနှင့်အညီ အကျိုးအပြစ်ကိုပေးတော်မူလိမ့်မည်။
ထွက်လာမည့်အချိန်ရောက်လာလိမ့်မည်။ ကောင်းသောအမှုကိုပြုသောသူတို့သည် အသက်ရှင်ခြင်းနှင့်ဆိုင်သောရှင်ပြန်ထမြောက်ခြင်းသို့လည်းကောင်း၊ ဆိုးညစ်သောအမှုကိုပြုကျင့်သောသူတို့သည် အပြစ်စီရင်ခြင်းနှင့်ဆိုင်သောရှင်ပြန်ထမြောက်ခြင်းသို့လည်းကောင်း အသီးသီးထွက်လာကြလိမ့်မည်။
အကြောင်းမူကား ငါတို့အားလုံးသည် ကိုယ်ခန္ဓာ၌ရှိစဉ် ပြုကျင့်သည့်အတိုင်း ကောင်းသောအမှုအတွက်ဖြစ်စေ၊ ဆိုးညစ်သောအမှုအတွက်ဖြစ်စေ အကျိုးအပြစ်ကို အသီးသီးခံစားရရန် ခရစ်တော်၏တရားပလ္လင်ရှေ့၌ ပေါ်လာကြရမည်။
“ကြည့်ရှုလော့။ ငါသည်အလျင်အမြန်လာမည်။ ငါပေးမည့်အကျိုးအပြစ်ကိုယူဆောင်လာ၍ လူအသီးသီးတို့အား မိမိတို့ပြုသောအမှုအတိုင်း ငါပေးဆပ်မည်။